အာတီတာ မကြားချင်ဆုံးအကြောင်းအရာ ဖြစ်လောက်တဲ့ ဟက်ထရစ်ရခဲ့တဲ့အူဘာမီယန်

ဗလင်စီယာနဲ့ပွဲက အူဘာမီယန်ရဲ့ဟက်ထရစ်ဟာ

အာဆင်နယ်နည်းပြအာတီတာအဖို့ကတော့

မကြားချင်ဆုံးအကြောင်းအရာ ဖြစ်လောက်ပါလိမ့်မယ်။

ဘာကြောင့်လဲဆို သူကန်ထုတ်လိုက်တဲ့ကစားသမားက

အသင်းသစ်က ၄ ပွဲမြောက်မှာပဲ ဟက်ထရစ်သွင်းနိုင်ခဲ့လို့ပါ။

အဲဒီဂါဘွန်သားဟာ အာဆင်နယ်နဲ့စာချုပ်သက်တမ်းမကုန်သေးပေမယ့်

အာတီတာနဲ့ပြသနာတက်ပြီးနောက် လန်ဒန်ကလပ်နဲ့စာချုပ်ဖျက်ကာ

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ဘာစီလိုနာကို အလွတ်ရောက်သွားခဲ့တာပါ။

အသင်းသစ်က ပြိုင်ပွဲအရပ်ရပ် ၄ ပွဲမြောက်မှာ ဟက်ထရစ်ရခဲ့တာဆိုပေမယ့်

ဗလင်စီယာနဲ့ပွဲဟာ သူ့ရဲ့ပထမဆုံးလာလီဂါပွဲထွက်ပါဝင်နိုင်မှု ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဘာစီလိုအအသင်း ၃ ဂိုးပြတ်နဲ့ဦးဆောင်တော့

အူဘာမီယန်ဟာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အဲဒီဂိုးတွေဟာ ဘာစီလိုနာကစားသမားဘ၀

သူ့ရဲ့ပထမဆုံးဂိုးတွေလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ သူရသွားတဲ့ဟက်ထရစ်ကတော့

နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပါတယ်။

ဘာကြောင့်လဲဆို အဲဒီဂိုးက လူငယ်ကြယ်ပွင့်ပတ်ဒရီရဲ့အဝေးကန်ချက်ကနေ

ရခဲ့တာဖြစ်ကာ ဖြစ်ချင်တော့ အူဘာမီယန်နဲ့ထိသွားခဲ့သေးတာပါ။

စစချင်းတော့ ပတ်ဒရီရဲ့ဂိုးလို့ သတ်မှတ်ထားပေမယ့် ပွဲအပြီးမှာ

ဒိုင်တွေက အူဘာမီယန်ရဲ့ဂိုးလို့ ပြောင်းလဲသတ်မှတ်ခဲ့လို့ ဟက်ထရစ်ဖြစ်သွားခဲ့တာပါ။

အဲဒါကြောင့်လည်း အူဘာမီယန်ဟာ ၂၁ ရာစုအတွင်း

လီဂူး-၁၊ ဘွန်ဒက်စ်လီဂါ။ ပရီမီးယားလိဂ်နဲ့လာလီဂါတို့မှာ

ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

zawgyi

အာတီတာ မၾကားခ်င္ဆုံးအေၾကာင္းအရာ ျဖစ္ေလာက္တဲ့ ဟက္ထရစ္ရခဲ့တဲ့အူဘာမီယန္

ဗလင္စီယာနဲ႔ပြဲက အူဘာမီယန္ရဲ႕ဟက္ထရစ္ဟာ

အာဆင္နယ္နည္းျပအာတီတာအဖို႔ကေတာ့

မၾကားခ်င္ဆုံးအေၾကာင္းအရာ ျဖစ္ေလာက္ပါလိမ့္မယ္။

ဘာေၾကာင့္လဲဆို သူကန္ထုတ္လိုက္တဲ့ကစားသမားက

အသင္းသစ္က ၄ ပြဲေျမာက္မွာပဲ ဟက္ထရစ္သြင္းႏိုင္ခဲ့လို႔ပါ။

အဲဒီဂါဘြန္သားဟာ အာဆင္နယ္နဲ႔စာခ်ဳပ္သက္တမ္းမကုန္ေသးေပမယ့္

အာတီတာနဲ႔ျပသနာတက္ၿပီးေနာက္ လန္ဒန္ကလပ္နဲ႔စာခ်ဳပ္ဖ်က္ကာ

ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာပဲ ဘာစီလိုနာကို အလြတ္ေရာက္သြားခဲ့တာပါ။

အသင္းသစ္က ၿပိဳင္ပြဲအရပ္ရပ္ ၄ ပြဲေျမာက္မွာ ဟက္ထရစ္ရခဲ့တာဆိုေပမယ့္

ဗလင္စီယာနဲ႔ပြဲဟာ သူ႔ရဲ႕ပထမဆုံးလာလီဂါပြဲထြက္ပါဝင္ႏိုင္မႈ ျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာ ဘာစီလိုအအသင္း ၃ ဂိုးျပတ္နဲ႔ဦးေဆာင္ေတာ့

အူဘာမီယန္ဟာ ၂ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

အဲဒီဂိုးေတြဟာ ဘာစီလိုနာကစားသမားဘ၀

သူ႔ရဲ႕ပထမဆုံးဂိုးေတြလည္း ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ သူရသြားတဲ့ဟက္ထရစ္ကေတာ့

နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္ႏိုင္ပါတယ္။

ဘာေၾကာင့္လဲဆို အဲဒီဂိုးက လူငယ္ၾကယ္ပြင့္ပတ္ဒရီရဲ႕အေဝးကန္ခ်က္ကေန

ရခဲ့တာျဖစ္ကာ ျဖစ္ခ်င္ေတာ့ အူဘာမီယန္နဲ႔ထိသြားခဲ့ေသးတာပါ။

စစခ်င္းေတာ့ ပတ္ဒရီရဲ႕ဂိုးလို႔ သတ္မွတ္ထားေပမယ့္ ပြဲအၿပီးမွာ

ဒိုင္ေတြက အူဘာမီယန္ရဲ႕ဂိုးလို႔ ေျပာင္းလဲသတ္မွတ္ခဲ့လို႔ ဟက္ထရစ္ျဖစ္သြားခဲ့တာပါ။

အဲဒါေၾကာင့္လည္း အူဘာမီယန္ဟာ ၂၁ ရာစုအတြင္း

လီဂူး-၁၊ ဘြန္ဒက္စ္လီဂါ။ ပရီမီးယားလိဂ္နဲ႔လာလီဂါတို႔မွာ

ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္လာပါတယ္။