အာဖရီကန်ဖြစ်နေလို့ ထိုက်သင့်တဲ့လစာ ဆာလာ ရမှာမဟုတ်ဘူးလို့ဆို

လီဗာပူးတိုက်စစ်မှူး ဆာလာအနေနဲ့ အာဖရီကန်ဖြစ်နေတာကြောင့်

ထိုက်သင့်တဲ့လစာမျိုး ရမှာမဟုတ်ဘူးလို့
လီဗာပူးတိုက်စစ်မှူးဟောင်း အယ်လ်ဟာဂျီဒီအော့ဖ်က
ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်လိုက်ပါတယ်။
ဆာလာဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းနဲ့ဆွေးနွေးမှု
အဆင်မပြေဖြစ်နေပြီး သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းက

၂၀၂၃ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဆီနီဂေါဂန္ထဝင်တိုက်စစ်မှူး ဒီအော့ဖ်က
ဆာလာအနေနဲ့ အာဖရိကသားဖြစ်နေတာကြောင့်
ထိုက်သင့်တဲ့လစာမျိုး ဘယ်တော့မှရမှာမဟုတ်ဘူးလို့ သတိပေးပါတယ်။
ဒါပေမဲ့ ဒီအော့ဖ်က ဘာစီလိုနာနဲ့ ရီးရဲလ်တို့ရဲ့

စိတ်ဝင်စားခြင်းခံနေရတဲ့ ဆာလာအနေနဲ့ လီဗာပူးမှာပဲ
ဆက်ကစားဖို့ တိုက်တွန်းခဲ့ပြီး အန်ဖီးလ်မှာဆက်ကစားရင်
လစာပိုရနိုင်သလို အောင်မြင်မှုတွေလည်း ဆက်လက်ရနိုင်တယ်လို့ ထောက်ခံပါတယ်။
”လီဗာပူးအနေနဲ့ ဆာလာရဲ့တောင်းဆိုမှုကို
မဖြစ်မနေလက်သင့်ခံပေးရပါမယ်။

ကျွန်တော်သာ ဆာလာဆိုရင် လီဗာပူးမှာပဲ
ဆက်ကစားမှာဖြစ်ပြီး သူ့အနေနဲ့
လစာလည်း ပိုရနိုင်ပါတယ်။
သူဟာ လီဗာပူးမှာ မာနေးနဲ့အတူ
အသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး

သူတို့နှစ်ယောက်ပေါင်းပြီး ဆုဖလားတွေ ထပ်ရနိုင်ပါသေးတယ်။
သူက အသက် ၂၉ နှစ်ရှိပြီဖြစ်ပေမယ့် လီဗာပူးမှာ
နောက်ထပ် ၄နှစ်လောက် ဆက်ကစားဖို့ ပြောထားပါတယ်။
ရီးရဲလ်ကို ပြောင်းမယ်ဆိုရင် သူ့အနေနဲ့
အစကနေ ပြန်စရမှာဖြစ်ပါတယ်”လို့ ဒီအော့ဖ်က ပြောပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ ဆာလာဟာ
စာချုပ်သစ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၄၀၀၀၀၀
အလိုရှိနေတယ်လို့ သိရပြီး ဒီအော့ဖ်က
ဆာလာရဲ့နောက်ခံအသိုင်းအဝိုင်းကြောင့် သူ့အနေနဲ့
တခြားကစားသမားတွေနဲ့မတူဘဲ ကွဲပြားရှုမြင်ခံနေရတယ်လို့ ဆိုပါတယ်။

”ဆာလာအနေနဲ့ သူက အာဖရိကသားဆိုတာ နားလည်နေရပါမယ်။
ဆာလာ အာဖရိကသားဖြစ်နေလို့လည်း သူတို့က
ဆာလာကို ဥရောပသားတွေနဲ့မတူဘဲ ခွဲခြားဆက်ဆံနေတာပေါ့။
ပြောရရင် ဥရောပသားတွေလို ဆာလာကို သူတို့
အကောင်းဆုံးစာချုပ်တွေ ပေးချုပ်မှာမဟုတ်ပါဘူး။

လီဗာပူးမှာ ကျွန်တော်ရှိနေတုန်းကလည်း ဒီလိုပဲခံခဲ့ရပါတယ်။
အဲဒီမှာ သူတို့က ကျွန်တော့်ကို လက်ရွေးစင်ပွဲတွေ
သွားမကစားဖို့တောင် တောင်းဆိုခဲ့ပါသေးတယ်”လို့
ဒီအော့ဖ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

Zawgyi

အာဖရီကန္ျဖစ္ေနလို႔ ထိုက္သင့္တဲ့လစာ ဆာလာ ရမွာမဟုတ္ဘူးလုိ႔ဆို
လီဗာပူးတုိက္စစ္မွဴး ဆာလာအေနနဲ႔ အာဖရီကန္ျဖစ္ေနတာေၾကာင့္
ထိုက္သင့္တဲ့လစာမ်ိဳး ရမွာမဟုတ္ဘူးလုိ႔

