
ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့အမြွှာ ကိုယ်ရံတော်ဟာ ပေါ်တူဂီမြေမှာ
တရားမဝင်အလုပ်လုပ်မှုကြောင့် စုံစမ်းစစ်ဆေးခံရနေတယ်လို့ သိရပါတယ်။
ဆာဂျီယို နဲ့ ဂျော်ဂီအမည်ရတဲ့ အာဖဂန်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့
အထူးစစ်သား ၂ ဦးဟာ ယူနိုက်တက်စတားရဲ့ သက်တော်စောင့်တွေအဖြစ်
တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။
အဆိုပါသက်တော်စောင့် ၂ ဦးက ပေါ်တူဂီရဲတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ကာ
နိုင်ငံရေးသမားများနှင့်တရားသူကြီးများကိုအကာအကွယ်ပေးတဲ့
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ပေါ်တူဂီမဂ္ဂဇင်း Flash ကရော်နယ်ဒိုဟာ
၎င်းတို့အမြွာညီနောင်နှစ်ဦးကိုငှားရမ်းမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
၎င်းတို့ညီနောင်နှစ်ဦးဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သက်တော်စောင့်အဖြစ်
တာဝန်ထမ်းဆောင်ရန် PSP Police မှလုပ်ခမဲ့ခွင့်ယူခဲ့ကြပါတယ်။
ဒါပေမယ့် အဆိုပါညီအကို ၂ ဦးဟာ ပေါ်တူဂီမြေမှာ အာဏာမရှိတဲ့သူတစ်ဦးကို
အနီးကပ်ကာကွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံရတာဖြစ်တယ်လို့
ပေါ်တူဂီသတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် သူတို့ ၂ ဦးဟာ
ပေါ်တူဂီရဲတပ်ဖွဲ့ကို ပြန်လာကာပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်။
တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ စုံစမ်းစစ်ဆေးတုန်းမလို့
ဘာမှပြောလို့မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါအမြွှာညီနောင်နှစ်ဦးဟာယူနိုက်တက်အသင်း ဆွစ်ဇာလန်သို့
သွားရောက်ကာယန်းဘွိုင်းနှင့်ချန်ပီယံအုပ်စုအဝေးကွင်းပွဲသွားကစားစဉ်က
မန်ချက်စတာလေဆိပ်တွင်ရော်နယ်ဒိုကိုအကာအကွယ်ပေးနေမှုနဲ့အတူ
လူအများရဲ့သတိထားခြင်းခံလာခဲ့ရတာပါ။
အတိတ်ကာလတုန်းကလည်း ရော်နယ်ဒိုဟာ သက်တော်စောင့်အဖြစ်
MMA Fighter နဲ့ လေထီး စစ်သည်တို့ကို ငှားရမ်းခဲ့သေးတာဖြစ်ပါတယ်။
zawgyi
အာဏာမရွိတဲ့သူတစ္ဦးကို အနီးကပ္ကာကြယ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စုံစမ္းစစ္ေဆးခံရတဲ့ ေရာ္နယ္ဒိုရဲ႕ သက္ေတာ္ေစာင့္ အႁမႊာ ညီအစ္ကို
ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕အႁမႊာ ကိုယ္ရံေတာ္ဟာ ေပၚတူဂီေျမမွာ
တရားမဝင္အလုပ္လုပ္မႈေၾကာင့္ စုံစမ္းစစ္ေဆးခံရေနတယ္လို႔ သိရပါတယ္။
ဆာဂ်ီယို နဲ႔ ေဂ်ာ္ဂီအမည္ရတဲ့ အာဖဂန္မွာ တာဝန္ထမ္းေဆာင္ဖူးတဲ့
အထူးစစ္သား ၂ ဦးဟာ ယူႏိုက္တက္စတားရဲ႕ သက္ေတာ္ေစာင့္ေတြအျဖစ္
တာဝန္ထမ္းေဆာင္ေနၾကတာ ျဖစ္ပါတယ္။
အဆိုပါသက္ေတာ္ေစာင့္ ၂ ဦးက ေပၚတူဂီရဲတပ္ဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ကာ
ႏိုင္ငံေရးသမားမ်ားႏွင့္တရားသူႀကီးမ်ားကိုအကာအကြယ္ေပးတဲ့
တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ေပၚတူဂီမဂၢဇင္း Flash ကေရာ္နယ္ဒိုဟာ
၎တို႔အႁမြာညီေနာင္ႏွစ္ဦးကိုငွားရမ္းမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။
၎တို႔ညီေနာင္ႏွစ္ဦးဟာ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕သက္ေတာ္ေစာင့္အျဖစ္
တာဝန္ထမ္းေဆာင္ရန္ PSP Police မွလုပ္ခမဲ့ခြင့္ယူခဲ့ၾကပါတယ္။
ဒါေပမယ့္ အဆိုပါညီအကို ၂ ဦးဟာ ေပၚတူဂီေျမမွာ အာဏာမရွိတဲ့သူတစ္ဦးကို
အနီးကပ္ကာကြယ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စုံစမ္းစစ္ေဆးခံရတာျဖစ္တယ္လို႔
ေပၚတူဂီသတင္းစာတစ္ေစာင္က ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႔ ၂ ဦးဟာ
ေပၚတူဂီရဲတပ္ဖြဲ႕ကို ျပန္လာကာျပစ္ဒဏ္ခံရမွာျဖစ္ပါတယ္။
တာဝန္ရွိသူတစ္ဦးကလည္း “ကြၽန္ေတာ္တို႔ စုံစမ္းစစ္ေဆးတုန္းမလို႔
ဘာမွေျပာလို႔မရပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။
အဆိုပါအႁမႊာညီေနာင္ႏွစ္ဦးဟာယူႏိုက္တက္အသင္း ဆြစ္ဇာလန္သို႔
သြားေရာက္ကာယန္းဘြိဳင္းႏွင့္ခ်န္ပီယံအုပ္စုအေဝးကြင္းပြဲသြားကစားစဥ္က
မန္ခ်က္စတာေလဆိပ္တြင္ေရာ္နယ္ဒိုကိုအကာအကြယ္ေပးေနမႈနဲ႔အတူ
လူအမ်ားရဲ႕သတိထားျခင္းခံလာခဲ့ရတာပါ။
အတိတ္ကာလတုန္းကလည္း ေရာ္နယ္ဒိုဟာ သက္ေတာ္ေစာင့္အျဖစ္
MMA Fighter နဲ႔ ေလထီး စစ္သည္တို႔ကို ငွားရမ္းခဲ့ေသးတာျဖစ္ပါတယ္။