အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ မျက်ရည်ကျခဲ့တဲ့ Super Man ဂိုးသမား

ကျင်းပနေဆဲ အာဖရိကနိုင်ငံများဖလားမှာ ဆီရီယာလွန်းဂိုးသမားရဲ့လက်စွမ်းပြမှုဟာ

တစ်ခုတ်တစ်ရပြောစရာဖြစ်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့စူပါမန်းလို သူရဲကောင်းဆန်

ကာကွယ်မှုတွေအပြီးမှာ Man of the Match ဆုရတော့ ငိုကြွေးခဲ့လို့ ပိုလို့တောင်

ပြဇာတ်ဆန်ခဲ့တာပါ။


၂၂ နှစ်အရွယ် မိုဟာမက်ကာမာရာဟာ မန်စီးတီးကြယ်ပွင့်မာရက်ဇ်တို့ရဲ့အသင်းနဲ့

ကစားခဲ့ရတာ ဖြစ်ပါတယ်။ မာရက်ဇ်တို့ရဲ့အယ်ဂျီးရီးယားအသင်းဟာ

အာဖရိကနိုင်ငံများဖလားမှာ လက်ရှိချန်ပီယံဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး

အသင်းတွေထဲမှာလည်း ပါဝင်ပါတယ်။ ဒီအချိန်မှာ အာဖရိကနိုင်ငံငယ်လေးဖြစ်တဲ့

ဆီရီယာလွန်းကတော့ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

သူတို့အသင်းသမိုင်းမှာ ၃ ကြိမ်မြောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး တစ်ဖက်မှာ ဟဲဗီဝိတ်အသင်း

တစ်သင်းဖြစ်တဲ့ အယ်ဂျီးရီးယားအသင်းဟာ ၂၀၁၈ ကတည်းက ရှုံးပွဲမရှိခဲ့တာပါ။ အဲဒီပွဲမှာ

မာရက်ဇ်ကိုင်တိုင်က ဂိုးပေါက်ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပေမယ့် ကာမာရာက လက်စွမ်းပြ

ကာကွယ်မှုတွေလုပ်နိုင်ခဲ့ပါတယ်။

ကာမာရာဟာ တစ်ပွဲလုံးမှာ ဂိုးကာကွယ်မှု ၇ ကြိမ်တိုင်ပြုလုပ်နိုင်ခဲ့လို့ လက်ရှိချန်ပီယံအသင်းလည်း

ဘယ်လိုမှ မတတ်နိုင်တော့ဘဲ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။အံ့သြစရာကောင်းတာက

ကာမာရာဟာ အာဖရိကနိုင်ငံများဖလားမှာ ပထမဆုံးအကြိမ်ဝင်ပြိုင်ဖူးတာပါ။

သူ့ရဲ့ပထမဆုံးအာဖရိကနိုင်ငံများဖလားပွဲမှာ လက်ရှိချန်ပီယံအသင်းကို ငုတ်တုတ်မေ့စေခဲ့လို့

ကာမာရာဟာ ပွဲအပြီးမှာ အနိုင်ရသလို အောင်ပွဲခံခဲ့ပါတယ်။

ပွဲအပြီးမှာ Man of the Match ဆုရတော့လည်း ကာမာရာဟာ ဝမ်းသာမျက်ရည်ကျခဲ့တာပါ။

ကာမာရာရဲ့ဆီရီယာလွန်းအသင်းဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၁၀၈ ဖြစ်ပြီး ၂၆ နှစ်အတွင်း

သူတို့ရဲ့ပထမဆုံးနိုင်ငံတကာပြိုင်ပွဲကြီးမှာ ကမ္ဘာ့အဆင့် ၂၉ နေရာက အသင်းကို မရှုံးအောင်ကစားနိုင်ခဲ့တာပါ။

Zawgyi

အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ မ်က္ရည္က်ခဲ့တဲ့ Super Man ဂိုးသမား
က်င္းပေနဆဲ အာဖရိကႏိုင္ငံမ်ားဖလားမွာ ဆီရီယာလြန္းဂိုးသမားရဲ႕လက္စြမ္းျပမႈဟာ

