
လီဗာပူးကနေ ပီအက်စ်ဂျီကို ဖရီးအေးဂျင့်အဖြစ်ပြောင်းသွားပြီးကတည်းက
နေရာတစ်နေရာအပိုင်ရဖို့ပျက်ကွက်နေခဲ့တဲ့ ဂျော်ဂျီနီယိုဝင့်နယ်ဒန်ဟာ
အာဆင်နယ်ကိုပြောင်းရွှေ့ဖို့အိုင်ဒီယာအတွက် လမ်းဖွင့်ထားပြီး
ဒီလထဲမှာ အာတီတာအသင်းကို အငှားနဲ့ရောက်လာနိုင်တယ်လို့ သိရပါတယ်။
ဝင့်နယ်ဒန်ဟာအာဆင်နယ်ရဲ့ကစားဟန်ကို သဘောကျပြီး
အီမရိတ်ကွင်းသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားကြောင်း
ဥရောပမီဒီယာတစ်ခုက ဖော်ပြပါတယ်။
“ဖြစ်နေတဲ့အနေအထားကတော့ ဝင့်နယ်ဒန်ဟာ
လက်ရှိအချိန်မှာ ဒဏ်ရာနဲ့နားနေရပါတယ်။
‘ပီအက်စ်ဂျီကနေ ငါထွက်ချင်တယ်ကွာ။’ လို့တော့
လူမြင်ကွင်းကိုထွက်လာပြီး သူကပြောမှာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ဖန်တွေနဲ့ဆက်ဆံရေးကို သူကဖျက်ဆီးချင်မှာမဟုတ်ဘူးလေ။”
“ဒါပေမဲ့ ကျွန်တော်တို့သိထားတာကတော့
သူက ပရီးမီးယားလိဂ်ကိုပြန်သွားချင်နေတယ်။
သူ ဒီနေ့၊ ဒီအပတ် ဒါမှမဟုတ် ဒီနွေရာသီပဲ ပြန်သွားချင်နေပြီလို့
ကျွန်တော်ပြောနေတာမဟုတ်ပါဘူး၊
ဒါပေမဲ့ သူကပြန်သွားချင်ပြီး အာဆင်နယ်တို့အတွက်
သူကစားချင်တယ်လို့ ကျွန်တော်တို့ စဉ်ဆက်မပြတ် သတင်းတွေရထားပါတယ်။”
“အာဆင်နယ်ဟာ သူငယ်ရွယ်စဉ်ကနေ ကြီးပြင်းလာစဉ်မှာ
နှစ်သက်သဘောကျခဲ့ရတဲ့ကလပ်တစ်ခုဖြစ်ပါတယ်။
ဒါဟာ သူ့ကိုဆွဲဆောင်တဲ့တစ်စုံတစ်ရာ သေချာပေါက်ပါပဲ။
ပီအက်စ်ဂျီတို့က တန်ဂေးအန်ဒွန်ဘီလီကိုခေါ်ခဲ့မယ်ဆိုရင်
သူတို့ရဲ့ကွင်းလယ်ကစားသမားတွေထဲကတစ်ယောက်ကို
ပီအက်စ်ဂျီတို့ သွားခွင့်ပြုမှာလား။”
“ဒါဆိုရင် ဝင့်နယ်ဒန်က အာဆင်နယ်တို့အတွက်
ရွေးချယ်စရာတစ်ခုဖြစ်လာမလား။
အာဆင်နယ်တို့က ကွင်းလယ်ကစားသမားတယောက်ရှာနေတာ
ကျွန်တော်တို့သိတာပဲလေ။
သူ့ကို ငါတို့မထွက်စေချင်ဘူးလို့ ပီအက်စ်ဂျီတို့ကတော့
တောက်လျှောက်ပြောနေတာပါပဲ။”
လို့ ကားဗက်ဆိုးလ်ဟယ်ကိုက စကိုင်းစပေါ့စ်ထရန်စောရှိုးမှာ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ အန်ဒွန်ဘီလီနှင့် ဝင့်နယ်ဒန်ကို
အလဲအထပ် ပြုလုပ်ခြင်းလည်း ဖြစ်လာနိုင်ကြောင်း
သတင်းများက ဖော်ပြပါတယ်။
လက်ရှိအချိန်တွင် ပိုချက်တီနိုဟာ ပီအက်စ်ဂျီအလယ်တန်းတွင်
ဗာရတ်တီ၊ ပါရဲရား၊ ဟာရီရာနှင့် ပါရာဒက်စ်တို့ကို
အမာခံအသုံးပြုနေပြီး ဝင့်နယ်ဒန်မှာ ကစားခွင့်မရဖြစ်နေပါတယ်။
