အာဆင်နယ်ရှုံးပွဲမကြုံသေးတာ သရဲနီ တွေနဲ့မတွေ့ရသေးလို့ပါကွာ လို့ ပြောရမလိုဖြစ်အောင် ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ နိုင်ပွဲနဲ့ သက်သေပြခဲ့တဲ့ နစ္စတယ်ရွိုင်း

ယူရိုပါလိဂ်ပွဲမှာ အာဆင်နယ်ဟာ နယ်သာလန်ကလပ် ပီအက်စ်ဗွီကို အရေးနိမ့်ခဲ့ပြီး ၉ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန် ပျက်ပြယ်ခဲ့ရပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ နှစ်ပွဲပဲရှုံးပါသေးတယ်။ ထူးခြားတိုက်ဆိုင်မှုမှာ တစ်သင်းကတော့ ယူနိုက်တက်ကို ရှုံးခဲ့တာဖြစ်ပြီး၊

နောက်တစ်သင်းကတော့ ယူနိုက်တက်ကစားသမားဟောင်း နစ္စတယ်ရွိုင်းကိုင်တွယ်နေတဲ့ ပီအက်စ်ဗွီအသင်းဖြစ်နေတာပါပဲ။

ကစားသမားဘဝမှာ ထိပ်တန်းတိုက်စစ်မှုးတစ်ယောက်အဖြစ် အောင်မြင်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ နည်းပြဘဝမှာလည်း ပီအက်စ်ဗီနဲ့တာထွက်ကောင်းထားပါတယ်။

ဒီနိုင်ပွဲကြောင့် ပီအက်စ်ဗွီတို့ဟာ ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သလို အုပ်စုပထမနေရာအတွက်ပါ မျှော်လင့်ချက်ရှိသွားခဲ့ပါတယ်။

ရမှတ် (၂)မှတ်သာ ကွာဟတဲ့ အနေအထားဖြစ်လာတာကြောင့် အာဆင်နယ်က ဇူးရစ်ချ်နဲ့နောက်ဆုံးပွဲမှာ ရှုံးလု့ိ မရတော့ပါဘူး။

နောက်ဆုံးပွဲစဉ်မှာသာ အာဆင်နယ်တို့ ရလဒ်မကောင်းခဲ့ဘူးဆိုရင် အုပ်စုပထမနေရာကို ပီအက်စ်ဗွီတို့ ရယူပြီး ၃၂ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်သွားပါလိမ့်မယ်။

နစ္စတယ်ရွိုင်းအတွက် ဒီနိုင်ပွဲဟာ အမှတ်တရဖြစ်မှာ သေချာသလို ဂန်းနာပရိသတ်တွေအတွက်လည်း အတိတ်ကဖြစ်ရပ်ကို ပြန်ပြီး သတိရစရာဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၈ နှစ် (၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့) ကစားသမားဘဝတုန်းက

နစ္စတယ်ရွိုင်းဟာ အာဆင်နယ်ရဲ့ ၄၉ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ခဲ့သူဖြစ်ပါတယ်။

မှတ်မှတ်ရရဆို အဲဒီပွဲအပြီး ဥမင်အတွင်းမှာ ယူနိုက်တက်နည်းပြဖာဂူဆန်တစ်ယောက် ပီဇာနဲ့ပစ်ပေါက်ခံရလို့ Pizzagate လု့ိ တောင် နာမည်ကြီးသွားခဲ့သေးတယ်။

