အာဆင်နယ်ရဲ့ ငယ်နိုင်အသင်းလေး နယူးကာဆယ်

အာဆင်နယ်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ

အူဘာမီယန်းရဲ့ (၁) ကိုက်အကွာက အနီးကပ်လွဲချော်မှု၊

အော်ဒီဂွါဒ်ရဲ့ ဖရီးကစ်ကန်ချက်ကို နယူးကာဆယ် ဂိုးသမား ကာကွယ်သွားခဲ့မှုတွေနဲ့

အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းဘက်ကို တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။

အက်ဒီဟောင်းရဲ့ နယူးကာဆယ်အသင်းကတော့ အမ်းမရိတ်ကို

ခံစစ်သပ်သပ်နဲ့သာ ရောက်လာခဲ့ပြီး အဝေးကန်ချက်အချို့ကလွဲရင်

ရမ်စ်ဒဲလ်ကို ထွေထွေထူးထူး မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

အာဆင်နယ်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်ဟာ ပထမပိုင်းမှာဂိုးမရှိ

သရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဆာကာနဲ့ မာတင်နယ်လီတို့ရဲ့

သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်အသင်းဟာ (၂-ဝ) ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။

နယူကာဆယ်အသင်း တန်းဆင်းရတော့မလား…

အာဆင်နယ်ဟာ ဒီရာသီပရီးမီးယားလိဂ်အစမှာ ချယ်လ်ဆီးအသင်းကို

ရှုံးနိမ့်ခဲ့တဲ့ပွဲကလွဲလို့ အိမ်ကွင်းရမှတ်အများဆုံး ရယူထားနိုင်တဲ့အသင်းဖြစ်ပြီး

အိမ်ကွင်းပွဲစဉ် (၇)ပွဲအပြီးမှာ (၅)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံးနဲ့

ရမှတ် (၁၆)မှတ်ထိ ရယူထားပါတယ်။

နယူးကာဆယ် အသင်းကတော့ ပွဲစဉ်(၁၃)ပွဲအပြီးထိ နိုင်ပွဲရယူနိုင်ခဲ့ခြင်း

မရှိသေးပါဘူး။ ပရီမီးယားလိဂ်မှတ်တမ်းတွေအရ နယူးကာဆယ်အသင်းဟာ

အဖွင့်ပွဲ (၁၃)ပွဲအထိ နိုင်ပွဲရှာမတွေ့ခဲ့တဲ့အသင်းတွေရဲ့မှတ်တမ်းမှာ

ဆဌမမြောက် အသင်း ဖြစ်လာခဲ့သလို ဒီလိုဖြစ်ရပ်တွေနဲ့ကြုံတွေ့ခဲ့ကြတဲ့

အရင်က အသင်း (၅)သင်းမှာ (၄)သင်းက ရာသီအကုန်မှာ တန်းဆင်းခဲ့ကြရပါတယ်။

အာဆင်နယ်ရဲ့ ငယ်နိုင်အသင်းလေး နယူးကာဆယ်ဟာ သူတို့ရဲ့ပရီးမီးယားလိဂ်

သမိုင်းတလျောက် အာဆင်နယ်ဟာ အများဆုံးရှုံးနိမ့်ခဲ့ရတဲ့

ပြိုင်ဘက်ဖြစ်ပြီး (၃၃)ပွဲ ရှုံးထားတာဖြစ်ပါတယ်။

ပထမပိုင်းမှာတင် ဂိုးရဖို့ကြိုးစားခဲ့တာ (၁၂)ကြိမ် ဒီပွဲမှာ အာဆင်နယ်ဟာ ပထမပိုင်းမှာ

ဂိုးရရှိရန် ကြိုးပမ်းမှု (၁၂)ကြိမ်ထိရှိခဲ့ပြီး ဒီအရေအတွက်ဟာ စက်တင်ဘာလတုန်းက

ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ပွဲက ယူနိုက်တက်အသင်းရဲ့

ဂိုးရရှိအောင်ကြိုးစားခဲ့တဲ့ (၁၅)ကြိမ်ပြီးရင် ဒီရာသီပရီးမီးယားလိဂ်မှာ

ဂိုးရအောင်ကြိုးပန်းမှုမှာ ဒုတိယအများဆုံးလည်း ဖြစ်ပါတယ်။

နယူးကာဆယ်ကို ကစားကွက်နဲ့ဂိုးသွင်းခဲ့တာ (၁၇)ပွဲဆက်ရှိလာပြီ

အာဆင်နယ်ဟာ နယူးကာဆယ်ကို နောက်ဆုံး (၁၇)ပွဲဆက်တိုက်

(ဖရီးကစ်၊ ထောင်ကန့်ဘော၊ ပင်နယ်တီ ဂိုးတွေ မပါပဲ) ကစားကွက်နဲ့

ဂိုးသွင်းယူနိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့ပြီး ပြိုင်ဘက်အသင်းတစ်သင်းက

