အာဆင်နယ်မှာ အားလုံးနဲ့ အိုဇေးလ် ပြဿနာတက်ခဲ့တယ်လို့ မွန်ရီရယ် ဖွင့်ဟ

အာဆင်နယ်အသင်းကြယ်ပွင့်ဟောင်း အိုဇေးလ်အနေနဲ့ အသင်းမှာ

ကစားခဲ့တဲ့ ၇နှစ်ခွဲကာလအတွင်း အသင်းရှိ အားလုံးနဲ့
ပြဿနာတက်ခဲ့တယ်လို့ အာဆင်နယ်အသင်းနောက်ခံလူဟောင်း
နာချိုမွန်ရီရယ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းနဲ့အတူ
ချန်ပီယံဖြစ်ခဲ့တဲ့ အိုဇေးလ်ဟာ လက်ရှိအာဆင်နယ်အသင်းနည်းပြ

အာတီတာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ၂၀၂၁ ဇန်နဝါရီမှာ
အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
၂၀၁၃ စက်တင်ဘာလက အာဆင်နယ်ကို
အိုဇေးလ် မရောက်ခင် ၇လအလိုမှာ အမ်းမရိတ်စ်ကို
ရောက်လာခဲ့တဲ့ မွန်ရီရယ်ဟာ အာဆင်နယ်မှာ

အိုဇေးလ်နဲ့အတူ ၆ နှစ်ကျော်ကြာ တွဲကစားခဲ့ပြီး
အဲဒီနောက် သူက ဆိုစီဒက်ကို ပြောင်းရွှေ့ခဲ့တာပါ။
”အိုဇေးလ်ရဲ့ပြဿနာက ဘာလဲဆိုတော့
အာဆင်နယ်မှာ အားလုံးနဲ့ ပြဿနာဖြစ်ခဲ့တာပါပဲ။
ဝင်းဂါးနဲ့ အဆုံးသတ်မှာ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး

ဝင်းဝါးလက်ထက် နောက်ပိုင်းပွဲတွေမှာ သူမပါဝင်ခဲ့ပါဘူး။
အမ်မရီရောက်လာတော့ သူက အိုဇေးလ်ကို အသင်းရဲ့
Leader အဖြစ် ထားရှိပြီး အရင်လိုပြန်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီနောက် သူလည်း ယုံကြည်မှုတွေ ပြန်ရလာပြီး
ပွဲတွေလည်း အများကြီးကစားခွင့်ရခဲ့ပေမယ့်

နည်းပြက သူ့ထက် အခြေအနေပိုကောင်းတဲ့
အသင်းဖော်တွေ ရှိနေတာ နားလည်သွားပါတယ်။
အိုဇေးလ်က အသင်းမှာ အကောင်းဆုံးကစားသမား
တစ်ဦးစာရင်းဝင်ဖြစ်သလို လစာလည်းအများဆုံးရသူပါ။
ဒါပေမဲ့ အသင်းဘက်ကတော့ အိုဇေးလ်အနေနဲ့

လိုအပ်တဲ့ အနေအထားမျိုးမရှိဘူးလို့ မြင်ခဲ့ပါတယ်”လို့
မွန်ရီရယ်က ပြောကြားသွားပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အိုဇေးလ်ဟာ အာဆင်နယ်အတွက်
ပြိုင်ပွဲစုံ ၂၅၄ ပွဲကစားပေးခဲ့ပြီး လက်ရှိအချိန်
တူရကီကလပ် ဖီနာဘာချီအသင်းမှာ ကစားနေပါတယ်။

ဒါပေမဲ့ အိုဇေးလ်ဟာ အသင်းရဲ့လူစာရင်းကနေ
ချန်လှပ်ခြင်းခံခဲ့ရပြီး သတင်းတွေရဲ့ဖော်ပြချက်အရ
ယာယီနည်းပြနဲ့ အဆင်မပြေဖြစ်ခဲ့သလို နောက်ဆုံး
ကစားခဲ့တဲ့ပွဲမှာ ကြံ့ခိုင်မှုအနေအထား အားနည်းနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi

အာဆင္နယ္မွာ အားလုံးနဲ႔ အိုေဇးလ္ ျပႆနာတက္ခဲ့တယ္လုိ႔ မြန္ရီရယ္ ဖြင့္ဟ
အာဆင္နယ္အသင္းၾကယ္ပြင့္ေဟာင္း အိုေဇးလ္အေနနဲ႔ အသင္းမွာ
ကစားခဲ့တဲ့ ၇ႏွစ္ခြဲကာလအတြင္း အသင္းရွိ အားလုံးနဲ႔

