အာဆင်နယ်ရဲ့ အာတီတာလက်ထက် အဆိုးရွားဆုံးဖြစ်နေတဲ့ အနီကတ်ပြသနာ

အာဆင်နယ်နည်းပြအာတီတာဟာ ဝုဗ်နဲ့ပွဲက မာတင်နယ်လီရဲ့

လျှင်မြန်လွန်းတဲ့အနီကတ်အတွက် ရှင်းပြချက်တောင်းဆိုလိုက်ပြီး

သူ့အသင်းရဲ့စည်းကမ်းပိုင်းဆိုင်ရာမှတ်တမ်းကိုလည်း ကာကွယ်သွားခဲ့ပါတယ်။

အဲဒီပွဲမှာ တိုက်စစ်မှုးမာတင်နယ်လီဟာ စက္ကန့်ပိုင်းအတွင်း

၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရလို့ အာဆင်နယ်ဟာ

နောက်ဆုံးမိနစ် ၂၀ ကို တစ်ယောက်လျော့နဲ့ကစားခဲ့ရပြီး

၁-၀ နဲ့အနိုင်ရဖို့ အစွမ်းကုန်ရုန်းခဲ့ရတာပါ။

မာတင်နယ်လီရဲ့အနီကတ်ကြောင့် အာဆင်နယ်ဟာ

စုစုပေါင်း အနီကတ်ပြခံရမှု ၁၀၁ ကြိမ်နဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်

အနီကတ်အများဆုံးအသင်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ အတွင်းမှာ အာဆင်နယ်ရဲ့ ၄ ခုမြောက်

အနီကတ်ဖြစ်ပြီး ဒီရာသီအနေနဲ့ဆိုရင်တော့ ၅ ခုမြောက်ပါ။

နောက်ပြီး ၂၀၁၉ မှာ အာတီတာစတင်တာဝန်ယူပြီးနောက်ပိုင်း

အာဆင်နယ်အတွက် ၁၅ ခုမြောက်အနီကတ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အာတီတာကတော့ သူ့အသင်းဟာ

ညစ်ညစ်ပတ်ပတ်ကစားလေ့မရှိကြောင်း အခိုင်အမာဆိုခဲ့ပြီး

ဒိုင်လူကြီးတွေက ဘာကြောင့် အနီပြနေသလဲဆိုတာကို သိချင်နေပါတယ်။

”ကျွန်တော်စိုးရိမ်မိပါတယ်။ အနီကတ်က အားလုံးကို ပြောင်းလဲစေခဲ့တာပါ။

ဒီရာသီမှာ ကျွန်တော်တို့ရခဲ့တဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့

ကျေနပ်သလားမေးရင် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ လိုပါတယ်။

VAR နဲ့ ဒီညမှာ ဖြစ်ခဲ့တာအတွက် ရှင်းပြချက်တွေ ကျွန်တော်လိုချင်ပါတယ်။

ကျွန်တော် ဒီတိုင်းပြည်မှာနေတာ ၁၈ နှစ်ရှိပြီဖြစ်ပေမယ့်

မာတင်နယ်လီရဲ့အနီကတ်မျိုးတစ်ခါမှ မတွေ့ဖူးပါဘူး။

ပွဲရလဒ်အတွက်တော့ ကျွန်တော်တကယ်ကျေနပ်မိပါတယ်”လို့

အာတီတာက ပြောကြားခဲ့တာပါ။

ဒါ့အပြင် အာတီတာက”ဒီလိုပွဲမျိုးကို အနိုင်ရဖို့ဆိုတာက

အရမ်းကို ခက်ခဲပါတယ်။ အဲဒါကို ကျွန်တော်တို့ရပ်တန့်ပစ်ရမှာပါ။

အဲဒါကို ဘယ်လိုရပ်ရမလဲဆိုတာကတော့ ကျွန်တော်လည်း မတွေးတတ်တော့ဘူး။

၁၀ ယောက်တည်းနဲ့ ပွဲတွေအနိုင်ရဖို့ဆိုတာက အရမ်းကို မဖြစ်နိုင်ပါဘူးဗျာ”လို့

ဆက်လက်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၆ ပွဲမှာ ၄ ယောက်အထုတ်ခံခဲ့ရတာပါ။

