
လန်ဒန်ဒါဘီမှာ စပါးကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ရာထူးအပေါ်





ဖိအားပိုမိုပြင်းထန်လာခဲ့ပြီလို့ ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာက
ဝန်ခံလိုက်ပါတယ်။ အိုလီဗာဆကစ်နဲ့ ဟယ်ရီကိန်းတို့ရဲ့သွင်းဂိုးတွေက





ချဲလ်ဆီးကို ပြိုင်ပွဲစုံ ၃ ပွဲဆက်အရှုံးဆီတွန်းပို့ပေးလိုက်တာဖြစ်တယ်။
အမေရိကန်ပိုင်ရှင်တွေဟာ နောက်ဆုံး ၁၅ ပွဲ မှာ ၂ ပွဲသာနိုင်ပေမယ့်
နည်းပြအပေါ်ထောက်ခံအားပေးမှုတွေရှိနေတာကို ပရိသတ်တွေ





စိတ်ပျက်နေကြတာပါ။ လက်ရှိအဆိုးမြင်ရလဒ်တွေကြောင့် ဘုတ်အဖွဲ့ရဲ့
ထောက်ခံအားပေးမှုလျော့ကျသွားနိုင်သလားဆိုတဲ့ အမေးကိုတော့ ဂရေဟမ်ပေါ်တာက





“ဒီမေးခွန်းကအမြဲတမ်းရှိတယ်၊ ဒါကို မင်းတို့တားလို့မရဘူး။
လက်ရှိဖြစ်နေတဲ့ ရလဒ်တွေကို ငါလက်ခံတယ်၊ ဒါက အလုပ်ရဲ့အစိတ်အပိုင်းပါ။
ပွဲမတိုင်ခင်မှာ ငါတို့ အာဆင်နယ်ကို All or Nothing စောင့်ကြည့်ခဲ့ကြတဲ့အကြောင်း





ဆွေးနွေးဖြစ်ခဲ့သလို အာတီတာရဲ့အုပ်စိုးမှု ၂ နှစ်မှာ ချန်ပီယံဆုရဖို့နီးစပ်လာပေမယ့်
လူတိုင်းက သူ့ကိုထုတ်ပစ်ချင်ခဲ့ကြတယ်။ ဒါကို ကပ်ဘေးတစ်ခုလို့ရှုမြင်ထားပေမယ့်





အခုအချိန်မှာတော့အခြေအနေ နည်းနည်းပြောင်းလာပြီ။
တကယ်လို့ ဂျာဂင်ကလော့ပ်ရဲ့အခြေအနေကိုကြည့်ရင် ရလဒ်ကောင်းတွေမရတော့တဲ့နောက်
လူတွေက သူ့ကိုချက်ချင်းထွက်သွားစေချင်ကြတယ်။ ဒါက ဘောလုံးရဲ့သဘာဝပါ။





ယုံကြည်ချက်ရှိဖို့အတွက် ဒီကလပ်မှာလုံလောက်အောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒါကိုလည်းလက်ခံပါတယ်။ ကျွန်တော့်အလုပ်အတွက်တော့ သိပ်ပြီးစိတ်ပူစရာမရှိပါဘူး။





ဒီမေးခွန်းဘယ်ကလာတယ်ဆိုတာ နားလည်တယ်၊ ဒါပေမယ့်အသင်းကို
ကူညီဖို့နဲ့ ကစားသမားတွေကိုပံ့ပိုးဖို့ အာရုံစိုက်ကြိုးစားမှာပါ။
ဒီကစားသမားတွေကို အရမ်းသဘောကျတယ်၊ သူတို့က တကယ်ကောင်းတဲ့ ကောင်လေးတွေပါ။





သူတို့ပိုကောင်းအောင်လုပ်ပြီး အနိုင်ယူချင်ကြတယ်။
ဒါပေမယ့် လက်ရှိမှာ ကျွန်တော်တို့ဒုက္ခရောက်နေသလို အဲ့ဒါက ကျွန်တော့်ရဲ့တာဝန်ပါ” လို့ ဝန်ခံသွားပါတယ်။





zawgyi
အာတီတာတုန္းကလည္း All or Nothing ေစာင့္ၾကည့္ခဲ့ၾကၿပီး လူတိုင္းက ထုတ္ပယ္ဖို႔အလိုရွိခဲ့ၾကတယ္လို႔ ဂေရဟမ္ေပၚတာ ဆင္ေျခေပးလာ
လန္ဒန္ဒါဘီမွာ စပါးကိုရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ရာထူးအေပၚ





