အာတီတာရဲ့ဖြစ်ရပ်ကြောင့် အကောင်းဆုံးနည်းပြဆု မလိုချင်တော့ဘူးလို့ ပေါ်တာ နောက်ပြောင်

အာဆင်နယ်အသင်းနည်းပြ အာတီတာအနေနဲ့ တစ်လတာအကောင်းဆုံးနည်းပြဆု

ရခဲ့ပြီးနောက် ရလဒ်တွေဆိုးရွားနေလို့ ဘရိုက်တန်အသင်းနည်းပြ
ဂရေဟမ်ပေါ်တာက မိမိလည်း အကောင်းဆုံးနည်းပြဆု
မလိုချင်တော့ဘူးလို့ နောက်ပြောင်လိုက်ပါတယ်။
မတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာ
အကောင်းဆုံးနည်းပြဆု အာတီတာ ရရှိခဲ့ပြီးနောက်

အာဆင်နယ်လည်း ၂ပွဲကစား ၂ပွဲစလုံး အရေးနိမ့်ကာ
အဓိကကစားသမား ၂ဦးလည်း ပြင်းထန်တဲ့ဒဏ်ရာတွေ အသီးသီးရခဲ့ပါတယ်။
ဘရိုက်တန်ဟာ အာဆင်နယ်ကို အမ်းမရိတ်စ်မှာ
၁-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၇ပွဲဆက်နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
”အာတီတာ အကောင်းဆုံးဆုမရခင် အာဆင်နယ်ဟာ သိပ်ကိုကောင်းခဲ့တာပါ။

အခု အာဆင်နယ်အသင်းရဲ့အဖြစ်ကို ကြည့်ပြီး ဘာတွေးမိလဲဆိုတော့
တစ်လတာအကောင်းဆုံးနည်းပြဆုက ကျိန်စာဖြစ်နေမလားဆိုပြီးတော့ပေါ့။
ဒီတော့ ကျွန်တော်လည်း အဲဒီဆု မလိုချင်ပါဘူး”လို့ ပေါ်တာက ပြောပါတယ်။
ဘရိုက်တန်ဟာ အာဆင်နယ်ကို ထိုက်ထိုက်တန်တန်
အနိုင်ရခဲ့တာမှန်ပေမယ့် ဝ-၁ ဂိုးနဲ့ ဦးဆောင်နေချိန်

အာဆင်နယ်အသင်းအတွက် မာတင်နယ်လီ
ချေပဂိုးသွင်းမှုကို VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။
”အဲဒီခွင့်မပြုခဲ့တဲ့ဂိုးနဲ့ပတ်သက်လို့ ကျွန်တော် အရမ်းပျော်ရပါတယ်။
ကျွန်တော်လည်း လူကျွံနေတယ်လို့ထင်ပါတယ်။ ရလဒ်ကိုလည်း ကျေနပ်မိပါတယ်”လို့
ပေါ်တာက ဆက်လက်ပြောကြားခဲ့ပါတယ်။

Zawgyi

အာတီတာရဲ႕ျဖစ္ရပ္ေၾကာင့္ အေကာင္းဆုံးနည္းျပဆု မလိုခ်င္ေတာ့ဘူးလုိ႔ ေပၚတာ ေနာက္ေျပာင္
အာဆင္နယ္အသင္းနည္းျပ အာတီတာအေနနဲ႔ တစ္လတာအေကာင္းဆုံးနည္းျပဆု

ရခဲ့ၿပီးေနာက္ ရလဒ္ေတြဆုိးရြားေနလုိ႔ ဘရိုက္တန္အသင္းနည္းျပ
ဂေရဟမ္ေပၚတာက မိမိလည္း အေကာင္းဆုံးနည္းျပဆု
မလိုခ်င္ေတာ့ဘူးလို႔ ေနာက္ေျပာင္လုိက္ပါတယ္။
မတ္လအတြက္ ပရီးမီးယားလိဂ္တစ္လတာ
အေကာင္းဆုံးနည္းျပဆု အာတီတာ ရရွိခဲ့ၿပီးေနာက္

အာဆင္နယ္လည္း ၂ပြဲကစား ၂ပြဲစလုံး အေရးနိမ့္ကာ
အဓိကကစားသမား ၂ဦးလည္း ျပင္းထန္တဲ့ဒဏ္ရာေတြ အသီးသီးရခဲ့ပါတယ္။
ဘရိုက္တန္ဟာ အာဆင္နယ္ကို အမ္းမရိတ္စ္မွာ
၁-၂ ဂိုးနဲ႔ အႏုိင္ရခဲ့ၿပီးေနာက္ ၇ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။
”အာတီတာ အေကာင္းဆုံးဆုမရခင္ အာဆင္နယ္ဟာ သိပ္ကိုေကာင္းခဲ့တာပါ။

အခု အာဆင္နယ္အသင္းရဲ႕အျဖစ္ကို ၾကည့္ၿပီး ဘာေတြးမိလဲဆိုေတာ့
တစ္လတာအေကာင္းဆုံးနည္းျပဆုက က်ိန္စာျဖစ္ေနမလားဆုိၿပီးေတာ့ေပါ့။
ဒီေတာ့ ကၽြန္ေတာ္လည္း အဲဒီဆု မလုိခ်င္ပါဘူး”လုိ႔ ေပၚတာက ေျပာပါတယ္။
ဘရိုက္တန္ဟာ အာဆင္နယ္ကို ထိုက္ထိုက္တန္တန္
အႏိုင္ရခဲ့တာမွန္ေပမယ့္ ၀-၁ ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္

အာဆင္နယ္အသင္းအတြက္ မာတင္နယ္လီ
ေခ်ပဂိုးသြင္းမႈကို VAR က လူကၽြံေဘာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။
”အဲဒီခြင့္မျပဳခ့ဲတဲ့ဂိုးနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ အရမ္းေပ်ာ္ရပါတယ္။
ကၽြန္ေတာ္လည္း လူကၽြံေနတယ္လုိ႔ထင္ပါတယ္။ ရလဒ္ကိုလည္း ေက်နပ္မိပါတယ္”လုိ႔
ေပၚတာက ဆက္လက္ေျပာၾကားခဲ့ပါတယ္။