အာဆင်နယ် ကံကောင်းပြီးနိုင်သွားတာလို့ဆိုလိုက်တဲ့ မာကိုဆေးလ်ဗား

အာဆင်နယ်အနေနဲ့ ကံကောင်းတဲ့ဂိုးတွေနဲ့အနိုင်ရသွားခဲ့တာဖြစ်တယ်လို့ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗား ကပြောလိုက်ပါတယ်။ လန်ဒန်ပွဲစဉ်ဖြစ်တာနဲ့အညီ အာဆင်နယ်နဲ့ဖူလ်ဟမ်တို့ပွဲက အကြိတ်အနယ်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ဦးဆောင်ဂိုးကို ပွဲချိန် ၅၆ မိနစ်မှာ ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်က အာဆင်နယ်နောက်ခံ လူ ဂါဘရီရယ်ရဲ့ အမှားကနေ သွင်းယူသွားခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် ၆၄ မိနစ်မှာ အိုဒီဂတ်က ချေပဂိုးပြန်သွင်း သွားခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၆ မိနစ်မှာ

သူ့ကြောင့်အဖွင့်ဂိုးပေးလိုက်ရတဲ့ ဂါဘရီရယ်က ထောင့်ကန်ဘော ကတစ်ဆင့်ပြန်လည်သွင်းယူပေးသွားခဲ့တာပါ။ ဒါပေမယ့် ဖူလ်ဟမ်နည်းပြ ဆေးလ်ဗားကတော့ ဒီရလဒ်ဟာ သူ့တို့အတွက် မထိုက်ကြောင်းဆိုခဲ့ပြီး အာဆင်နယ်အနေနဲ့ ကံကောင်းမှုရသွားခဲ့တာလို့ဆိုခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ အပိုင်အခွင့်အရေးတွေသိပ်မရခဲ့ဘဲ ပထမဂိုးဟာ ကစားသမားတစ်ယောက်နဲ့ ထိပြီးပြန်ထွက်လာတာကနေ ဂိုးပေးလိုက်သလို ဒုတိယဂိုးဆိုရင်လည်းဘယ်လိုရသွားမှန်းတောင် မသိလိုက်ဘူးလို့ ဆေးလ်ဗားကိုကပြောခဲ့ပါ တယ်။

အာဆင်နယ်ရသွားတဲ့အနိုင်ဂိုးဟာ ထောင့်ကန်ဘောကို ဖူလ်ဟမ်ဂိုးသမားနဲ့ နှစ်ဖက်ကစားသမားတွေ ယှဉ်လုရင်းပြန်ကျလာတာကို ဂါဘရီရယ်က အနီးကပ်ပိတ်သွင်းသွားခဲ့တာပါ။ အခုပွဲစဉ်မှာ ဖူလ်ဟမ်အနေနဲ့ အရှုံးရလဒ်ကိုကြုံခဲ့ရပေမယ့်

သူ့ကစားသမားတွေအနေနဲ့ ဒီထက်ထိုက်တန်တဲ့ခြေစွမ်းမျိုးကို ပြသသွားနိုင်ခဲ့ တာလို့လည်း ဆေးလ်ဗာက ဆိုသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တချို့ဟာ

အငြင်းပွားစရာတွေရှိခဲ့တယ်လို့ဆိုခဲ့ပါတယ်။ လက်ရှိမှာ ဖူလ်ဟမ်အနေနဲ့ အကောင်းဆုံးပုံစံမှာရှိနေပေမယ့် အရန်အင်အားအတွက် ဖြည့်တင်းမှုတွေတော့ လိုနေသေးတယ်လို့လည်း ဝန်ခံသွားခဲ့တာတွေ့ရပါတယ်။

(zawgyi)

