အာဆင်နယ်-မန်စီးတီး ပွဲစဉ်ကို ဘာကြောင့်ရွှေ့ဆိုင်းရတာလဲ

ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတွေဖြစ်ကြတဲ့ ချဲလ်ဆီး၊ မန်ယူ၊ လီဗာပူး အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ အခုညမှာ ယှဉ်ပြိုင်ကစား ဖို့ရှိနေပါတယ်။

ဒါပေမဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် အပြိုင်လုနေကြရတဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်ကတော့ ပါဝင်မလာခဲ့ပါဘူး။

ဒီကြားရက်မှာ အဲဒီ ထိပ်ဆုံး ၂ သင်းကလွဲရင် ကျန်တဲ့အသင်းတွေ အကုန်လုံး ပွဲကစားကြရပါတယ်။ သူတို့နှစ်သင်းက ဘာအတွက်ကြောင့် ကစားရမယ့် အချိန်မှာ မကစားဘဲ ရွှေ့ဆိုင်းခံခဲ့ရတာပါလဲ။

အဓိက အ ကြောင်းအရင်းကတော့ အာဆင်နယ်ဟာ ကြာသပတေးနေ့မှာ ပီအက်စ်ဗွီနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ရှိနေတာကြောင့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာပါ။

အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို ဒုတိယမြောက် အဲလိ ဇဘက်ဘုရင်မကြီးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်လို့ အခု ကြားရက်မှာ ပြန်ပြီး အစားထိုးပေးခဲ့တာဖြစ်ပါတယ်။

ဒါဆိုရင် လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းနှစ်သင်း ရဲ့ ပွဲစဉ်ဟာ ဘယ်တော့မှာ ပြန်ပြီး ကျင်းပဖို့ရှိမလဲဆိုတာကလည်း ပရိသတ်တွေ စိတ်ဝင်စားတဲ့ မေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းက တိကျတဲ့ ရက်သတ်မှတ်တာမျိုးမရှိဘဲ သင့်တော်သလို ထုတ်ပြန်ပေးသွားမယ်လို့ကြေညာထားပါတယ်။

ဒါပေမဲ့ လာမယ့် နိုဝင်ဘာလထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပတော့မှာဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးတဲ့ အချိန်ကျရင်လည်း ပရီးမီးယားလိဂ်ဟာ ဒီဇင်ဘာ ၂၆ ဘောက်ဆင်ဒေးကျမှ ပြန်ပြီး စတင်နိုင်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကျင်းပပြီးနောက် တစ်ပတ်တိတိ အချိန်ဖြစ်ပါတယ်။

ဒါကြောင့် ဘောက်ဆင်ဒေးပွဲစဉ်တွေက အရင်ဆုံး ရောက်လာမှာ ဖြစ်တဲ့အတွက် အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်ကို ဒီနှစ်ထဲမှာ ကစားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒီအတွက် အမှတ်ပေးဇယားထိပ်ဆုံး နေရာကို ကျားကုတ်ကျားခဲ ပြိုင်လုနေကြတဲ့ အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဟာ နောက်နှစ်ထဲမှာပဲ ဖြစ်ပါလိမ့်မယ်။

(Zawgyi)

အာဆင္နယ္-မန္စီးတီး ပြဲစဥ္ကို ဘာေၾကာင့္ေ႐ႊ႕ဆိုင္းရတာလဲ

ပရီးမီးယားလိဂ္ ထိပ္သီးအသင္းႀကီးေတြျဖစ္ၾကတဲ့ ခ်ဲလ္ဆီး၊ မန္ယူ၊ လီဗာပူး အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြဟာ အခုညမွာ ယွဥ္ၿပိဳင္ကစား ဖို႔ရွိေနပါတယ္။

ဒါေပမဲ့ အမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္ အၿပိဳင္လုေန ၾကရတဲ့ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ရဲ႕ ပြဲစဥ္ကေတာ့ ပါဝင္မလာခဲ့ပါဘူး။

ဒီၾကားရက္မွာ အဲဒီ ထိပ္ဆုံး ၂ သင္းကလြဲရင္ က်န္တဲ့အသင္းေတြ အကုန္လုံး ပြဲကစားၾကရပါတယ္။ သူတို႔ႏွစ္သင္းက ဘာအတြက္ေၾကာင့္ ကစားရမယ့္ အခ်ိန္မွာ မကစားဘဲ ေ႐ႊ႕ဆိုင္းခံခဲ့ရတာပါလဲ။

အဓိက အ ေၾကာင္းအရင္းကေတာ့ အာဆင္နယ္ဟာ ၾကာသပေတးေန႔မွာ ပီအက္စ္ဗြီနဲ႔ ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္ရွိေနတာေၾကာင့္ ဗုဒၶဟူးေန႔မွာ ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့တာပါ။

အာဆင္နယ္နဲ႔ ပီအက္စ္ဗြီတို႔ ယွဥ္ၿပိဳင္ကစားမယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္ကို ဒုတိယေျမာက္ အဲလိ ဇဘက္ဘုရင္မႀကီးရဲ႕ ႏိုင္ငံေတာ္ဈာပနအခမ္းအနားေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရတာ ျဖစ္လို႔ အခု ၾကားရက္မွာ ျပန္ၿပီး အစားထိုးေပးခဲ့တာျဖစ္ပါတယ္။

ဒါဆိုရင္ လက္ရွိပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အသင္းႏွစ္သင္း ရဲ႕ ပြဲစဥ္ဟာ ဘယ္ေတာ့မွာ ျပန္ၿပီး က်င္းပဖို႔ရွိမလဲဆိုတာကလည္း ပရိသတ္ ေတြ စိတ္ဝင္စားတဲ့ ေမးခြန္းတစ္ခုျဖစ္လာခဲ့ပါတယ္။

ဒီအတြက္ သက္ဆိုင္ရာ အဖြဲ႕အစည္းက တိက်တဲ့ ရက္သတ္မွတ္တာမ်ိဳးမရွိဘဲ သင့္ေတာ္သလို ထုတ္ျပန္ေပး သြားမယ္လို႔ေၾကညာထားပါတယ္။

ဒါေပမဲ့ လာမယ့္ ႏိုဝင္ဘာလထဲမွာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး က်င္းပေတာ့မွာျဖစ္သလို ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး ၿပီးဆုံးတဲ့ အခ်ိန္က်ရင္လည္း ပရီးမီးယားလိဂ္ဟာ ဒီဇင္ဘာ ၂၆ ေဘာက္ဆင္ေဒးက်မွ ျပန္ၿပီး စတင္ႏိုင္မွာ ျဖစ္ပါတယ္။

ဒီဇင္ဘာ ၂၆ ရက္ဟာ ကမာၻ႔ဖလား ဗိုလ္လုပြဲ က်င္းပၿပီးေနာက္ တစ္ပတ္တိတိ အခ်ိန္ျဖစ္ပါတယ္။

ဒါေၾကာင့္ ေဘာက္ဆင္ေဒးပြဲစဥ္ေတြက အရင္ဆုံး ေရာက္လာမွာ ျဖစ္တဲ့အတြက္ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ရဲ႕ ပြဲစဥ္ကို ဒီႏွစ္ထဲမွာ ကစားဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။

ဒီအတြက္ အမွတ္ေပးဇယားထိပ္ဆုံး ေနရာကို က်ားကုတ္က်ားခဲ ၿပိဳင္လုေနၾကတဲ့ အသင္းႏွစ္သင္းရဲ႕ ပြဲစဥ္ဟာ ေနာက္ႏွစ္ထဲမွာပဲ ျဖစ္ပါလိမ့္မယ္။