အာဆင်နယ်အတွက် အွန်နရီ ပြန်လည်မွေဖွားခြင်း

ရာသီသစ်မှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ နည်းပြအာတီတာရဲ့ အာဆင်နယ်ဟာ ဒီတစ်ပတ်အဝေးကွင်းပွဲမှာ လည်း အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့သွင်းဂိုးတွေနဲ့ ဘုန်းမောက်ကိုအနိုင်ယူပြီး စနေည အမှတ်ပေးဇယား ထိပ်ကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲအစ ၅မိနစ်မှာပဲ အိုဒီဂတ်က အဖွင့်ဂိုးစသွင်းနိုင်ခဲ့ပြီး အာဆင်နယ်တို့ ပွဲကို ဦးဆောင်သွားနိုင်ခဲ့တာပါ။ အဲဒီလိုဖြစ်ဖို့ အဓိကစွမ်းဆောင်ပေးသွားတဲ့ကစားသမားကတော့ တိုက်စစ်မှူးသစ် ဂျီးဆပ်စ်ပဲဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားတစ်ဦး အမြင့်ဘောကန်တင်ပေးလိုက်တဲ့ဘောလုံးကို ဘုန်းမောက်ကွင်းလယ်ဘက်အခြမ်းမှာ ပြိုင်ဘက်ကစားသမားရှေ့ကနေလှပစွာဖြတ်ယူပြီး

နောက်ခံလူ ၃ယောက် ကိုကျော်ဖြတ်ကာ မာတင်နယ်လီကို ဖန်တီးပေးခဲ့တာပါ။ အဲဒီနောက် မာတင်နယ်လီရဲ့ကန်ချက် ဘုန်းမောက် ဂိုးသမားနဲ့ထိပြီး ပြန်ထွက်လာတာကို အိုဒီဂတ်က ပိတ်ပင်သွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက်အဖွင့်ဂိုးကို အိုဒီဂတ်ကသွင်းပေးခဲ့ပေမယ့် ဘောလုံးပွဲအစီအစဉ်တင်ဆက်သူတွေနဲ့ ပရိသတ်တွေရဲ့အာရုံမှာတော့

ဂျီးဆပ်စ်ရဲ့ ဖန်တီးပေးမှုကို ပြောမဆုံးအောင်ဖြစ်သွားစေခဲ့ပါတယ်။ ရုပ်သံတင်ဆက်သူ ဂယ်ရီလိုင်နီကာကဆိုရင် ဂျီးဆပ်စ်ဟာ ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အာဆင်နယ်အဖွင့်ဂိုးရအောင်ဖန်တီးပေးသွားနိုင်တာဟာ မက်ဆီရဲ့စွမ်းဆောင်ရည်တွေကို မြင်ရသလိုဖြစ်ခဲ့တယ်လို့ ချီးကျူးသွားခဲ့တာပါ။

အာဆင်နယ်ပရိသတ်တွေက လည်းတစ်ချိန်ကသူတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူး အွန်နရီနဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ကြသလို အာဆင်နယ်ရဲ့ရုပ်သံအစီအစဉ် တစ်ခုမှာဆိုရင် ‘Gabriel Jesus is Henry reborn’ ဆိုပြီးဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

ဘေားလုံးပွဲ အစီအစဉ် တင်ဆက်သူတစ်ဦးဖြစ်တဲ့ ဂျေမီရက်ခ်နက်ကလည်း ဂျီးဆပ်စ်ဟာ လျှပ်စီးလိုလျှင်မြန်ပြီး သန်မာတဲ့ တိုက်စစ်မှူး မျိုုးဖြစ်ကာ လာကာဇက်တီနဲ့ အူဘာမီယန်တို့ထက် သာလွန်တယ်လို့ဆိုခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ဂျီးဆပ်စ်အနေနဲ့ အာဆင်နယ်အတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဘုန်းမောက်ကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့ရာမှာတော့ သူ့ရဲ့စွမ်းဆောင် ရည်တွေဟာ အဓိကကျခဲ့တာဖြစ်ပါတယ်။ ဂျီးဆပ်စ်ဟာ အခုနှစ်နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်ရောက် လာတာဖြစ်ပြီး လက်စတာကို ၄ ဂိုး ၂ဂိုးနဲ့အနိုင်တဲ့ပွဲစဉ်မှာလည်း ကိုယ်တိုင်နှစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီး ပေးထား နိုင်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ရာသီသစ္မွာ အေကာင္းဆုံးေျခစြမ္းျပေနတဲ့ နည္းျပအာတီတာရဲ႕ အာဆင္နယ္ဟာ ဒီတစ္ပတ္အေဝးကြင္းပြဲမွာ လည္း အသင္းေခါင္းေဆာင္ အိုဒီဂတ္ရဲ႕သြင္းဂိုးေတြနဲ႔ ဘုန္းေမာက္ကိုအႏိုင္ယူၿပီး စေနည အမွတ္ေပးဇယား ထိပ္ကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲအစ ၅မိနစ္မွာပဲ အိုဒီဂတ္က အဖြင့္ဂိုးစသြင္းႏိုင္ခဲ့ၿပီး အာဆင္နယ္တို႔ ပြဲကို ဦးေဆာင္သြားႏိုင္ခဲ့တာပါ။ အဲဒီလိုျဖစ္ဖို႔ အဓိကစြမ္းေဆာင္ေပးသြားတဲ့ကစားသမားကေတာ့ တိုက္စစ္မႉးသစ္ ဂ်ီးဆပ္စ္ပဲျဖစ္ပါတယ္။ အာဆင္နယ္ကစားသမားတစ္ဦး အျမင့္ေဘာကန္တင္ေပးလိုက္တဲ့ေဘာလုံးကို ဘုန္းေမာက္ကြင္းလယ္ဘက္အျခမ္းမွာ ၿပိဳင္ဘက္ကစားသမားေရွ႕ကေနလွပစြာျဖတ္ယူၿပီး