အဲဒီကတည်းက နစ္စတယ်ရွိင်းဟာ အာဆင်နယ်အတွက် ရန်သူတစ်ယောက်လို ဖြစ်ခဲ့တာပါ။

zawgyi

အာဆင္နယ္ရႈံးပြဲမႀကဳံေသးတာ သရဲနီ ေတြနဲ႔မေတြ႕ရေသးလို႔ပါကြာ လို႔ ေျပာရမလိုျဖစ္ေအာင္

ကစားသမားဘဝမွာေရာ နည္းျပဘဝမွာပါ ႏိုင္ပြဲနဲ႔ သက္ေသျပခဲ့တဲ့ နစၥတယ္႐ြိဳင္း

ယူ႐ိုပါလိဂ္ပြဲမွာ အာဆင္နယ္ဟာ နယ္သာလန္ကလပ္ ပီအက္စ္ဗြီကို အေရးနိမ့္ခဲ့ၿပီး ၉ ပြဲဆက္တိုက္ရႈံးပြဲမရွိစံခ်ိန္ ပ်က္ျပယ္ခဲ့ရၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဒီရာသီမွာ ႏွစ္ပြဲပဲရႈံးပါေသးတယ္။ ထူးျခားတိုက္ဆိုင္မႈမွာ တစ္သင္းကေတာ့ ယူႏိုက္တက္ကို ရႈံးခဲ့တာျဖစ္ၿပီး၊

ေနာက္တစ္သင္းကေတာ့ ယူႏိုက္တက္ကစားသမားေဟာင္း နစၥတယ္႐ြိဳင္းကိုင္တြယ္ေနတဲ့ ပီအက္စ္ဗြီအသင္းျဖစ္ေနတာပါပဲ။

ကစားသမားဘဝမွာ ထိပ္တန္းတိုက္စစ္မႈးတစ္ေယာက္အျဖစ္ ေအာင္ျမင္ခဲ့တဲ့ နစၥတယ္႐ြိဳင္းဟာ နည္းျပဘဝမွာလည္း ပီအက္စ္ဗီနဲ႔တာထြက္ေကာင္းထားပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ပီအက္စ္ဗြီတို႔ဟာ ပထမအေက်ာ့ရႈံးေႂကြးကို ျပန္ဆပ္ႏိုင္ခဲ့သလို အုပ္စုပထမေနရာအတြက္ပါ ေမွ်ာ္လင့္ခ်က္ရွိသြားခဲ့ပါတယ္။

ရမွတ္ (၂)မွတ္သာ ကြာဟတဲ့ အေနအထားျဖစ္လာတာေၾကာင့္ အာဆင္နယ္က ဇူးရစ္ခ်္နဲ႔ေနာက္ဆုံးပြဲမွာ ရႈံးလု႔ိ မရေတာ့ပါဘူး။

ေနာက္ဆုံးပြဲစဥ္မွာသာ အာဆင္နယ္တို႔ ရလဒ္မေကာင္းခဲ့ဘူးဆိုရင္ အုပ္စုပထမေနရာကို ပီအက္စ္ဗြီတို႔ ရယူၿပီး ၃၂ သင္းအဆင့္ကို တိုက္႐ိုက္တက္ေရာက္သြားပါလိမ့္မယ္။

နစၥတယ္႐ြိဳင္းအတြက္ ဒီႏိုင္ပြဲဟာ အမွတ္တရျဖစ္မွာ ေသခ်ာသလို ဂန္းနာပရိသတ္ေတြအတြက္လည္း အတိတ္ကျဖစ္ရပ္ကို ျပန္ၿပီး သတိရစရာျဖစ္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၈ ႏွစ္ (၂၀၀၄ ခုႏွစ္ ေအာက္တိုဘာလ ၂၄ ရက္ေန႔) ကစားသမားဘဝတုန္းက

နစၥတယ္႐ြိဳင္းဟာ အာဆင္နယ္ရဲ႕ ၄၉ ပြဲဆက္တိုက္ရႈံးပြဲမရွိစံခ်ိန္ကို ရပ္တန႔္ခဲ့သူျဖစ္ပါတယ္။

မွတ္မွတ္ရရဆို အဲဒီပြဲအၿပီး ဥမင္အတြင္းမွာ ယူႏိုက္တက္နည္းျပဖာဂူဆန္တစ္ေယာက္ ပီဇာနဲ႔ပစ္ေပါက္ခံရလို႔ Pizzagate လု႔ိ ေတာင္ နာမည္ႀကီးသြားခဲ့ေသးတယ္။

အဲဒီကတည္းက နစၥတယ္႐ြိင္းဟာ အာဆင္နယ္အတြက္ ရန္သူတစ္ေယာက္လို ျဖစ္ခဲ့တာပါ။