အာဆင်နယ် အသင်းခေါင်းဆောင် ဖြစ်လာနိုင်ဖို့နီးစပ်နေတဲ့ အိုဒီဂတ်

မာတင်အိုဒီဂတ်ဟာ နည်းပြအာတီတာအထင်ကြီးအောင်

စွမ်းဆောင်ပြထားနိုင်ပြီး စပိန်သားနည်းပြက လူငယ်ကြယ်ပွင့်လေးအနေနဲ့

အနာဂတ်ရဲ့အသင်းခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။

လက်ရှိအာဆင်နယ်အသင်းခေါင်းဆောင်ကလာကာဇက်တီဖြစ်ပေမဲ့

ပြင်သစ်တိုက်စစ်မှူးဟာစာချုပ်သက်တမ်းကုန်ဆုံးမယ့်နွေရာသီမှာထွက်ခွာဖို့ရှိပါတယ်။

နည်းပြအာတီတာက မာတင်အိုဒီဂတ်အနေနဲ့

အနာဂတ်ရဲ့အသင်းခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့

ချီးကျူးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပြီး

အတော်လေးလည်းအထင်ကြီးနေတာပါ။

အသက်၂၃နှစ်ရှိအိုဒီဂတ်ဟာနော်ဝေအသင်းခေါင်းဆောင်အဖြစ်

တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အာဆင်နယ်တွင်လည်း

အရေးပါတဲ့ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပါတယ်။

အိုဒီဂတ်ဟာရီးရဲလ်မက်ဒရစ်မှပြောင်းလာပြီးနောက်

အာဆင်နယ်ရဲ့အဓိကကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြနေသူဖြစ်ပြီး

ယခုရာသီတွင်၂၅ပွဲကစားထားရာမှာ၄ဂိုးသွင်းထားပါတယ်။

အာတီတာက”အိုဒီဂတ်မှာ အသင်းခေါင်းဆောင်ရာထူးကိုရယူဖို့

လိုအပ်တဲ့အရည်အသွေးတွေရှိပါတယ်။ သေချာပေါက်ပါပဲ။

သူ့ရဲ့လက်ရွေးစင်နည်းပြနဲ့စကားပြောကြည့်တော့

သူ့အပေါ်တော်တော်လေး အထင်ကြီးမိပါတယ်”

“သူကကော်ရေဒါကိုဖြတ်လျှောက်သွားတိုင်း သူ့ကိုအားလုံးကချစ်ပါတယ်။

သူကလူကောင်းတစ်ယောက်ဖြစ်ပြီး အတော်လေးလည်း နှိမ့်ချတတ်တဲ့သူပါ။

သူကတော်တော်လေးလည်း သဘာဝကျတဲ့သူပါ”လို့ပြောသွားခဲ့တာပါ။

zawgyi

အာဆင္နယ္ အသင္းေခါင္းေဆာင္ ျဖစ္လာႏိုင္ဖို႔နီးစပ္ေနတဲ့ အိုဒီဂတ္

မာတင္အိုဒီဂတ္ဟာ နည္းျပအာတီတာအထင္ႀကီးေအာင္

စြမ္းေဆာင္ျပထားႏိုင္ၿပီး စပိန္သားနည္းျပက လူငယ္ၾကယ္ပြင့္ေလးအေနနဲ႔

အနာဂတ္ရဲ႕အသင္းေခါင္းေဆာင္ျဖစ္လာႏိုင္တယ္လို႔ ယူဆေနတာျဖစ္ပါတယ္။

လက္ရွိအာဆင္နယ္အသင္းေခါင္းေဆာင္ကလာကာဇက္တီျဖစ္ေပမဲ့

ျပင္သစ္တိုက္စစ္မႉးဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ေႏြရာသီမွာထြက္ခြာဖို႔ရွိပါတယ္။

နည္းျပအာတီတာက မာတင္အိုဒီဂတ္အေနနဲ႔

အနာဂတ္ရဲ႕အသင္းေခါင္းေဆာင္ျဖစ္လာႏိုင္တယ္လို႔

ခ်ီးက်ဴးေျပာဆိုမႈေတြျပဳလုပ္သြားခဲ့ၿပီး

အေတာ္ေလးလည္းအထင္ႀကီးေနတာပါ။

အသက္၂၃ႏွစ္ရွိအိုဒီဂတ္ဟာေနာ္ေဝအသင္းေခါင္းေဆာင္အျဖစ္

တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး အာဆင္နယ္တြင္လည္း

အေရးပါတဲ့ကစားသမားအျဖစ္ ေျခစြမ္းျပေနသူျဖစ္ပါတယ္။

အိုဒီဂတ္ဟာရီးရဲလ္မက္ဒရစ္မွေျပာင္းလာၿပီးေနာက္

အာဆင္နယ္ရဲ႕အဓိကကစားသမားတစ္ဦးအျဖစ္ေျခစြမ္းျပေနသူျဖစ္ၿပီး

ယခုရာသီတြင္၂၅ပြဲကစားထားရာမွာ၄ဂိုးသြင္းထားပါတယ္။

အာတီတာက”အိုဒီဂတ္မွာ အသင္းေခါင္းေဆာင္ရာထူးကိုရယူဖို႔

လိုအပ္တဲ့အရည္အေသြးေတြရွိပါတယ္။ ေသခ်ာေပါက္ပါပဲ။

သူ႔ရဲ႕လက္ေ႐ြးစင္နည္းျပနဲ႔စကားေျပာၾကည့္ေတာ့

သူ႔အေပၚေတာ္ေတာ္ေလး အထင္ႀကီးမိပါတယ္”

“သူကေကာ္ေရဒါကိုျဖတ္ေလွ်ာက္သြားတိုင္း သူ႔ကိုအားလုံးကခ်စ္ပါတယ္။

သူကလူေကာင္းတစ္ေယာက္ျဖစ္ၿပီး အေတာ္ေလးလည္း ႏွိမ့္ခ်တတ္တဲ့သူပါ။

သူကေတာ္ေတာ္ေလးလည္း သဘာဝက်တဲ့သူပါ”လို႔ေျပာသြားခဲ့တာပါ။