zawgyi
အာတီတာအသင္းကို အငွားနဲ႔ေရာက္လာႏိုင္တဲ့ ဝင့္နယ္ဒန္
လီဗာပူးကေန ပီအက္စ္ဂ်ီကို ဖရီးေအးဂ်င့္အျဖစ္ေျပာင္းသြားၿပီးကတည္းက
ေနရာတစ္ေနရာအပိုင္ရဖို႔ပ်က္ကြက္ေနခဲ့တဲ့ ေဂ်ာ္ဂ်ီနီယိုဝင့္နယ္ဒန္ဟာ
အာဆင္နယ္ကိုေျပာင္းေ႐ႊ႕ဖို႔အိုင္ဒီယာအတြက္ လမ္းဖြင့္ထားၿပီး
ဒီလထဲမွာ အာတီတာအသင္းကို အငွားနဲ႔ေရာက္လာႏိုင္တယ္လို႔ သိရပါတယ္။
ဝင့္နယ္ဒန္ဟာအာဆင္နယ္ရဲ႕ကစားဟန္ကို သေဘာက်ၿပီး
အီမရိတ္ကြင္းသို႔ ေျပာင္းေ႐ႊ႕ရန္ စိတ္ဝင္စားေၾကာင္း
ဥေရာပမီဒီယာတစ္ခုက ေဖာ္ျပပါတယ္။
“ျဖစ္ေနတဲ့အေနအထားကေတာ့ ဝင့္နယ္ဒန္ဟာ
လက္ရွိအခ်ိန္မွာ ဒဏ္ရာနဲ႔နားေနရပါတယ္။
‘ပီအက္စ္ဂ်ီကေန ငါထြက္ခ်င္တယ္ကြာ။’ လို႔ေတာ့
လူျမင္ကြင္းကိုထြက္လာၿပီး သူကေျပာမွာမဟုတ္ပါဘူး။
ဘာလို႔လဲဆိုေတာ့ ဖန္ေတြနဲ႔ဆက္ဆံေရးကို သူကဖ်က္ဆီးခ်င္မွာမဟုတ္ဘူးေလ။”
“ဒါေပမဲ့ ကြၽန္ေတာ္တို႔သိထားတာကေတာ့
သူက ပရီးမီးယားလိဂ္ကိုျပန္သြားခ်င္ေနတယ္။
သူ ဒီေန႔၊ ဒီအပတ္ ဒါမွမဟုတ္ ဒီေႏြရာသီပဲ ျပန္သြားခ်င္ေနၿပီလို႔
ကြၽန္ေတာ္ေျပာေနတာမဟုတ္ပါဘူး၊
ဒါေပမဲ့ သူကျပန္သြားခ်င္ၿပီး အာဆင္နယ္တို႔အတြက္
သူကစားခ်င္တယ္လို႔ ကြၽန္ေတာ္တို႔ စဥ္ဆက္မျပတ္ သတင္းေတြရထားပါတယ္။”
“အာဆင္နယ္ဟာ သူငယ္႐ြယ္စဥ္ကေန ႀကီးျပင္းလာစဥ္မွာ
ႏွစ္သက္သေဘာက်ခဲ့ရတဲ့ကလပ္တစ္ခုျဖစ္ပါတယ္။
ဒါဟာ သူ႔ကိုဆြဲေဆာင္တဲ့တစ္စုံတစ္ရာ ေသခ်ာေပါက္ပါပဲ။
ပီအက္စ္ဂ်ီတို႔က တန္ေဂးအန္ဒြန္ဘီလီကိုေခၚခဲ့မယ္ဆိုရင္
သူတို႔ရဲ႕ကြင္းလယ္ကစားသမားေတြထဲကတစ္ေယာက္ကို
ပီအက္စ္ဂ်ီတို႔ သြားခြင့္ျပဳမွာလား။”
“ဒါဆိုရင္ ဝင့္နယ္ဒန္က အာဆင္နယ္တို႔အတြက္
ေ႐ြးခ်ယ္စရာတစ္ခုျဖစ္လာမလား။
အာဆင္နယ္တို႔က ကြင္းလယ္ကစားသမားတေယာက္ရွာေနတာ
ကြၽန္ေတာ္တို႔သိတာပဲေလ။
သူ႔ကို ငါတို႔မထြက္ေစခ်င္ဘူးလို႔ ပီအက္စ္ဂ်ီတို႔ကေတာ့
ေတာက္ေလွ်ာက္ေျပာေနတာပါပဲ။”
လို႔ ကားဗက္ဆိုးလ္ဟယ္ကိုက စကိုင္းစေပါ့စ္ထရန္ေစာရႈိးမွာ ေျပာခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ အန္ဒြန္ဘီလီႏွင့္ ဝင့္နယ္ဒန္ကို
အလဲအထပ္ ျပဳလုပ္ျခင္းလည္း ျဖစ္လာႏိုင္ေၾကာင္း
သတင္းမ်ားက ေဖာ္ျပပါတယ္။
လက္ရွိအခ်ိန္တြင္ ပိုခ်က္တီႏိုဟာ ပီအက္စ္ဂ်ီအလယ္တန္းတြင္
ဗာရတ္တီ၊ ပါရဲရား၊ ဟာရီရာႏွင့္ ပါရာဒက္စ္တို႔ကို
အမာခံအသုံးျပဳေနၿပီး ဝင့္နယ္ဒန္မွာ ကစားခြင့္မရျဖစ္ေနပါတယ္။