အာဆင်နယ်အမျိုးသားအသင်း ရှုံးပွဲတွေ့ခဲ့ပေမယ့် ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရလဒ်ကောင်းနေတဲ့ အမျိုးသမီးအသင်း

မနေ့က ဥရောပပွဲတွေအဖြစ်ကစားခဲ့တဲ့ပွဲတွေမှာ အာဆင်နယ်အမျိုးသားအသင်းဟာ ယူရိုပါလိဂ်မှာ PSV ကို ရှုံးပွဲတွေ့ခဲ့ပေမယ့်

အမျိုးသမီးအသင်းကတော့ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့်က တက်သွားပြီဖြစ်ပေမယ့်

PSV ကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုဗိုလ်နေရာအတွက် ဆက်လက်ရုန်းကန်ရမှာဖြစ်ပါတယ်။

အခုလောလောဆယ် အာဆင်နယ်အသင်းက (၁၂)မှတ်၊ PSV က (၁၀)မှတ်နဲ့ နှစ်သင်းစလုံး နောက်တစ်ဆင့်တက်သွားပြီဖြစ်ပြီး

အာဆင်နယ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဇူးရစ်ချ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်တဲ့အတွက်

အုပ်စုဗိုလ်နေရာရချင်တယ်ဆိုရင် မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပါတယ်။

PSV နဲ့ ရှုံးပွဲက ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ဒုတိယမြောက်ရှုံးပွဲဖြစ်ခဲ့ပြီး

ပရီးမီးယားလိဂ်မှာတုန်းက မန်ချက်စတာယူနိုက်တက်ကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်အမျိုးသားအသင်း ရှုံးပွဲတွေ့ခဲ့ချိန်မှာ တစ်ရက်တည်းကစားခဲ့တဲ့ အမျိုးသမီးအသင်းကတော့

ဇူးရစ်ချ်ကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်အုပ်စုတွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူခဲ့ပါတယ်။

အာဆင်နယ်အမျိုးသမီးအသင်းအတွက် ဂိုးတွေကို ဂျော်ဒန်နော့ဘ်စ်(၃၈မိနစ်)၊ အန်ဒရေယာဟာတစ်ဂ်(၄၅မိနစ်၊ ၇၈မိနစ်)တို့က သွင်းယူခဲ့ပြီး

အခုဆိုရင် (၂)ပွဲကစား၊ (၂)ပွဲနိုင်နဲ့ အုပ်စုက တက်ဖို့ အခြေအနေကောင်းသွားပါတယ်။

အဖွင့်ပွဲတုန်းက လက်ရှိချန်ပီယံဖြစ်သလို အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိမ်အများဆုံးဗိုလ်စွဲထားတဲ့ လိုင်ယွန်အသင်းကို

အာဆင်နယ်တို့ အဝေးကွင်းမှာ ခြေစွမ်းပြပြီးတော့ (၅-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

၂၀၀၆-၀၇ ရာသီတုန်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ပြီး အင်္ဂလန်အမျိုးသမီးကလပ်တွေထဲမှာ

ချန်ပီယံလိဂ်ဖလားရဖူးတဲ့ တစ်သင်းတည်းသောကလပ်အဖြစ် စံချိန်တင်ထားတဲ့ အာဆင်နယ်အသင်းဟာ

ဒီရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေ ရယူနေပြီး

(၄)ပွဲကစား၊ (၄)ပွဲနိုင်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

zawgyi

အာဆင္နယ္အမ်ိဳးသားအသင္း ရႈံးပြဲေတြ႕ခဲ့ေပမယ့္ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ ရလဒ္ေကာင္းေနတဲ့ အမ်ိဳးသမီးအသင္း

မေန႔က ဥေရာပပြဲေတြအျဖစ္ကစားခဲ့တဲ့ပြဲေတြမွာ အာဆင္နယ္အမ်ိဳးသားအသင္းဟာ ယူ႐ိုပါလိဂ္မွာ PSV ကို ရႈံးပြဲေတြ႕ခဲ့ေပမယ့္

အမ်ိဳးသမီးအသင္းကေတာ့ ခ်န္ပီယံလိဂ္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ ရလဒ္ေကာင္းရယူႏိုင္ခဲ့ပါတယ္။

အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ အုပ္စုအဆင့္က တက္သြားၿပီျဖစ္ေပမယ့္

PSV ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ အုပ္စုဗိုလ္ေနရာအတြက္ ဆက္လက္႐ုန္းကန္ရမွာျဖစ္ပါတယ္။

အခုေလာေလာဆယ္ အာဆင္နယ္အသင္းက (၁၂)မွတ္၊ PSV က (၁၀)မွတ္နဲ႔ ႏွစ္သင္းစလုံး ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္ၿပီး

အာဆင္နယ္အသင္းဟာ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ဇူးရစ္ခ်္ကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္တဲ့အတြက္

အုပ္စုဗိုလ္ေနရာရခ်င္တယ္ဆိုရင္ မျဖစ္မေနအႏိုင္ကစားဖို႔ လိုအပ္ေနပါတယ္။

PSV နဲ႔ ရႈံးပြဲက ဒီရာသီမွာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ဒုတိယေျမာက္ရႈံးပြဲျဖစ္ခဲ့ၿပီး

ပရီးမီးယားလိဂ္မွာတုန္းက မန္ခ်က္စတာယူႏိုက္တက္ကို (၃-၁)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

အာဆင္နယ္အမ်ိဳးသားအသင္း ရႈံးပြဲေတြ႕ခဲ့ခ်ိန္မွာ တစ္ရက္တည္းကစားခဲ့တဲ့ အမ်ိဳးသမီးအသင္းကေတာ့

ဇူးရစ္ခ်္ကို (၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္အုပ္စုတြင္းမွာ ရာႏႈန္းျပည့္ႏိုင္ပြဲ ရယူခဲ့ပါတယ္။

အာဆင္နယ္အမ်ိဳးသမီးအသင္းအတြက္ ဂိုးေတြကို ေဂ်ာ္ဒန္ေနာ့ဘ္စ္(၃၈မိနစ္)၊ အန္ဒေရယာဟာတစ္ဂ္(၄၅မိနစ္၊ ၇၈မိနစ္)တို႔က သြင္းယူခဲ့ၿပီး

အခုဆိုရင္ (၂)ပြဲကစား၊ (၂)ပြဲႏိုင္နဲ႔ အုပ္စုက တက္ဖို႔ အေျခအေနေကာင္းသြားပါတယ္။

အဖြင့္ပြဲတုန္းက လက္ရွိခ်န္ပီယံျဖစ္သလို အမ်ိဳးသမီးခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အႀကိမ္အမ်ားဆုံးဗိုလ္စြဲထားတဲ့ လိုင္ယြန္အသင္းကို

အာဆင္နယ္တို႔ အေဝးကြင္းမွာ ေျခစြမ္းျပၿပီးေတာ့ (၅-၁)ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့ပါတယ္။

၂၀၀၆-၀၇ ရာသီတုန္းက ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့ၿပီး အဂၤလန္အမ်ိဳးသမီးကလပ္ေတြထဲမွာ

ခ်န္ပီယံလိဂ္ဖလားရဖူးတဲ့ တစ္သင္းတည္းေသာကလပ္အျဖစ္ စံခ်ိန္တင္ထားတဲ့ အာဆင္နယ္အသင္းဟာ

ဒီရာသီ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာလည္း ရလဒ္ေကာင္းေတြ ရယူေနၿပီး

(၄)ပြဲကစား၊ (၄)ပြဲႏိုင္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။