
မိုနာကိုကနေ ပေါင်(၅)သန်းနဲ့ ဆိုးလ်ရှား ခေါ်ယူခဲ့တဲ့ ၁၈နှစ်သား
ဟာနီဘယ် မစ်ဂျ်ဘရီရဲ့တိုးတက်မှုတွေကတော့ ပရိသတ်တွေ
သတိပြုမိစရာဖြစ်လာနေပါပြီ။ ပြင်သစ်နိုင်ငံမှာမွေးဖွားခဲ့သူဖြစ်တဲ့
ဟာနီဘယ်ဟာ ပြင်သစ်လက်ရွေးစင်အသင်း အစား
တူနီးရှားလက်ရွေးစင်အသင်းကို ရွေးချယ်ခဲ့တာက
သူ့ရဲ့လူငယ်ကစားသမားဘဝအတွက် အကောင်းဆုံး
ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
တူနီးရှားလက်ရွေးစင်အသင်းမှာ သူ့ရဲ့စွမ်းဆောင်ရည်တွေကေလည်း
ပရီသတ်တွေ အာရုံစိုက်စောင့်ကြည့်ခြင်စရာဖြစ်လာခဲ့သလို
အီဂျစ်အသင်းနဲ့ ကစားခဲ့တဲ့ အာရပ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း
man of the match ဆုရခဲ့ပါတယ်။ Online Voatingစနစ်ကို
အသုံးပြခဲ့တဲ့ Foot-Africa ရဲ့စစ်တမ်းမှာလည်း ဟာနီဘယ်ဟာ
မဲအရေအတွက် အပြတ်အသတ်နဲ့ Africa d’Or 2021 ဆုကို ရရှိခဲ့ပါတယ်။
အဆိုပါ ဝက်ဆိုဒ်ရဲ့ အဆိုအရ မဲပေးမှုပေါင်း ( ၄၆၉ ၀၀၀ ) ကျော်
လက်ခံရရှိခဲ့ပြီး ဟာနီဘယ်က စုစုပေါင်းရဲ့ ( ၅၅ ) ရာခိုင်နှုန်း
ရွေးချယ်ခံခဲ့ရကာ ( ၃၅ ) ရာခိုင်နှုန်း ရရှိခဲ့တဲ့ အယ်လ်ဂျီးယားကြယ်ပွင့်
Adem Zorgane ကို အသာရခဲ့တာဖြစ်ပါတယ်။
ဟာနီဘယ်ဟာ ဖီဖာ အာရပ် ဖလားပြိုင်ပွဲရဲ့ အုပ်စုတွင်းပွဲစဉ်တွေမှာ
ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အားလုံးရဲ့ စိတ်ဝင်စားမှုတွေ ရရှိခဲ့သလို
တူနီးရှား လက်ရွေးစင်အသင်းနဲ့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာတော့ တူနီးရှား ဟာ အယ်လ်ဂျီးရီးယား ကို
ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲရဲ့ ဒုတိယနေရာသာရရှိခဲ့ပါတယ်။
ဟာနီဘယ်ရဲ့ ခြေစွမ်းပြနေမှုကြောင့်လည်း အာဖရိကဖလားပြိုင်ပွဲ
(AFCON2021) ကစားမယ့် တူနီးရှား လက်ရွေးစင်အသင်းဟာ
ပြိုင်ပွဲရဲ့ အသင်းလူစာရင်းမှာ ထပ်မံရွေးချယ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့်လည်း ကစားခွင့်ရဖို့ အခြားအသင်းတစ်သင်းမှာ
အငှားပြောင်းရွေ့တာထက် ရာသီကုန်ချိန်ထိ ယူနိုက်တက်မှာ
ဆက်ရှိနေဖို့ အလားအလာများနေခဲ့ပါတယ်။
ရန်းနစ်ခ်ကလည်း အာဖရိကဖလားပြိုင်ပွဲကနေ ပြန်လာပါက
ဟာနီဘယ်ကို အသင်းကြီးနဲ့အတူ ပုံမှန်လေ့ကျင့်ခွင့်ပေးသွားဖို့ရှိကြောင်း
MEN နဲ့အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
Africa d’Or 2021 ဆုကို ရရှိထားတဲ့ မက်ဘရီအနေနဲ့
အာဖရိကဖလား ပြိုင်ပွဲ (AFCON) မှာသာ ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင်
လူငယ်ကစားသမားတွေနဲ့ တည်ဆောက်ခြင်နေတဲ့ ရန်းနစ်ရဲ့
ယူနိုက်တက်အသင်းကြီးမှာ ပါဝင်ကစားနိုင်မယ့်
အခွင့် အရေးရရှိဖို့ သေချာသွားနိုင်ပါတယ်။
တူနီးရှားလက်ရွေးစင်အသင်းဟာဇန်နဝါရီ ( ၁၂ ) ရက်နေ့မှာ
မာလီအသင်းနဲ့ အဖွင့်ပွဲစဉ် ကစားရဖို့ရှိနေပြီး အုပ်စုပွဲစဉ်တွေအဖြစ်
Mauritania ၊ Gambia တို့နဲ့ဒီလထဲမှာ ဆက်လက်ကစားသွားရမှာပါ။
zawgyi
အာဖရိကရဲ႕ အေကာင္းဆုံးလူငယ္ၾကယ္ပြင့္ျဖစ္လာၿပီျဖစ္တဲ့ ဆိုးလ္ရွား ေခၚယူခဲ့တဲ့ ၁၈ ႏွစ္သားေလး