ေနာက္ခံလူ ၃ေယာက္ ကိုေက်ာ္ျဖတ္ကာ မာတင္နယ္လီကို ဖန္တီးေပးခဲ့တာပါ။ အဲဒီေနာက္ မာတင္နယ္လီရဲ႕ကန္ခ်က္ ဘုန္းေမာက္ ဂိုးသမားနဲ႔ထိၿပီး ျပန္ထြက္လာတာကို အိုဒီဂတ္က ပိတ္ပင္သြားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အတြက္အဖြင့္ဂိုးကို အိုဒီဂတ္ကသြင္းေပးခဲ့ေပမယ့္ ေဘာလုံးပြဲအစီအစဥ္တင္ဆက္သူေတြနဲ႔ ပရိသတ္ေတြရဲ႕အာ႐ုံမွာေတာ့ ဂ်ီးဆပ္စ္ရဲ႕ ဖန္တီးေပးမႈကို ေျပာမဆုံးေအာင္ျဖစ္သြားေစခဲ့ပါတယ္။

႐ုပ္သံတင္ဆက္သူ ဂယ္ရီလိုင္နီကာကဆိုရင္ ဂ်ီးဆပ္စ္ဟာ ဒီေန႔ပြဲရဲ႕အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္ခဲ့ၿပီး အာဆင္နယ္အဖြင့္ဂိုးရေအာင္ဖန္တီးေပးသြားႏိုင္တာဟာ မက္ဆီရဲ႕စြမ္းေဆာင္ရည္ေတြကို ျမင္ရသလိုျဖစ္ခဲ့တယ္လို႔ ခ်ီးက်ဴးသြားခဲ့တာပါ။

အာဆင္နယ္ပရိသတ္ေတြက လည္းတစ္ခ်ိန္ကသူတို႔ရဲ႕ ဂႏၲဝင္တိုက္စစ္မႉး အြန္နရီနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးခဲ့ၾကသလို အာဆင္နယ္ရဲ႕႐ုပ္သံအစီအစဥ္ တစ္ခုမွာဆိုရင္ ‘Gabriel Jesus is Henry reborn’ ဆိုၿပီးေဖာ္ျပသြားခဲ့တာျဖစ္ပါတယ္။

ေဘားလုံးပြဲ အစီအစဥ္ တင္ဆက္သူတစ္ဦးျဖစ္တဲ့ ေဂ်မီရက္ခ္နက္ကလည္း ဂ်ီးဆပ္စ္ဟာ လွ်ပ္စီးလိုလွ်င္ျမန္ၿပီး သန္မာတဲ့ တိုက္စစ္မႉး မ်ိဳုးျဖစ္ကာ လာကာဇက္တီနဲ႔ အူဘာမီယန္တို႔ထက္ သာလြန္တယ္လို႔ဆိုခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ဂ်ီးဆပ္စ္အေနနဲ႔ အာဆင္နယ္အတြက္ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္

ဘုန္းေမာက္ကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ရာမွာေတာ့ သူ႔ရဲ႕စြမ္းေဆာင္ ရည္ေတြဟာ အဓိကက်ခဲ့တာျဖစ္ပါတယ္။ ဂ်ီးဆပ္စ္ဟာ အခုႏွစ္ေႏြရာသီမွာ မန္စီးတီးကေန အာဆင္နယ္ေရာက္ လာတာျဖစ္ၿပီး လက္စတာကို ၄ ဂိုး ၂ဂိုးနဲ႔အႏိုင္တဲ့ပြဲစဥ္မွာလည္း ကိုယ္တိုင္ႏွစ္ဂိုးသြင္းၿပီး ႏွစ္ဂိုးဖန္တီး ေပးထား ႏိုင္ခဲ့တာျဖစ္ပါတယ္။