
ဒီရာသီမှာ တည်ငြိမ်မှုမရှိတဲ့ VAR ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့
ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ နည်းပြတွေ၊ ကစားသမားတွေနဲ့
ပွဲဝေဖန်သုံးသပ်သူတွေရဲ့ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းကို ခံနေရတာပါ။
စနေညက ကစားသွားခဲ့တဲ့ အာဆင်နယ်နဲ့မန်စီးတီးတို့ရဲ့ပွဲမှာလည်း
ပင်နယ်တီကြည့်တဲ့ VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။
အဲဒီပွဲမှာ အာဆင်နယ်ရသင့်တဲ့ ရှင်းရှင်းလင်းလင်းပင်နယ်တီတစ်ခုကို
ငြင်းပယ်ခံရလို့ အာဆင်နယ်နည်းပြအာတီတာတစ်ယောက် ဒေါသထွက်နေပြီး
ဖြစ်ချင်တော့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မန်စီးတီးကိုကျတော့ ပင်နယ်တီပေးလိုက်ရပါတယ်။
ဒါ့အပြင် အဲဒီပွဲမှာ အာဆင်နယ်နောက်ခံလူဂါဘရီရယ်ဟာ
ပထမပင်နယ်တီဖြစ်ရပ်ကို ဘာကြောင့်ပြန်မကြည့်တာလဲလို့
ဒိုင်ကို မေးခွန်းထုတ်ခဲတဲ့အတွက် အနီကတ်ပြခံလိုက်ရပါတယ်။
ဒိုင်လူကြီးစတူးအပ်အတ်ဝဲလ်ဟာ ပထမဖြစ်ရပ်မှာ VAR မကြည့်ခဲ့ပေမယ့်
မန်စီးတီးရတဲ့ပင်နယ်တီမှာတော့ ပင်နယ်တီမဟုတ်ဘူးလို့ ဆုံးဖြတ်ပြီးမှ
VAR ကြည့်ပြီး သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့တာပါ။
BT Sport ရုပ်သံအတွက် အဲဒီပွဲကို ဝေဖန်သုံးသပ်ပေးရတဲ့
မန်ယူနောက်ခံလူဟောင်းရီယိုဖာဒီနန်ဟာလည်း အာဆင်နယ်ရဲ့
ပင်နယ်တီငြင်းပယ်ခံရမှုကို စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။
”ကျွန်တော် စိတ်ရှုပ်ရပါတယ်။ အာဆင်နယ်ကို ပင်နယ်တီမပေးတာနဲ့ပတ်သက်လို့
VAR အလုပ်လုပ်ပုံကို ကျွန်တော် နားမလည်ဘူး။ ဒါကြီးက အသိသာကြီးနဲ့
အရှင်းကြီးပါ။ အဲဒါက တော်တော်လေးလည်း ဒေါသထွက်စရာကောင်းတယ်”လို့
ရီယိုဖာဒီနန်က ပြောကြားခဲ့တာပါ။
ကိုဗစ်ကြောင့် အိမ်ကနေပဲ ပွဲကြည့်ခဲ့ရတဲ့ အာတီတာဟာလည်း
အဲဒီကိစ္စကို ပေါက်ကွဲခဲ့တယ်လို့ သူ့အစား ပွဲကြီးကြပ်ပေးခဲ့ရတဲ့
လက်ထောက်နည်းပြစတူဗန်ဘက်က တစ်ဆင့်ပြန်ပြောပါတယ်။
”အာတီတာနဲ့ ကျွန်တော် စကားပြောခဲ့ပြီး ပထမပိုင်းမှာ
ပင်နယ်တီအရှင်းကြီးရသင့်တယ်လို့ ကျွန်တော်တို့ထင်ခဲ့တာပါ။
အဲဒါတော့ VAR ပြန်မကြည့်ဘဲ မန်စီးတီးဟာကျတော့ VAR ကြည့်တယ်။
အနည်းဆုံးတော့ ဆုံးဖြတ်ချက်တွေ တည်ငြိမ်ရမှာပေါ့။ အရမ်းကို
ဒေါသထွက်စရာကောင်းပါတယ်”လို့ အာဆင်နယ်လက်ထောက်နည်းပြက ဆိုခဲ့တာပါ။
zawgyi