လီဗာပူးတိုက္စစ္မွဴးေဟာင္း အယ္လ္ဟာဂ်ီဒီေအာ့ဖ္က
ျပင္းျပင္းထန္ထန္ ထိုးႏွက္တုိက္ခုိက္လုိက္ပါတယ္။
ဆာလာဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အသင္းနဲ႔ေဆြးေႏြးမႈ
အဆင္မေျပျဖစ္ေနၿပီး သူ႕ရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက
၂၀၂၃ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

ဆီနီေဂါဂႏၳ၀င္တုိက္စစ္မွဴး ဒီေအာ့ဖ္က
ဆာလာအေနနဲ႔ အာဖရိကသားျဖစ္ေနတာေၾကာင့္
ထိုက္သင့္တဲ့လစာမ်ိဳး ဘယ္ေတာ့မွရမွာမဟုတ္ဘူးလို႔ သတိေပးပါတယ္။
ဒါေပမဲ့ ဒီေအာ့ဖ္က ဘာစီလုိနာနဲ႔ ရီးရဲလ္တို႔ရဲ႕
စိတ္၀င္စားျခင္းခံေနရတဲ့ ဆာလာအေနနဲ႔ လီဗာပူးမွာပဲ

ဆက္ကစားဖို႔ တုိက္တြန္းခဲ့ၿပီး အန္ဖီးလ္မွာဆက္ကစားရင္
လစာပိုရႏိုင္သလို ေအာင္ျမင္မႈေတြလည္း ဆက္လက္ရႏိုင္တယ္လုိ႔ ေထာက္ခံပါတယ္။
”လီဗာပူးအေနနဲ႔ ဆာလာရဲ႕ေတာင္းဆုိမႈကို
မျဖစ္မေနလက္သင့္ခံေပးရပါမယ္။
ကၽြန္ေတာ္သာ ဆာလာဆုိရင္ လီဗာပူးမွာပဲ

ဆက္ကစားမွာျဖစ္ၿပီး သူ႕အေနနဲ႔
လစာလည္း ပိုရႏိုင္ပါတယ္။
သူဟာ လီဗာပူးမွာ မာေနးနဲ႔အတူ
အသင္းရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္ေနၿပီး
သူတုိ႔ႏွစ္ေယာက္ေပါင္းၿပီး ဆုဖလားေတြ ထပ္ရႏိုင္ပါေသးတယ္။

သူက အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္ေပမယ့္ လီဗာပူးမွာ
ေနာက္ထပ္ ၄ႏွစ္ေလာက္ ဆက္ကစားဖို႔ ေျပာထားပါတယ္။
ရီးရဲလ္ကို ေျပာင္းမယ္ဆုိရင္ သူ႕အေနနဲ႔
အစကေန ျပန္စရမွာျဖစ္ပါတယ္”လုိ႔ ဒီေအာ့ဖ္က ေျပာပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဆာလာဟာ

စာခ်ဳပ္သစ္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၄၀၀၀၀၀
အလုိရွိေနတယ္လုိ႔ သိရၿပီး ဒီေအာ့ဖ္က
ဆာလာရဲ႕ေနာက္ခံအသိုင္းအ၀ုိင္းေၾကာင့္ သူ႕အေနနဲ႔
တျခားကစားသမားေတြနဲ႔မတူဘဲ ကြဲျပားရႈျမင္ခံေနရတယ္လုိ႔ ဆုိပါတယ္။
”ဆာလာအေနနဲ႔ သူက အာဖရိကသားဆုိတာ နားလည္ေနရပါမယ္။

ဆာလာ အာဖရိကသားျဖစ္ေနလုိ႔လည္း သူတုိ႔က
ဆာလာကို ဥေရာပသားေတြနဲ႔မတူဘဲ ခြဲျခားဆက္ဆံေနတာေပါ့။
ေျပာရရင္ ဥေရာပသားေတြလို ဆာလာကို သူတုိ႔
အေကာင္းဆုံးစာခ်ဳပ္ေတြ ေပးခ်ဳပ္မွာမဟုတ္ပါဘူး။
လီဗာပူးမွာ ကၽြန္ေတာ္ရွိေနတုန္းကလည္း ဒီလုိပဲခံခဲ့ရပါတယ္။

အဲဒီမွာ သူတုိ႔က ကၽြန္ေတာ့္ကို လက္ေရြးစင္ပြဲေတြ
သြားမကစားဖုိ႔ေတာင္ ေတာင္းဆုိခဲ့ပါေသးတယ္”လုိ႔
ဒီေအာ့ဖ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။