တစ္ခုတ္တစ္ရေျပာစရာျဖစ္ေနပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕စူပါမန္းလို သူရဲေကာင္းဆန္

ကာကြယ္မႈေတြအၿပီးမွာ Man of the Match ဆုရေတာ့ ငိုေႂကြးခဲ့လို႔ ပိုလို႔ေတာင္

ျပဇာတ္ဆန္ခဲ့တာပါ။၂၂ ႏွစ္အ႐ြယ္ မိုဟာမက္ကာမာရာဟာ မန္စီးတီးၾကယ္ပြင့္မာရက္ဇ္တို႔ရဲ႕အသင္းနဲ႔

ကစားခဲ့ရတာ ျဖစ္ပါတယ္။ မာရက္ဇ္တို႔ရဲ႕အယ္ဂ်ီးရီးယားအသင္းဟာ

အာဖရိကႏိုင္ငံမ်ားဖလားမွာ လက္ရွိခ်န္ပီယံျဖစ္ၿပီး ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး

အသင္းေတြထဲမွာလည္း ပါဝင္ပါတယ္။ ဒီအခ်ိန္မွာ အာဖရိကႏိုင္ငံငယ္ေလးျဖစ္တဲ့

ဆီရီယာလြန္းကေတာ့ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့တာပါ။

သူတို႔အသင္းသမိုင္းမွာ ၃ ႀကိမ္ေျမာက္ယွဥ္ၿပိဳင္ရတာျဖစ္ၿပီး တစ္ဖက္မွာ ဟဲဗီဝိတ္အသင္း

တစ္သင္းျဖစ္တဲ့ အယ္ဂ်ီးရီးယားအသင္းဟာ ၂၀၁၈ ကတည္းက ရႈံးပြဲမရွိခဲ့တာပါ။ အဲဒီပြဲမွာ

မာရက္ဇ္ကိုင္တိုင္က ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြလုပ္ခဲ့ေပမယ့္ ကာမာရာက လက္စြမ္းျပ

ကာကြယ္မႈေတြလုပ္ႏိုင္ခဲ့ပါတယ္။

ကာမာရာဟာ တစ္ပြဲလုံးမွာ ဂိုးကာကြယ္မႈ ၇ ႀကိမ္တိုင္ျပဳလုပ္ႏိုင္ခဲ့လို႔ လက္ရွိခ်န္ပီယံအသင္းလည္း

ဘယ္လိုမွ မတတ္ႏိုင္ေတာ့ဘဲ ဂိုးမရွိသေရနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။အံ့ၾသစရာေကာင္းတာက

ကာမာရာဟာ အာဖရိကႏိုင္ငံမ်ားဖလားမွာ ပထမဆုံးအႀကိမ္ဝင္ၿပိဳင္ဖူးတာပါ။

သူ႔ရဲ႕ပထမဆုံးအာဖရိကႏိုင္ငံမ်ားဖလားပြဲမွာ လက္ရွိခ်န္ပီယံအသင္းကို ငုတ္တုတ္ေမ့ေစခဲ့လို႔

ကာမာရာဟာ ပြဲအၿပီးမွာ အႏိုင္ရသလို ေအာင္ပြဲခံခဲ့ပါတယ္။

ပြဲအၿပီးမွာ Man of the Match ဆုရေတာ့လည္း ကာမာရာဟာ ဝမ္းသာမ်က္ရည္က်ခဲ့တာပါ။

ကာမာရာရဲ႕ဆီရီယာလြန္းအသင္းဟာ ကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ ၁၀၈ ျဖစ္ၿပီး ၂၆ ႏွစ္အတြင္း

သူတို႔ရဲ႕ပထမဆုံးႏိုင္ငံတကာၿပိဳင္ပြဲႀကီးမွာ ကမာၻ႔အဆင့္ ၂၉ ေနရာက အသင္းကို မရႈံးေအာင္ကစားႏိုင္ခဲ့တာပါ။