အာဆင္နယ္အေနနဲ႔ ကံေကာင္းတဲ့ဂိုးေတြနဲ႔အႏိုင္ရသြားခဲ့တာျဖစ္တယ္လို႔ ဖူလ္ဟမ္နည္းျပ မာကိုေဆးလ္ဗား ကေျပာလိုက္ပါတယ္။ လန္ဒန္ပြဲစဥ္ျဖစ္တာနဲ႔အညီ အာဆင္နယ္နဲ႔ဖူလ္ဟမ္တို႔ပြဲက အႀကိတ္အနယ္ရွိခဲ့တာလည္း ျဖစ္ပါတယ္။ ဒီပြဲစဥ္ရဲ႕ဦးေဆာင္ဂိုးကို ပြဲခ်ိန္ ၅၆ မိနစ္မွ

ာ ဖူလ္ဟမ္တိုက္စစ္မႉး မီထ႐ိုဗစ္က အာဆင္နယ္ေနာက္ခံ လူ ဂါဘရီရယ္ရဲ႕ အမွားကေန သြင္းယူသြားခဲ့တာပါ။ ဒါေပမယ့္ ပြဲခ်ိန္ ၆၄ မိနစ္မွာ အိုဒီဂတ္က ေခ်ပဂိုးျပန္သြင္း သြားခဲ့ၿပီး အႏိုင္ဂိုးကိုေတာ့ ပြဲခ်ိန္ ၈၆ မိနစ္မွာ သူ႔ေၾကာင့္အဖြင့္ဂိုးေပးလိုက္ရတဲ့ ဂါဘရီရယ္က ေထာင့္ကန္ေဘာ

ကတစ္ဆင့္ျပန္လည္သြင္းယူေပးသြားခဲ့တာပါ။ ဒါေပမယ့္ ဖူလ္ဟမ္နည္းျပ ေဆးလ္ဗားကေတာ့ ဒီရလဒ္ဟာ သူ႔တို႔အတြက္ မထိုက္ေၾကာင္းဆိုခဲ့ၿပီး အာဆင္နယ္အေနနဲ႔ ကံေကာင္းမႈရသြားခဲ့တာလို႔ဆိုခဲ့ပါတယ္။

အာဆင္နယ္ အေနနဲ႔ အပိုင္အခြင့္အေရးေတြသိပ္မရခဲ့ဘဲ  ပထမဂိုးဟာ ကစားသမားတစ္ေယာက္နဲ႔ ထိၿပီးျပန္ထြက္လာတာကေန ဂိုးေပးလိုက္သလို ဒုတိယဂိုးဆိုရင္လည္းဘယ္လိုရသြားမွန္းေတာင္ မသိလိုက္ဘူးလို႔

ေဆးလ္ဗားကိုကေျပာခဲ့ပါ တယ္။ အာဆင္နယ္ရသြားတဲ့အႏိုင္ဂိုးဟာ ေထာင့္ကန္ေဘာကို ဖူလ္ဟမ္ဂိုးသမားနဲ႔  ႏွစ္ဖက္ကစားသမားေတြ ယွဥ္လုရင္းျပန္က်လာတာကို ဂါဘရီရယ္က အနီးကပ္ပိတ္သြင္းသြားခဲ့တာပါ။

အခုပြဲစဥ္မွာ ဖူလ္ဟမ္အေနနဲ႔ အရႈံးရလဒ္ကိုႀကဳံခဲ့ရေပမယ့္ သူ႔ကစားသမားေတြအေနနဲ႔ ဒီထက္ထိုက္တန္တဲ့ေျခစြမ္းမ်ိဳးကို ျပသသြားႏိုင္ခဲ့ တာလို႔လည္း ေဆးလ္ဗာက ဆိုသြားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္တခ်ိဳ႕ဟာ

အျငင္းပြားစရာေတြရွိခဲ့တယ္လို႔ဆိုခဲ့ပါတယ္။ လက္ရွိမွာ ဖူလ္ဟမ္အေနနဲ႔ အေကာင္းဆုံးပုံစံမွာရွိေနေပမယ့္ အရန္အင္အားအတြက္ ျဖည့္တင္းမႈေတြေတာ့ လိုေနေသးတယ္လို႔လည္း ဝန္ခံသြားခဲ့တာေတြ႕ရပါတယ္။