အာဖရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ မာနေး ပြန်လည်ပါဝင်ကစားမယ်

လီဗာပူးစတားဟာကိတ်ဗာဒီကိုအနိုင်ရရှိတဲ့အာဖရိကဖလား

၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် ပြိုင်ဘက်ဂိုးသမားနှင့်

ခေါင်းချင်းတိုက်မိခဲ့ပါတယ်။သူဟာခေါင်းမူးဝေနေပေမဲ့လည်း

ဆီနီဂေါအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါသေးတယ်။

သူဟာဂိုးသွင်းပြီးနောက်ချက်ချင်းပင် လူစားလဲမှုပြုလုပ်ခဲ့ရပါတယ်။

သူဟာပွဲအပြီးတွင်ဆေးရုံသို့သွားရောက်ကာခေါင်းကို

စစ်ဆေးမှုခံယူခဲ့ရပေမယ့် ဆေးရုံမှာခဏသာနေခဲ့ရပြီးနောက်

လက်ရှိမှာတော့ ဆီနီဂေါအသင်းနဲ့ပြန်ပူးပေါင်းနေပြီဖြစ်ပါတယ်။

ဆီနီဂေါလက်ရွေးစင်ကစားသမားဟာ အင်စတာဂရမ်မှာ

ဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး ပရိသတ်တွေရဲ့စိုးရိမ်စိတ်တွေကို

ဖြေလျှော့ပေးခဲ့တာပါ။ဆာဒီယိုမာနေးက အားကစားခန်းမအတွင်းမှာရှိတဲ့

စက်ဘီးပေါ်မှာလေ့ကျင့်ခန်းလုပ်နေရင်း

လက်မထောင်ထားတဲ့ဓာတ်ပုံကို သူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့တာပါ။

ဆာဒေယိုမာနေးဟာမနက်ဖြန်တနင်္ဂနွေနေ့တွင်

ယွန်ဒီတွင် အီကွေတိုရီရယ်ဂီနီနှင့်ရင်ဆိုင်ကစားရမယ့်

အာဖရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်လာမှာဖြစ်ပါတယ်။

zawgyi

အာဖရိကဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ မာေနး ျပန္လည္ပါဝင္ကစားမယ္

လီဗာပူးစတားဟာကိတ္ဗာဒီကိုအႏိုင္ရရွိတဲ့အာဖရိကဖလား

၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ ၿပိဳင္ဘက္ဂိုးသမားႏွင့္

ေခါင္းခ်င္းတိုက္မိခဲ့ပါတယ္။သူဟာေခါင္းမူးေဝေနေပမဲ့လည္း

ဆီနီေဂါအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါေသးတယ္။

သူဟာဂိုးသြင္းၿပီးေနာက္ခ်က္ခ်င္းပင္ လူစားလဲမႈျပဳလုပ္ခဲ့ရပါတယ္။

သူဟာပြဲအၿပီးတြင္ေဆး႐ုံသို႔သြားေရာက္ကာေခါင္းကို

စစ္ေဆးမႈခံယူခဲ့ရေပမယ့္ ေဆး႐ုံမွာခဏသာေနခဲ့ရၿပီးေနာက္

လက္ရွိမွာေတာ့ ဆီနီေဂါအသင္းနဲ႔ျပန္ပူးေပါင္းေနၿပီျဖစ္ပါတယ္။

ဆီနီေဂါလက္ေ႐ြးစင္ကစားသမားဟာ အင္စတာဂရမ္မွာ

ဓာတ္ပုံတစ္ပုံတင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕စိုးရိမ္စိတ္ေတြကို

ေျဖေလွ်ာ့ေပးခဲ့တာပါ။ဆာဒီယိုမာေနးက အားကစားခန္းမအတြင္းမွာရွိတဲ့

စက္ဘီးေပၚမွာေလ့က်င့္ခန္းလုပ္ေနရင္း

လက္မေထာင္ထားတဲ့ဓာတ္ပုံကို သူ႔ရဲ႕အင္စတာဂရမ္မွာတင္ခဲ့တာပါ။

ဆာေဒယိုမာေနးဟာမနက္ျဖန္တနဂၤေႏြေန႔တြင္

ယြန္ဒီတြင္ အီေကြတိုရီရယ္ဂီနီႏွင့္ရင္ဆိုင္ကစားရမယ့္

အာဖရိကဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ ပါဝင္လာမွာျဖစ္ပါတယ္။