အာဖရိကနိုင်ငံများဖလားပွဲစဉ်တွေမှာ ကလေးငယ်တွေကို ကွင်းထဲမခေါ်လာဖို့ ကင်မရွန်းအစိုးရက ပိတ်ပင်လိုက်ပြီ

အာဖရိကနိုင်ငံများဖလားပွဲစဉ်တွေမှာ ကလေးငယ်တွေကို

ကွင်းထဲမခေါ်လာဖို့အတွက် ကင်မရွန်းအစိုးရက ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ်

ကင်မရွန်းနဲ့ကိုမိုရော့စ်အသင်းတို့ကစားခဲ့တဲ့ပွဲမတိုင်ခင်

ပရိသတ်တွေ ကွင်းထဲဝင်ဖို့ကြိုးစားတာကနေ ဝင်ပေါက်မှာ

တစ်ယောက်နဲ့တစ်ယောက်တက်နင်းသလိုဖြစ်ခဲ့တာကြောင့်

လူ(၈)ဦးသေဆုံးပြီး (၃၈)ယောက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဲဒီသေဆုံးသူထဲမှာ အသက်(၆)နှစ်အရွယ်

မိန်းကလေးတစ်ဦးပါဝင်ခဲ့တဲ့အတွက် ကင်မရွန်းအစိုးရက

လက်ကျန်ပွဲတွေအတွက် ရဲတပ်ဖွဲ့ဝင်အင်အားကို (၂၅၀)အထိတိုးမြှင့်ခဲ့သလို

ကလေးငယ်တွေကို ကွင်းထဲမခေါ်လာဖို့ တားမြစ်လိုက်ပြီဖြစ်ပါတယ်။

ကင်မရွန်းနိုင်ငံအားကစားဝန်ကြီးဖြစ်သူကွန်ဘီက

“ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးလို့ရတဲ့

အချက်အလက်တွေကို နိုင်ငံသမ္မတရဲ့အမိန့်အရ

တရားဝင်ထုတ်ပြန်သွားမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ပရိသတ်တွေရဲ့ ကွင်းထဲဝင်ချင်ဇောနဲ့ပြုမူခဲ့တဲ့ လုပ်ရပ်က

အခုလိုစိတ်မကောင်းစရာအဖြစ်အပျက်

ပေါ်ပေါက်စေခဲ့တာပါပဲ”လို့ပြောကြားခဲ့ပါတယ်။

ကင်မရွန်းနဲ့ကိုမိုရော့စ်တို့ကစားခဲ့တဲ့ပွဲကို လူ(၆၀,၀၀၀)ဆံ့တဲ့

Olembe stadium မှာကျင်းပခဲ့တာဖြစ်ပေမယ့်

ကိုဗစ်ရောဂါအခြေအနေကြောင့် ကွင်းထဲကို ပရိသတ်အရေအတွက်

(၄၈,၀၀၀)သာ ဝင်ခွင့်ပြုခဲ့တဲ့အတွက် ကင်မရွန်းပရိသတ်တွေ

ကွင်းထဲဝင်ဖို့ကြိုးစားတာကနေ ဝင်ပေါက်မှာ

တစ်ယောက်နဲ့တစ်ယောက်တက်နင်းမိပြီး

အခုလိုစိတ်မကောင်းစရာဖြစ်ခဲ့တာပါ။ ကင်မရွန်းအသင်းဟာ

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိနေပြီး

ဆီမီးဖိုင်နယ်ပွဲကို Olembe stadium ကွင်းမှာပဲ ကစားမှာဖြစ်ပါတယ်။

zawgyi

အာဖရိကႏိုင္ငံမ်ားဖလားပြဲစဥ္ေတြမွာ ကေလးငယ္ေတြကို ကြင္းထဲမေခၚလာဖို႔ ကင္မ႐ြန္းအစိုးရက ပိတ္ပင္လိုက္ၿပီ

အာဖရိကႏိုင္ငံမ်ားဖလားပြဲစဥ္ေတြမွာ ကေလးငယ္ေတြကို

ကြင္းထဲမေခၚလာဖို႔အတြက္ ကင္မ႐ြန္းအစိုးရက ပိတ္ပင္လိုက္ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ရႈံးထြက္(၁၆)သင္းအဆင့္ပြဲအျဖစ္

ကင္မ႐ြန္းနဲ႔ကိုမိုေရာ့စ္အသင္းတို႔ကစားခဲ့တဲ့ပြဲမတိုင္ခင္

ပရိသတ္ေတြ ကြင္းထဲဝင္ဖို႔ႀကိဳးစားတာကေန ဝင္ေပါက္မွာ

တစ္ေယာက္နဲ႔တစ္ေယာက္တက္နင္းသလိုျဖစ္ခဲ့တာေၾကာင့္

လူ(၈)ဦးေသဆုံးၿပီး (၃၈)ေယာက္ဒဏ္ရာရရွိခဲ့ၾကပါတယ္။

အဲဒီေသဆုံးသူထဲမွာ အသက္(၆)ႏွစ္အ႐ြယ္

မိန္းကေလးတစ္ဦးပါဝင္ခဲ့တဲ့အတြက္ ကင္မ႐ြန္းအစိုးရက

လက္က်န္ပြဲေတြအတြက္ ရဲတပ္ဖြဲ႕ဝင္အင္အားကို (၂၅၀)အထိတိုးျမႇင့္ခဲ့သလို

ကေလးငယ္ေတြကို ကြင္းထဲမေခၚလာဖို႔ တားျမစ္လိုက္ၿပီျဖစ္ပါတယ္။

ကင္မ႐ြန္းႏိုင္ငံအားကစားဝန္ႀကီးျဖစ္သူကြန္ဘီက

“ဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးလို႔ရတဲ့

အခ်က္အလက္ေတြကို ႏိုင္ငံသမၼတရဲ႕အမိန႔္အရ

တရားဝင္ထုတ္ျပန္သြားမွာ မဟုတ္ပါဘူး။

ဒါေပမဲ့ ပရိသတ္ေတြရဲ႕ ကြင္းထဲဝင္ခ်င္ေဇာနဲ႔ျပဳမူခဲ့တဲ့ လုပ္ရပ္က

အခုလိုစိတ္မေကာင္းစရာအျဖစ္အပ်က္

ေပၚေပါက္ေစခဲ့တာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ကင္မ႐ြန္းနဲ႔ကိုမိုေရာ့စ္တို႔ကစားခဲ့တဲ့ပြဲကို လူ(၆၀,၀၀၀)ဆံ့တဲ့

Olembe stadium မွာက်င္းပခဲ့တာျဖစ္ေပမယ့္

ကိုဗစ္ေရာဂါအေျခအေနေၾကာင့္ ကြင္းထဲကို ပရိသတ္အေရအတြက္

(၄၈,၀၀၀)သာ ဝင္ခြင့္ျပဳခဲ့တဲ့အတြက္ ကင္မ႐ြန္းပရိသတ္ေတြ

ကြင္းထဲဝင္ဖို႔ႀကိဳးစားတာကေန ဝင္ေပါက္မွာ

တစ္ေယာက္နဲ႔တစ္ေယာက္တက္နင္းမိၿပီး

အခုလိုစိတ္မေကာင္းစရာျဖစ္ခဲ့တာပါ။ ကင္မ႐ြန္းအသင္းဟာ

အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္ေရာက္ရွိေနၿပီး

ဆီမီးဖိုင္နယ္ပြဲကို Olembe stadium ကြင္းမွာပဲ ကစားမွာျဖစ္ပါတယ္။