zawgyi

အာဆင္နယ္ရဲ႕ အာတီတာလက္ထက္ အဆိုး႐ြားဆုံးျဖစ္ေနတဲ့ အနီကတ္ျပသနာ

အာဆင္နယ္နည္းျပအာတီတာဟာ ဝုဗ္နဲ႔ပြဲက မာတင္နယ္လီရဲ႕

လွ်င္ျမန္လြန္းတဲ့အနီကတ္အတြက္ ရွင္းျပခ်က္ေတာင္းဆိုလိုက္ၿပီး

သူ႔အသင္းရဲ႕စည္းကမ္းပိုင္းဆိုင္ရာမွတ္တမ္းကိုလည္း ကာကြယ္သြားခဲ့ပါတယ္။

အဲဒီပြဲမွာ တိုက္စစ္မႈးမာတင္နယ္လီဟာ စကၠန႔္ပိုင္းအတြင္း

၂ ဝါ ၁ နီနဲ႔ အထုတ္ခံခဲ့ရလို႔ အာဆင္နယ္ဟာ

ေနာက္ဆုံးမိနစ္ ၂၀ ကို တစ္ေယာက္ေလ်ာ့နဲ႔ကစားခဲ့ရၿပီး

၁-၀ နဲ႔အႏိုင္ရဖို႔ အစြမ္းကုန္႐ုန္းခဲ့ရတာပါ။

မာတင္နယ္လီရဲ႕အနီကတ္ေၾကာင့္ အာဆင္နယ္ဟာ

စုစုေပါင္း အနီကတ္ျပခံရမႈ ၁၀၁ ႀကိမ္နဲ႔ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္

အနီကတ္အမ်ားဆုံးအသင္းျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၂၂ အတြင္းမွာ အာဆင္နယ္ရဲ႕ ၄ ခုေျမာက္

အနီကတ္ျဖစ္ၿပီး ဒီရာသီအေနနဲ႔ဆိုရင္ေတာ့ ၅ ခုေျမာက္ပါ။

ေနာက္ၿပီး ၂၀၁၉ မွာ အာတီတာစတင္တာဝန္ယူၿပီးေနာက္ပိုင္း

အာဆင္နယ္အတြက္ ၁၅ ခုေျမာက္အနီကတ္ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ အာတီတာကေတာ့ သူ႔အသင္းဟာ

ညစ္ညစ္ပတ္ပတ္ကစားေလ့မရွိေၾကာင္း အခိုင္အမာဆိုခဲ့ၿပီး

ဒိုင္လူႀကီးေတြက ဘာေၾကာင့္ အနီျပေနသလဲဆိုတာကို သိခ်င္ေနပါတယ္။

”ကြၽန္ေတာ္စိုးရိမ္မိပါတယ္။ အနီကတ္က အားလုံးကို ေျပာင္းလဲေစခဲ့တာပါ။

ဒီရာသီမွာ ကြၽန္ေတာ္တို႔ရခဲ့တဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လို႔

ေက်နပ္သလားေမးရင္ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးဖို႔ လိုပါတယ္။

VAR နဲ႔ ဒီညမွာ ျဖစ္ခဲ့တာအတြက္ ရွင္းျပခ်က္ေတြ ကြၽန္ေတာ္လိုခ်င္ပါတယ္။

ကြၽန္ေတာ္ ဒီတိုင္းျပည္မွာေနတာ ၁၈ ႏွစ္ရွိၿပီျဖစ္ေပမယ့္

မာတင္နယ္လီရဲ႕အနီကတ္မ်ိဳးတစ္ခါမွ မေတြ႕ဖူးပါဘူး။

ပြဲရလဒ္အတြက္ေတာ့ ကြၽန္ေတာ္တကယ္ေက်နပ္မိပါတယ္”လို႔

အာတီတာက ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ အာတီတာက”ဒီလိုပြဲမ်ိဳးကို အႏိုင္ရဖို႔ဆိုတာက

အရမ္းကို ခက္ခဲပါတယ္။ အဲဒါကို ကြၽန္ေတာ္တို႔ရပ္တန႔္ပစ္ရမွာပါ။

အဲဒါကို ဘယ္လိုရပ္ရမလဲဆိုတာကေတာ့ ကြၽန္ေတာ္လည္း မေတြးတတ္ေတာ့ဘူး။

၁၀ ေယာက္တည္းနဲ႔ ပြဲေတြအႏိုင္ရဖို႔ဆိုတာက အရမ္းကို မျဖစ္ႏိုင္ပါဘူးဗ်ာ”လို႔

ဆက္လက္ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၆ ပြဲမွာ ၄ ေယာက္အထုတ္ခံခဲ့ရတာပါ။