အာရေဗီယန်တေးသွားတွေနဲ့ ကခုန်တော့မယ့် စီရော်နယ်ဒိုကို မြင်ရတော့မှာလား

မန်ယူတိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုကို ပေါင် ၁၈၆ သန်းအထိ တန်ကြေးရှိ တဲ့ ၃ နှစ်စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းမှုတစ်ခု ရှိလာပြီဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် သတင်းဌာန တစ်ခုက ဖော်ပြခဲ့ပါတယ်။

ပေါက်ကွဲအား ကောင်းတဲ့ အင်တာဗျူးအစီအစဉ် ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း မန်ယူနဲ့အတူ နှစ်ဦး သဘောတူ လမ်းခွဲပြီးတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ်တူဂီတိုက်စစ်မှူးကို ဆော်ဒီအာရေဗျကလပ်

အယ်လ်နက်ဆာ အသင်းက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ Sportbible က ရေးသားဖော်ပြခဲ့တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာတဲ့ စီရော်နယ်ဒိုဟာ

လက်ရှိအချိန်မှာ အသက် ၃၇ နှစ်အရွယ်ကို ရောက်လာပြီဖြစ်ပေမဲ့ ဈေးကွက်ဝေစုနဲ့ သြဇာလွှမ်းမိုးမှု အပိုင်းမှာတော့ ကမ္ဘာ့ဘောလုံးပရိသတ်တွေ ရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်ဆဲဖြစ်တာကြောင့် ပေါ်တူဂီသားရဲ့

ပုံရိပ်ကို အသုံးချပြီး အသင်းကို နာမည်ကြီးအောင် လုပ်ချင်နေတဲ့ အသင်းမျိုးတွေ အတွက်တော့ မက်လောက်စရာ အနေအထားဖြစ်နေတာပါ။ စီရော်နယ်ဒိုကို စိတ်ဝင်စားနေတဲ့ အထဲမှာ ငွေကို ရေလိုသုံးနိုင်တဲ့

ကလပ်အသင်းတွေအပြင် နယူးကာဆယ်၊ ချဲလ်ဆီးတို့လို ပရီးမီးယားလိဂ် အသင်းတွေတောင် ပါဝင်နေ ပါတယ်။ ဒါပေမဲ့ မန်ယူနဲ့ ရှိခဲ့ပြီးဖြစ်တဲ့ အငြင်းပွားစရာ ကိစ္စမျိုးတွေကြောင့် ပရီးမီးယားလိဂ်ကလပ်တွေကတော့

ရီးရဲလ်တိုက်စစ်မှူးဟောင်းကို ချဉ်းကပ် တဲ့နေရာမှာ တော်တော်လေး သတိကြီးကြီးနဲ့ လုပ်ဆောင်ဖို့ ရှိနေပါတယ်။ အရှေ့အလယ်ပိုင်းဒေသနိုင်ငံမှာတော့ စီရော်နယ်ဒိုကို ရဖို့ဆိုရင် အစိုးရအဖွဲ့ဝင် ဝန်ကြီးကိုယ်တိုင်က

အား စိုက်လုပ်ဆောင်ဖို့ရှိနေတဲ့ ဆော်ဒီအာရေဗျကဟာ လာမယ့် ဇန်နဝါရီမှာ စီရော်နယ်ဒိုကို အသင်းဆီ အရောက်ခေါ်ဖို့အတွက် ကြိုးစားမှာ သေချာနေ ပါတယ်။ တကယ်လို့ စီရော်နယ်ဒိုဟာ အခုလက်ရှိ

ကမ်းလှမ်းခဲ့တဲ့ စာချုပ် အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင်တော့ အသက် ၄၀ အရွယ်အထိ ဘောလုံးက စားနေရဦးမှာဖြစ်ပြီး လာမယ့် ၃ နှစ်အတွင်းမှာလည်း အမေရိကန် ဒေါ်လာ ၂၂၅ သန်းနဲ့ ညီမျှတဲ့ လုပ်ခလစာ

နှုန်းထားကိုလည်း လက်ဝယ်ပိုင်ဆိုင်တော့ မှာ ဖြစ်ပါတယ်။

(Zawgyi)

အာေရဗီယန္ေတးသြားေတြနဲ႔ ကခုန္ေတာ့မယ့္ စီေရာ္နယ္ဒုိကုိ ျမင္ရေတာ့မွာလား

မန္ယူတုိက္စစ္္မွဴးေဟာင္း စီေရာ္နယ္ဒုိကုိ ေပါင္ ၁၈၆ သန္းအထိ တန္ေၾကးရွိ တဲ့ ၃ ႏွစ္စာခ်ဳပ္တစ္ရပ္နဲ႔ ကမ္းလွမ္းမႈတစ္ခု ရွိလာၿပီျဖစ္တယ္လုိ႔ ၿဗိတိန္အ ေျခစိုက္ သတင္းဌာန တစ္ခုက ေဖာ္ျပခဲ့ပါတယ္။