အာဆင္နယ္ရသင့္တဲ့ ရွင္းရွင္းလင္းလင္းပင္နယ္တီတစ္ခု ျငင္းခံရမႈကို စိတ္ဆိုးေဒါသထြက္ခဲ့တဲ့ ဖာဒီနန္
ဒီရာသီမွာ တည္ၿငိမ္မႈမရွိတဲ့ VAR ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လို႔
ပရီးမီးယားလိဂ္ဒိုင္လူႀကီးေတြဟာ နည္းျပေတြ၊ ကစားသမားေတြနဲ႔
ပြဲေဝဖန္သုံးသပ္သူေတြရဲ႕ျပင္းျပင္းထန္ထန္ေဝဖန္ျခင္းကို ခံေနရတာပါ။
စေနညက ကစားသြားခဲ့တဲ့ အာဆင္နယ္နဲ႔မန္စီးတီးတို႔ရဲ႕ပြဲမွာလည္း
ပင္နယ္တီၾကည့္တဲ့ VAR ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ အျငင္းပြားစရာျဖစ္ခဲ့ပါတယ္။
အဲဒီပြဲမွာ အာဆင္နယ္ရသင့္တဲ့ ရွင္းရွင္းလင္းလင္းပင္နယ္တီတစ္ခုကို
ျငင္းပယ္ခံရလို႔ အာဆင္နယ္နည္းျပအာတီတာတစ္ေယာက္ ေဒါသထြက္ေနၿပီး
ျဖစ္ခ်င္ေတာ့ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ မန္စီးတီးကိုက်ေတာ့ ပင္နယ္တီေပးလိုက္ရပါတယ္။
ဒါ့အျပင္ အဲဒီပြဲမွာ အာဆင္နယ္ေနာက္ခံလူဂါဘရီရယ္ဟာ
ပထမပင္နယ္တီျဖစ္ရပ္ကို ဘာေၾကာင့္ျပန္မၾကည့္တာလဲလို႔
ဒိုင္ကို ေမးခြန္းထုတ္ခဲတဲ့အတြက္ အနီကတ္ျပခံလိုက္ရပါတယ္။
ဒိုင္လူႀကီးစတူးအပ္အတ္ဝဲလ္ဟာ ပထမျဖစ္ရပ္မွာ VAR မၾကည့္ခဲ့ေပမယ့္
မန္စီးတီးရတဲ့ပင္နယ္တီမွာေတာ့ ပင္နယ္တီမဟုတ္ဘူးလို႔ ဆုံးျဖတ္ၿပီးမွ
VAR ၾကည့္ၿပီး သူ႔ဆုံးျဖတ္ခ်က္ကို ျပန္ျပင္ခဲ့တာပါ။
BT Sport ႐ုပ္သံအတြက္ အဲဒီပြဲကို ေဝဖန္သုံးသပ္ေပးရတဲ့
မန္ယူေနာက္ခံလူေဟာင္းရီယိုဖာဒီနန္ဟာလည္း အာဆင္နယ္ရဲ႕
ပင္နယ္တီျငင္းပယ္ခံရမႈကို စိတ္ဆိုးေဒါသထြက္ခဲ့ပါတယ္။
”ကြၽန္ေတာ္ စိတ္ရႈပ္ရပါတယ္။ အာဆင္နယ္ကို ပင္နယ္တီမေပးတာနဲ႔ပတ္သက္လို႔
VAR အလုပ္လုပ္ပုံကို ကြၽန္ေတာ္ နားမလည္ဘူး။ ဒါႀကီးက အသိသာႀကီးနဲ႔
အရွင္းႀကီးပါ။ အဲဒါက ေတာ္ေတာ္ေလးလည္း ေဒါသထြက္စရာေကာင္းတယ္”လို႔
ရီယိုဖာဒီနန္က ေျပာၾကားခဲ့တာပါ။
ကိုဗစ္ေၾကာင့္ အိမ္ကေနပဲ ပြဲၾကည့္ခဲ့ရတဲ့ အာတီတာဟာလည္း
အဲဒီကိစၥကို ေပါက္ကြဲခဲ့တယ္လို႔ သူ႔အစား ပြဲႀကီးၾကပ္ေပးခဲ့ရတဲ့
လက္ေထာက္နည္းျပစတူဗန္ဘက္က တစ္ဆင့္ျပန္ေျပာပါတယ္။
”အာတီတာနဲ႔ ကြၽန္ေတာ္ စကားေျပာခဲ့ၿပီး ပထမပိုင္းမွာ
ပင္နယ္တီအရွင္းႀကီးရသင့္တယ္လို႔ ကြၽန္ေတာ္တို႔ထင္ခဲ့တာပါ။
အဲဒါေတာ့ VAR ျပန္မၾကည့္ဘဲ မန္စီးတီးဟာက်ေတာ့ VAR ၾကည့္တယ္။
အနည္းဆုံးေတာ့ ဆုံးျဖတ္ခ်က္ေတြ တည္ၿငိမ္ရမွာေပါ့။ အရမ္းကို
ေဒါသထြက္စရာေကာင္းပါတယ္”လို႔ အာဆင္နယ္လက္ေထာက္နည္းျပက ဆိုခဲ့တာပါ။