အခြားပြိုင်ဘက်အသင်းတစ်သင်းကို နှစ်အတော်ကြာ

ဆက်တိုက် ကစားကွက်နဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်တဲ့မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ် သမိုင်းတလျောက် ပြိုင်ဘက်အသင်းက

ကစားကွက်နဲ့ ဂိုးသွင်းယူခဲ့တဲ့ မှတ်တမ်းမှာ အချိန်အကြာဆုံးစံချိန်တစ်ခုပါပဲ။

အရန်ခုံကနေ လူစားဝင်လာပြီး (၉၃)စက္ကန့်အကြာမှာဂိုးသွင်းခဲ့တဲ့ မာတင်နယ်လီ

မာတင်နယ်လီဟာ အရန်ခုံကနေ လူစားဝင်လာပြီး (၉၃)စက္ကန့်အကြာမှာ

သူဟာ ဘောလုံးနဲ့ ဒုတိယအကြိမ်အထိမှာတင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူ့ရဲ့ပထမဆုံးသွင်းဂိုးကိုတော့ မာတင်နယ်လီဟာ ၂၀၂၀ ဇန်နဝါရီလတုန်းက

အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်စ်မှာသွင်းယူခဲ့ပါတယ်။

zawgyi

အာဆင္နယ္ရဲ႕ ငယ္ႏိုင္အသင္းေလး နယူးကာဆယ္

အာဆင္နယ္နဲ႔ နယူးကာဆယ္တို႔ရဲ႕ ပြဲစဥ္မွာ အာဆင္နယ္အသင္းဟာ

အူဘာမီယန္းရဲ႕ (၁) ကိုက္အကြာက အနီးကပ္လြဲေခ်ာ္မႈ၊

ေအာ္ဒီဂြါဒ္ရဲ႕ ဖရီးကစ္ကန္ခ်က္ကို နယူးကာဆယ္ ဂိုးသမား ကာကြယ္သြားခဲ့မႈေတြနဲ႔

အာဆင္နယ္အသင္းဟာ နယူးကာဆယ္အသင္းဘက္ကို တိုက္စစ္ဆင္မႈေတြျပဳလုပ္ခဲ့ပါတယ္။

အက္ဒီေဟာင္းရဲ႕ နယူးကာဆယ္အသင္းကေတာ့ အမ္းမရိတ္ကို

ခံစစ္သပ္သပ္နဲ႔သာ ေရာက္လာခဲ့ၿပီး အေဝးကန္ခ်က္အခ်ိဳ႕ကလြဲရင္

ရမ္စ္ဒဲလ္ကို ေထြေထြထူးထူး မၿခိမ္းေျခာက္ႏိုင္ခဲ့ပါဘူး။

အာဆင္နယ္နဲ႔ နယူးကာဆယ္တို႔ရဲ႕ ပြဲစဥ္ဟာ ပထမပိုင္းမွာဂိုးမရွိ

သေရက်ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဆာကာနဲ႔ မာတင္နယ္လီတို႔ရဲ႕