ေပါက္ကြဲအား ေကာင္းတဲ့ အင္တာဗ်ဴးအစီအစဥ္ ထြက္ေပၚလာၿပီးတဲ့ေနာက္ပုိင္း မန္ယူနဲ႔အတူ ႏွစ္ဦး သေဘာတူ လမ္းခြဲၿပီးတဲ့ေနာက္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ေပၚတူဂီတုိက္စစ္ မွဴးကုိ

ေဆာ္ဒီအာေရဗ်ကလပ္ အယ္လ္နက္ဆာ အသင္းက ကမ္းလွမ္းခဲ့တာ ျဖစ္တယ္လုိ႔ Sportbible က ေရးသားေဖာ္ျပခဲ့တာပါ။ ကမာၻ႔ဖလားၿပိဳင္ပြဲ ၅ ႀကိမ္ဆက္တုိက္ ဂုိးသြင္းႏုိင္ခဲ့တဲ့ ပထမဆုံး

ကစားသမားျဖစ္လာတဲ့ စီေရာ္ နယ္ဒုိဟာ လက္ရွိအခ်ိန္မွာ အသက္ ၃၇ ႏွစ္အရြယ္ကုိ ေရာက္လာၿပီျဖစ္ေပမဲ့ ေစ်းကြက္ေ၀စုနဲ႔ ၾသဇာလႊမ္းမုိးမႈ အပုိင္းမွာေတာ့

ကမာၻ႔ေဘာလုံးပရိသတ္ေတြ ရဲ႕ ႏွလုံးသားကုိ ဖမ္းစားထားႏုိင္ဆဲျဖစ္တာေၾကာင့္ ေပၚတူဂီသားရဲ႕ ပုံရိပ္ကုိ အသုံးခ်ၿပီး အသင္းကို နာမည္ႀကီးေအာင္ လုပ္ခ်င္ေနတဲ့ အသင္းမ်ဳိးေတြ

အတြက္ေတာ့ မက္ေလာက္စရာ အေနအထားျဖစ္ေနတာပါ။ စီေရာ္နယ္ဒုိကုိ စိတ္၀င္စားေနတဲ့ အထဲမွာ ေငြကို ေရလုိသုံးႏုိင္တဲ့ ကလပ္အသင္းေတြအျပင္ နယူးကာဆယ္၊ ခ်ဲလ္ဆီးတုိ႔လုိ

ပရီးမီးယားလိဂ္ အသင္းေတြေတာင္ ပါ၀င္ေန ပါတယ္။ ဒါေပမဲ့ မန္ယူနဲ႔ ရွိခဲ့ၿပီးျဖစ္တဲ့ အျငင္းပြားစရာ ကိစၥမ်ဳိးေတြေၾကာင့္ ပရီးမီးယားလိဂ္ကလပ္ေတြကေတာ့ ရီးရဲလ္တုိက္စစ္မွဴးေဟာင္းကုိ ခ်ဥ္းကပ္

တဲ့ေနရာမွာ ေတာ္ေတာ္ေလး သတိႀကီးႀကီးနဲ႔ လုပ္ေဆာင္ဖုိ႔ ရွိေနပါတယ္။ အေရွ႕အလယ္ပုိင္းေဒသႏုိင္ငံမွာေတာ့ စီေရာ္နယ္ဒုိကုိ ရဖုိ႔ဆုိရင္

အစိုးရအဖြဲ႕၀င္ ၀န္ႀကီးကုိယ္တုိင္က အား စုိက္လုပ္ေဆာင္ဖုိ႔ရွိေနတဲ့ ေဆာ္ဒီအာေရဗ်ကဟာ လာမယ့္ ဇန္န၀ါရီမွာ စီေရာ္နယ္ဒုိကုိ အသင္းဆီ အေရာက္ေခၚဖုိ႔အတြက္ ႀကိဳးစားမွာ ေသခ်ာေန ပါတယ္။

တကယ္လုိ႔ စီေရာ္နယ္ဒုိဟာ အခုလက္ရွိ ကမ္းလွမ္းခဲ့တဲ့ စာခ်ဳပ္ အတုိင္း ျဖစ္လာခဲ့မယ္ဆုိရင္ေတာ့ အသက္ ၄၀ အရြယ္အထိ ေဘာလုံးက စားေနရဦးမွာျဖစ္ၿပီး လာမယ့္ ၃ ႏွစ္အတြင္းမွာလည္း

အေမရိကန္ ေဒၚလာ ၂၂၅ သန္းနဲ႔ ညီမွ်တဲ့ လုပ္ခလစာ ႏႈန္းထားကိုလည္း လက္၀ယ္ပုိင္ဆုိင္ေတာ့ မွာ ျဖစ္ပါတယ္။