
ယူနိုက်တက်ကိုအနိုင်ရခဲ့ပြီးနောက် အာဆင်နယ်က တစ်ပွဲလျော့





အနေအထားနဲ့ ဒုတိယနေရာက မန်စီးတီးကို ၅မှတ်ဖြတ်နိုင်ခဲ့တာကြောင့်
အာတီတာရဲ့အသင်း ချန်ပီယံဖြစ်နိုင်တယ်လို့ ယူဆလာကြပါတယ်။





အချို့သော ဘွတ်ကီတွေဟာ ရာသီအစမှာ အာဆင်နယ်ဗိုလ်စွဲမယ်လို့
လောင်းကြေးထပ်ခဲ့သူတွေကို ငွေပေးချေမှုတွေတောင်ပြုလုပ်ခဲ့ပြီးဖြစ်တယ်။
ဒါပေမဲ့ နဗီးလ်ကတော့ သူ့အသင်းဟောင်းကိုအနိုင်ယူခဲ့တဲ့





အာဆင်နယ်ကို ချန်ပီယံမဖြစ်နိုင်သေးဘူးလို့ တင်းခံငြင်းနေတာကြောင့်
ကာရေဂါက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဆီနဲ့ပက်သတ်လို့





ပြောဆိုခဲ့တာလေး တစ်ချက်ပြန်ရှင်းပေးဦးလို့ စကားစစ်ထိုးလိုက်တာပါ။
အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီက အာဂျင်တီးနားကိုအနိုင်ရပြီးတဲ့နောက်
နဗီးလ်က “မနေ့ညမှာတော့ မက်ဆီ ကွင်းထဲလမ်းလျှောက်နေတယ်။





ပထမပိုင်းပြီးကတည်းက လူတွေသူ့ကိုမထိတ်လန့်တော့ဘူးလို့
ကျွန်တော်ပြောခဲ့တယ်။ သူရတဲ့ဘောလုံးတွေကို လူတိုင်းက





ချေပနိုင်ခဲ့တယ်” လို့ ဝေဖန်ခဲ့တာဖြစ်တယ်။ နဗီးလ်ပြောဆိုခဲ့တာကို
မမေ့သေးတဲ့ ကာရေဂါက “မက်ဆီနဲ့ပက်သတ်လို့ မင်းသဘောထား
အမှန်လေးသိပါရစေ” လို့ စကားစခဲ့ပါတယ်။ နဗီးလ်က “သူ ကမ္ဘာ့ဖလား





မရနိုင်ဘူးလို့ပြောတယ်လို့ မင်းထင်နေတာလား” လို့ တုံ့ပြန်ပါတယ်။
ဒီလိုအချိန်မှာ ကာရေဂါက “နိုး…သူ့ဆီက ဘောလုံးရဖို့လွယ်တယ်လို့





မင်းပြောခဲ့တာလေ။ မင်း အစိမ်းရောင်အခန်းထဲမှာပြောခဲ့တာ” လို့
ဆိုလိုက်ပါတယ်။ “နိုး…ငါက လွန်ခဲ့တဲ့ ၁၀နှစ်လောက်မှာ မက်ဆီက
ဒီထက်ပိုပြီးကျော်ဖြတ်နိုင်တယ်လို့ဆိုလိုချင်တာ။ သူ အရင်ကလို





ပြိုင်ဘက်တွေကို အနိုင်မယူနိုင်တော့ဘူး” လို့ တင်းခံပြောဆိုခဲ့တာဖြစ်တယ်။
zawgyi





အာဆင္နယ္ဖလားမရႏိုင္ဘူးလို႔ ဘုေတာေနတဲ့ နဗီးလ္ကို မက္ဆီအေၾကာင္းေလးျပန္ရွင္းေပးပါလို႔ ကာေရဂါ စကားစစ္ထိုးခဲ့
ယူႏိုက္တက္ကိုအႏိုင္ရခဲ့ၿပီးေနာက္ အာဆင္နယ္က တစ္ပြဲေလ်ာ့
အေနအထားနဲ႔ ဒုတိယေနရာက မန္စီးတီးကို ၅မွတ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္





အာတီတာရဲ႕အသင္း ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ယူဆလာၾကပါတယ္။
အခ်ိဳ႕ေသာ ဘြတ္ကီေတြဟာ ရာသီအစမွာ အာဆင္နယ္ဗိုလ္စြဲမယ္လို႔





ေလာင္းေၾကးထပ္ခဲ့သူေတြကို ေငြေပးေခ်မႈေတြေတာင္ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္။
ဒါေပမဲ့ နဗီးလ္ကေတာ့ သူ႔အသင္းေဟာင္းကိုအႏိုင္ယူခဲ့တဲ့
အာဆင္နယ္ကို ခ်န္ပီယံမျဖစ္ႏိုင္ေသးဘူးလို႔ တင္းခံျငင္းေနတာေၾကာင့္





ကာေရဂါက ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း မက္ဆီနဲ႔ပက္သတ္လို႔
ေျပာဆိုခဲ့တာေလး တစ္ခ်က္ျပန္ရွင္းေပးဦးလို႔ စကားစစ္ထိုးလိုက္တာပါ။





အုပ္စုအဖြင့္ပြဲမွာ ေဆာ္ဒီက အာဂ်င္တီးနားကိုအႏိုင္ရၿပီးတဲ့ေနာက္
နဗီးလ္က “မေန႔ညမွာေတာ့ မက္ဆီ ကြင္းထဲလမ္းေလွ်ာက္ေနတယ္။
ပထမပိုင္းၿပီးကတည္းက လူေတြသူ႔ကိုမထိတ္လန႔္ေတာ့ဘူးလို႔





ကြၽန္ေတာ္ေျပာခဲ့တယ္။ သူရတဲ့ေဘာလုံးေတြကို လူတိုင္းက
ေခ်ပႏိုင္ခဲ့တယ္” လို႔ ေဝဖန္ခဲ့တာျဖစ္တယ္။ နဗီးလ္ေျပာဆိုခဲ့တာကို





မေမ့ေသးတဲ့ ကာေရဂါက “မက္ဆီနဲ႔ပက္သတ္လို႔ မင္းသေဘာထား
အမွန္ေလးသိပါရေစ” လို႔ စကားစခဲ့ပါတယ္။ နဗီးလ္က “သူ ကမာၻ႔ဖလား
မရႏိုင္ဘူးလို႔ေျပာတယ္လို႔ မင္းထင္ေနတာလား” လို႔ တုံ႔ျပန္ပါတယ္။





ဒီလိုအခ်ိန္မွာ ကာေရဂါက “ႏိုး…သူ႔ဆီက ေဘာလုံးရဖို႔လြယ္တယ္လို႔
မင္းေျပာခဲ့တာေလ။ မင္း အစိမ္းေရာင္အခန္းထဲမွာေျပာခဲ့တာ” လို႔





ဆိုလိုက္ပါတယ္။ “ႏိုး…ငါက လြန္ခဲ့တဲ့ ၁၀ႏွစ္ေလာက္မွာ မက္ဆီက
ဒီထက္ပိုၿပီးေက်ာ္ျဖတ္ႏိုင္တယ္လို႔ဆိုလိုခ်င္တာ။ သူ အရင္ကလို
ၿပိဳင္ဘက္ေတြကို အႏိုင္မယူႏိုင္ေတာ့ဘူး” လို႔ တင္းခံေျပာဆိုခဲ့တာျဖစ္တယ္။