ျပႆနာတက္ခဲ့တယ္လုိ႔ အာဆင္နယ္အသင္းေနာက္ခံလူေဟာင္း
နာခ်ိဳမြန္ရီရယ္က ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။
၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဂ်ာမနီအသင္းနဲ႔အတူ
ခ်န္ပီယံျဖစ္ခဲ့တဲ့ အိုေဇးလ္ဟာ လက္ရွိအာဆင္နယ္အသင္းနည္းျပ
အာတီတာနဲ႔ အဆင္မေျပျဖစ္ခဲ့ၿပီးေနာက္ ၂၀၂၁ ဇန္န၀ါရီမွာ

အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။
၂၀၁၃ စက္တင္ဘာလက အာဆင္နယ္ကို
အုိေဇးလ္ မေရာက္ခင္ ၇လအလိုမွာ အမ္းမရိတ္စ္ကို
ေရာက္လာခဲ့တဲ့ မြန္ရီရယ္ဟာ အာဆင္နယ္မွာ
အိုေဇးလ္နဲ႔အတူ ၆ ႏွစ္ေက်ာ္ၾကာ တြဲကစားခဲ့ၿပီး

အဲဒီေနာက္ သူက ဆိုစီဒက္ကို ေျပာင္းေရႊ႕ခဲ့တာပါ။
”အိုေဇးလ္ရဲ႕ျပႆနာက ဘာလဲဆုိေတာ့
အာဆင္နယ္မွာ အားလုံးနဲ႔ ျပႆနာျဖစ္ခဲ့တာပါပဲ။
၀င္းဂါးနဲ႔ အဆုံးသတ္မွာ ဆုိးဆုိးရြားရြားျဖစ္ခဲ့ၿပီး
၀င္း၀ါးလက္ထက္ ေနာက္ပိုင္းပြဲေတြမွာ သူမပါ၀င္ခဲ့ပါဘူး။

အမ္မရီေရာက္လာေတာ့ သူက အိုေဇးလ္ကို အသင္းရဲ႕
Leader အျဖစ္ ထားရွိၿပီး အရင္လုိျပန္ျဖစ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။
အဲဒီေနာက္ သူလည္း ယုံၾကည္မႈေတြ ျပန္ရလာၿပီး
ပြဲေတြလည္း အမ်ားႀကီးကစားခြင့္ရခဲ့ေပမယ့္
နည္းျပက သူ႕ထက္ အေျခအေနပိုေကာင္းတဲ့

အသင္းေဖာ္ေတြ ရွိေနတာ နားလည္သြားပါတယ္။
အိုေဇးလ္က အသင္းမွာ အေကာင္းဆုံးကစားသမား
တစ္ဦးစာရင္း၀င္ျဖစ္သလုိ လစာလည္းအမ်ားဆုံးရသူပါ။
ဒါေပမဲ့ အသင္းဘက္ကေတာ့ အိုေဇးလ္အေနနဲ႔
လိုအပ္တဲ့ အေနအထားမ်ိဳးမရွိဘူးလုိ႔ ျမင္ခဲ့ပါတယ္”လုိ႔

မြန္ရီရယ္က ေျပာၾကားသြားပါတယ္။
အသက္ ၃၃ ႏွစ္အရြယ္ရွိ အိုေဇးလ္ဟာ အာဆင္နယ္အတြက္
ၿပိဳင္ပြဲစုံ ၂၅၄ ပြဲကစားေပးခဲ့ၿပီး လက္ရွိအခ်ိန္
တူရကီကလပ္ ဖီနာဘာခ်ီအသင္းမွာ ကစားေနပါတယ္။
ဒါေပမဲ့ အိုေဇးလ္ဟာ အသင္းရဲ႕လူစာရင္းကေန

ခ်န္လွပ္ျခင္းခံခဲ့ရၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ယာယီနည္းျပနဲ႔ အဆင္မေျပျဖစ္ခဲ့သလုိ ေနာက္ဆုံး
ကစားခဲ့တဲ့ပြဲမွာ ႀကံ့ခိုင္မႈအေနအထား အားနည္းေနတာေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။