မိုနာကိုကေန ေပါင္(၅)သန္းနဲ႔ ဆိုးလ္ရွား ေခၚယူခဲ့တဲ့ ၁၈ႏွစ္သား
ဟာနီဘယ္ မစ္ဂ်္ဘရီရဲ႕တိုးတက္မႈေတြကေတာ့ ပရိသတ္ေတြ
သတိျပဳမိစရာျဖစ္လာေနပါၿပီ။ ျပင္သစ္ႏိုင္ငံမွာေမြးဖြားခဲ့သူျဖစ္တဲ့
ဟာနီဘယ္ဟာ ျပင္သစ္လက္ေ႐ြးစင္အသင္း အစား
တူနီးရွားလက္ေ႐ြးစင္အသင္းကို ေ႐ြးခ်ယ္ခဲ့တာက
သူ႔ရဲ႕လူငယ္ကစားသမားဘဝအတြက္ အေကာင္းဆုံး
ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။
တူနီးရွားလက္ေ႐ြးစင္အသင္းမွာ သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြေကလည္း
ပရီသတ္ေတြ အာ႐ုံစိုက္ေစာင့္ၾကည့္ျခင္စရာျဖစ္လာခဲ့သလို
အီဂ်စ္အသင္းနဲ႔ ကစားခဲ့တဲ့ အာရပ္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာလည္း
man of the match ဆုရခဲ့ပါတယ္။ Online Voatingစနစ္ကို
အသုံးျပခဲ့တဲ့ Foot-Africa ရဲ႕စစ္တမ္းမွာလည္း ဟာနီဘယ္ဟာ
မဲအေရအတြက္ အျပတ္အသတ္နဲ႔ Africa d’Or 2021 ဆုကို ရရွိခဲ့ပါတယ္။
အဆိုပါ ဝက္ဆိုဒ္ရဲ႕ အဆိုအရ မဲေပးမႈေပါင္း ( ၄၆၉ ၀၀၀ ) ေက်ာ္
လက္ခံရရွိခဲ့ၿပီး ဟာနီဘယ္က စုစုေပါင္းရဲ႕ ( ၅၅ ) ရာခိုင္ႏႈန္း
ေ႐ြးခ်ယ္ခံခဲ့ရကာ ( ၃၅ ) ရာခိုင္ႏႈန္း ရရွိခဲ့တဲ့ အယ္လ္ဂ်ီးယားၾကယ္ပြင့္
Adem Zorgane ကို အသာရခဲ့တာျဖစ္ပါတယ္။
ဟာနီဘယ္ဟာ ဖီဖာ အာရပ္ ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုတြင္းပြဲစဥ္ေတြမွာ
ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အားလုံးရဲ႕ စိတ္ဝင္စားမႈေတြ ရရွိခဲ့သလို
တူနီးရွား လက္ေ႐ြးစင္အသင္းနဲ႔ ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့ပါတယ္။
ဗိုလ္လုပြဲမွာေတာ့ တူနီးရွား ဟာ အယ္လ္ဂ်ီးရီးယား ကို
ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ ဒုတိယေနရာသာရရွိခဲ့ပါတယ္။
ဟာနီဘယ္ရဲ႕ ေျခစြမ္းျပေနမႈေၾကာင့္လည္း အာဖရိကဖလားၿပိဳင္ပြဲ
(AFCON2021) ကစားမယ့္ တူနီးရွား လက္ေ႐ြးစင္အသင္းဟာ
ၿပိဳင္ပြဲရဲ႕ အသင္းလူစာရင္းမွာ ထပ္မံေ႐ြးခ်ယ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေၾကာင့္လည္း ကစားခြင့္ရဖို႔ အျခားအသင္းတစ္သင္းမွာ
အငွားေျပာင္းေ႐ြ႕တာထက္ ရာသီကုန္ခ်ိန္ထိ ယူႏိုက္တက္မွာ
ဆက္ရွိေနဖို႔ အလားအလာမ်ားေနခဲ့ပါတယ္။
ရန္းနစ္ခ္ကလည္း အာဖရိကဖလားၿပိဳင္ပြဲကေန ျပန္လာပါက
ဟာနီဘယ္ကို အသင္းႀကီးနဲ႔အတူ ပုံမွန္ေလ့က်င့္ခြင့္ေပးသြားဖို႔ရွိေၾကာင္း
MEN နဲ႔အင္တာဗ်ဴးမွာ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
Africa d’Or 2021 ဆုကို ရရွိထားတဲ့ မက္ဘရီအေနနဲ႔
အာဖရိကဖလား ၿပိဳင္ပြဲ (AFCON) မွာသာ ေျခစြမ္းျပႏိုင္ခဲ့မယ္ဆိုရင္
လူငယ္ကစားသမားေတြနဲ႔ တည္ေဆာက္ျခင္ေနတဲ့ ရန္းနစ္ရဲ႕
ယူႏိုက္တက္အသင္းႀကီးမွာ ပါဝင္ကစားႏိုင္မယ့္
အခြင့္ အေရးရရွိဖို႔ ေသခ်ာသြားႏိုင္ပါတယ္။
တူနီးရွားလက္ေ႐ြးစင္အသင္းဟာဇန္နဝါရီ ( ၁၂ ) ရက္ေန႔မွာ
မာလီအသင္းနဲ႔ အဖြင့္ပြဲစဥ္ ကစားရဖို႔ရွိေနၿပီး အုပ္စုပြဲစဥ္ေတြအျဖစ္
Mauritania ၊ Gambia တို႔နဲ႔ဒီလထဲမွာ ဆက္လက္ကစားသြားရမွာပါ။