ဖိအားပိုမိုျပင္းထန္လာခဲ့ၿပီလို႔ ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာက
ဝန္ခံလိုက္ပါတယ္။ အိုလီဗာဆကစ္နဲ႔ ဟယ္ရီကိန္းတို႔ရဲ႕သြင္းဂိုးေတြက





ခ်ဲလ္ဆီးကို ၿပိဳင္ပြဲစုံ ၃ ပြဲဆက္အရႈံးဆီတြန္းပို႔ေပးလိုက္တာျဖစ္တယ္။
အေမရိကန္ပိုင္ရွင္ေတြဟာ ေနာက္ဆုံး ၁၅ ပြဲ မွာ ၂ ပြဲသာႏိုင္ေပမယ့္
နည္းျပအေပၚေထာက္ခံအားေပးမႈေတြရွိေနတာကို ပရိသတ္ေတြ





စိတ္ပ်က္ေနၾကတာပါ။ လက္ရွိအဆိုးျမင္ရလဒ္ေတြေၾကာင့္ ဘုတ္အဖြဲ႕ရဲ႕
ေထာက္ခံအားေပးမႈေလ်ာ့က်သြားႏိုင္သလားဆိုတဲ့ အေမးကိုေတာ့ ဂေရဟမ္ေပၚတာက





“ဒီေမးခြန္းကအၿမဲတမ္းရွိတယ္၊ ဒါကို မင္းတို႔တားလို႔မရဘူး။
လက္ရွိျဖစ္ေနတဲ့ ရလဒ္ေတြကို ငါလက္ခံတယ္၊ ဒါက အလုပ္ရဲ႕အစိတ္အပိုင္းပါ။
ပြဲမတိုင္ခင္မွာ ငါတို႔ အာဆင္နယ္ကို All or Nothing ေစာင့္ၾကည့္ခဲ့ၾကတဲ့အေၾကာင္း





ေဆြးေႏြးျဖစ္ခဲ့သလို အာတီတာရဲ႕အုပ္စိုးမႈ ၂ ႏွစ္မွာ ခ်န္ပီယံဆုရဖို႔နီးစပ္လာေပမယ့္
လူတိုင္းက သူ႔ကိုထုတ္ပစ္ခ်င္ခဲ့ၾကတယ္။ ဒါကို ကပ္ေဘးတစ္ခုလို႔ရႈျမင္ထားေပမယ့္





အခုအခ်ိန္မွာေတာ့အေျခအေန နည္းနည္းေျပာင္းလာၿပီ။
တကယ္လို႔ ဂ်ာဂင္ကေလာ့ပ္ရဲ႕အေျခအေနကိုၾကည့္ရင္ ရလဒ္ေကာင္းေတြမရေတာ့တဲ့ေနာက္
လူေတြက သူ႔ကိုခ်က္ခ်င္းထြက္သြားေစခ်င္ၾကတယ္။ ဒါက ေဘာလုံးရဲ႕သဘာဝပါ။





ယုံၾကည္ခ်က္ရွိဖို႔အတြက္ ဒီကလပ္မွာလုံေလာက္ေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။
ဒါကိုလည္းလက္ခံပါတယ္။ ကြၽန္ေတာ့္အလုပ္အတြက္ေတာ့ သိပ္ၿပီးစိတ္ပူစရာမရွိပါဘူး။





ဒီေမးခြန္းဘယ္ကလာတယ္ဆိုတာ နားလည္တယ္၊ ဒါေပမယ့္အသင္းကို
ကူညီဖို႔နဲ႔ ကစားသမားေတြကိုပံ့ပိုးဖို႔ အာ႐ုံစိုက္ႀကိဳးစားမွာပါ။
ဒီကစားသမားေတြကို အရမ္းသေဘာက်တယ္၊ သူတို႔က တကယ္ေကာင္းတဲ့ ေကာင္ေလးေတြပါ။





သူတို႔ပိုေကာင္းေအာင္လုပ္ၿပီး အႏိုင္ယူခ်င္ၾကတယ္။
ဒါေပမယ့္ လက္ရွိမွာ ကြၽန္ေတာ္တို႔ဒုကၡေရာက္ေနသလို အဲ့ဒါက ကြၽန္ေတာ့္ရဲ႕တာဝန္ပါ” လို႔ ဝန္ခံသြားပါတယ္။