သြင္းဂိုးေတြနဲ႔အတူ အာဆင္နယ္အသင္းဟာ (၂-ဝ) ရလဒ္နဲ႔အႏိုင္ရခဲ့ပါတယ္။

နယူကာဆယ္အသင္း တန္းဆင္းရေတာ့မလား…

အာဆင္နယ္ဟာ ဒီရာသီပရီးမီးယားလိဂ္အစမွာ ခ်ယ္လ္ဆီးအသင္းကို

ရႈံးနိမ့္ခဲ့တဲ့ပြဲကလြဲလို႔ အိမ္ကြင္းရမွတ္အမ်ားဆုံး ရယူထားႏိုင္တဲ့အသင္းျဖစ္ၿပီး

အိမ္ကြင္းပြဲစဥ္ (၇)ပြဲအၿပီးမွာ (၅)ပြဲႏိုင္ (၁)ပြဲသေရ (၁)ပြဲရႈံးနဲ႔

ရမွတ္ (၁၆)မွတ္ထိ ရယူထားပါတယ္။

နယူးကာဆယ္ အသင္းကေတာ့ ပြဲစဥ္(၁၃)ပြဲအၿပီးထိ ႏိုင္ပြဲရယူႏိုင္ခဲ့ျခင္း

မရွိေသးပါဘူး။ ပရီမီးယားလိဂ္မွတ္တမ္းေတြအရ နယူးကာဆယ္အသင္းဟာ

အဖြင့္ပြဲ (၁၃)ပြဲအထိ ႏိုင္ပြဲရွာမေတြ႕ခဲ့တဲ့အသင္းေတြရဲ႕မွတ္တမ္းမွာ

ဆဌမေျမာက္ အသင္း ျဖစ္လာခဲ့သလို ဒီလိုျဖစ္ရပ္ေတြနဲ႔ႀကဳံေတြ႕ခဲ့ၾကတဲ့

အရင္က အသင္း (၅)သင္းမွာ (၄)သင္းက ရာသီအကုန္မွာ တန္းဆင္းခဲ့ၾကရပါတယ္။

အာဆင္နယ္ရဲ႕ ငယ္ႏိုင္အသင္းေလး နယူးကာဆယ္ဟာ သူတို႔ရဲ႕ပရီးမီးယားလိဂ္

သမိုင္းတေလ်ာက္ အာဆင္နယ္ဟာ အမ်ားဆုံးရႈံးနိမ့္ခဲ့ရတဲ့

ၿပိဳင္ဘက္ျဖစ္ၿပီး (၃၃)ပြဲ ရႈံးထားတာျဖစ္ပါတယ္။ ပထမပိုင္းမွာတင္

ဂိုးရဖို႔ႀကိဳးစားခဲ့တာ (၁၂)ႀကိမ္ ဒီပြဲမွာ အာဆင္နယ္ဟာ ပထမပိုင္းမွာ

ဂိုးရရွိရန္ ႀကိဳးပမ္းမႈ (၁၂)ႀကိမ္ထိရွိခဲ့ၿပီး ဒီအေရအတြက္ဟာ စက္တင္ဘာလတုန္းက

ယူႏိုက္တက္နဲ႔ အက္စတြန္ဗီလာတို႔ပြဲက ယူႏိုက္တက္အသင္းရဲ႕

ဂိုးရရွိေအာင္ႀကိဳးစားခဲ့တဲ့ (၁၅)ႀကိမ္ၿပီးရင္ ဒီရာသီပရီးမီးယားလိဂ္မွာ

ဂိုးရေအာင္ႀကိဳးပန္းမႈမွာ ဒုတိယအမ်ားဆုံးလည္း ျဖစ္ပါတယ္။

နယူးကာဆယ္ကို ကစားကြက္နဲ႔ဂိုးသြင္းခဲ့တာ (၁၇)ပြဲဆက္ရွိလာၿပီ

အာဆင္နယ္ဟာ နယူးကာဆယ္ကို ေနာက္ဆုံး (၁၇)ပြဲဆက္တိုက္

(ဖရီးကစ္၊ ေထာင္ကန႔္ေဘာ၊ ပင္နယ္တီ ဂိုးေတြ မပါပဲ) ကစားကြက္နဲ႔

ဂိုးသြင္းယူႏိုင္ခဲ့တဲ့အသင္းျဖစ္ခဲ့ၿပီး ၿပိဳင္ဘက္အသင္းတစ္သင္းက

အျခားၿပိဳင္ဘက္အသင္းတစ္သင္းကို ႏွစ္အေတာ္ၾကာ

ဆက္တိုက္ ကစားကြက္နဲ႔ ဦးေဆာင္ဂိုးသြင္းယူႏိုင္တဲ့မွတ္တမ္းတစ္ခုျဖစ္ခဲ့ပါတယ္။

ဒါဟာ ပရီးမီးယားလိဂ္ သမိုင္းတေလ်ာက္ ၿပိဳင္ဘက္အသင္းက

ကစားကြက္နဲ႔ ဂိုးသြင္းယူခဲ့တဲ့ မွတ္တမ္းမွာ အခ်ိန္အၾကာဆုံးစံခ်ိန္တစ္ခုပါပဲ။

အရန္ခုံကေန လူစားဝင္လာၿပီး (၉၃)စကၠန႔္အၾကာမွာဂိုးသြင္းခဲ့တဲ့ မာတင္နယ္လီ

မာတင္နယ္လီဟာ အရန္ခုံကေန လူစားဝင္လာၿပီး (၉၃)စကၠန႔္အၾကာမွာ

သူဟာ ေဘာလုံးနဲ႔ ဒုတိယအႀကိမ္အထိမွာတင္ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕ပထမဆုံးသြင္းဂိုးကိုေတာ့ မာတင္နယ္လီဟာ ၂၀၂၀ ဇန္နဝါရီလတုန္းက

အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္း အမ္းမရိတ္စ္မွာသြင္းယူခဲ့ပါတယ္။