အာနိုးခေါ်ချင်တဲ့ ကစားသမား ၂ ဦး

အပြောင်းအရွှေ့ရာသီဖွင့်လှစ်မယ့် လာမယ့်လမှာ သူသာ လီဗာပူးနည်းပြဆိုရင်

ခေါ်ယူမယ့်ကစားသမားနှစ်ယောက်ကို လီဗာပူးကြယ်ပွင့်

နောက်ခံလူအာနိုးက ဖွင့်ဟလိုက်ပါတယ်။

၂၃ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ ဒီရာသီ လီဗာပူးမှာ အထူးခြေစွမ်းပြနေသူဖြစ်ကာ

ပြီးခဲ့တဲ့အပတ် နယူးကာဆယ်နဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီး

လက်ရှိအချိန်ထိလည်း ၈ ဂိုး ဖန်တီးပေးထားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ You Tube ရှိုးတစ်ခုမှာ သူသာ လီဗာပူးနည်းပြဆိုရင်

ဘယ်သူတွေကို ခေါ်ယူချင်သလဲလို့ မေးမြန်းတဲ့အခါ အာနိုးက

မန်စီးတီးကွင်းလယ်ဖန်တီးရှင်ဒီဘရူနီနဲ့ စပါးတိုက်စစ်မှုး

ဆွန်ဟောင်မင်တို့ကို ဖြေကြားခဲ့တာပါ။

”ဒီဘရူနီနဲ့ ဆွန်တို့ပါ။ ဒီဘရူနီဆိုရင် ကစားသမားတစ်ယောက်အနေနဲ့

ကျွန်တော်အများကြီးလေးစားခဲ့ရသူပါ။ သူ့အမြင်၊ သူ့နည်းစနစ်၊

သူ့တိကျမှုတို့အရ ထူးချွန်တဲ့ကစားသမားပါ။ သူလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှုတွေနဲ့

အခွင့်အရေးဖန်တီးမှုတွေက ကြောက်စရာကောင်းပါတယ်”လို့ အာနိုးက ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် အာနိုးက”ဆွန်ကလည်း ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။

ပြေးနှုန်း၊ အဆုံးသတ်နဲ့ တည်ငြိမ်မှုတို့မှာ ပြောစရာမရှိပါဘူး”လို့ ဆက်လက်ဖြေကြားခဲ့ပါတယ်။

နောက်ဆုံး ၂ ရာသီစလုံးမှာ ပရော်ဖက်ရှင်နယ်ကစားသမားများအဖွဲ့ချုပ်

PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ဒီဘရူနီဟာ

ဒီရာသီ ဇယားထိပ်က မန်စီးတီးအတွက် ပရီးမီးယားလိဂ်

၁၂ ပွဲမှာ ၄ ဂိုးသွင်းပေးထားပါတယ်။

ဆွန်ဟောင်မင်ကတော့ လီဗာပူးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ

ဒီရာသီပရီးမီးယားလိဂ်က သူ့ရဲ့ ၇ ဂိုးမြောက်ကို သွင်းယူခဲ့တာပါ။

zawgyi

အာႏိုးေခၚခ်င္တဲ့ ကစားသမား ၂ ဦး

အေျပာင္းအေ႐ႊ႕ရာသီဖြင့္လွစ္မယ့္ လာမယ့္လမွာ သူသာ လီဗာပူးနည္းျပဆိုရင္

ေခၚယူမယ့္ကစားသမားႏွစ္ေယာက္ကို လီဗာပူးၾကယ္ပြင့္

ေနာက္ခံလူအာႏိုးက ဖြင့္ဟလိုက္ပါတယ္။

၂၃ ႏွစ္အ႐ြယ္ အဲဒီအဂၤလန္သားဟာ ဒီရာသီ လီဗာပူးမွာ အထူးေျခစြမ္းျပေနသူျဖစ္ကာ

ၿပီးခဲ့တဲ့အပတ္ နယူးကာဆယ္နဲ႔ပြဲမွာ ဂိုးသြင္းခဲ့ၿပီး

လက္ရွိအခ်ိန္ထိလည္း ၈ ဂိုး ဖန္တီးေပးထားပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ You Tube ရႈိးတစ္ခုမွာ သူသာ လီဗာပူးနည္းျပဆိုရင္

ဘယ္သူေတြကို ေခၚယူခ်င္သလဲလို႔ ေမးျမန္းတဲ့အခါ အာႏိုးက

မန္စီးတီးကြင္းလယ္ဖန္တီးရွင္ဒီဘ႐ူနီနဲ႔ စပါးတိုက္စစ္မႈး

ဆြန္ေဟာင္မင္တို႔ကို ေျဖၾကားခဲ့တာပါ။

”ဒီဘ႐ူနီနဲ႔ ဆြန္တို႔ပါ။ ဒီဘ႐ူနီဆိုရင္ ကစားသမားတစ္ေယာက္အေနနဲ႔

ကြၽန္ေတာ္အမ်ားႀကီးေလးစားခဲ့ရသူပါ။ သူ႔အျမင္၊ သူ႔နည္းစနစ္၊

သူ႔တိက်မႈတို႔အရ ထူးခြၽန္တဲ့ကစားသမားပါ။ သူလုပ္ခဲ့တဲ့ ဂိုးဖန္တီးမႈေတြနဲ႔

အခြင့္အေရးဖန္တီးမႈေတြက ေၾကာက္စရာေကာင္းပါတယ္”လို႔ အာႏိုးက ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ အာႏိုးက”ဆြန္ကလည္း ထူးခြၽန္တဲ့ကစားသမားတစ္ေယာက္ပါ။

ေျပးႏႈန္း၊ အဆုံးသတ္နဲ႔ တည္ၿငိမ္မႈတို႔မွာ ေျပာစရာမရွိပါဘူး”လို႔ ဆက္လက္ေျဖၾကားခဲ့ပါတယ္။

ေနာက္ဆုံး ၂ ရာသီစလုံးမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားမ်ားအဖြဲ႕ခ်ဳပ္

PFA ရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တဲ့ဒီဘ႐ူနီဟာ

ဒီရာသီ ဇယားထိပ္က မန္စီးတီးအတြက္ ပရီးမီးယားလိဂ္

၁၂ ပြဲမွာ ၄ ဂိုးသြင္းေပးထားပါတယ္။

ဆြန္ေဟာင္မင္ကေတာ့ လီဗာပူးနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ

ဒီရာသီပရီးမီးယားလိဂ္က သူ႔ရဲ႕ ၇ ဂိုးေျမာက္ကို သြင္းယူခဲ့တာပါ။