
ချန်ပီယံရှစ်ကလပ်နော်တင်ဟမ်ဖောရက်စ်ရဲ့ဒီရာသီအက်ဖ်အေဖလား
ဖြတ်သန်းမှုကတော့ မယုံကြည်နိုင်စရာ ကောင်းနေပါတယ်။
ချန်ပီယံရှစ်အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာရပ်တည်နေတဲ့နော်တင်ဟမ်ဟာ
ဒီရာသီအက်ဖ်အေဖလားမှာ တတိယအဆင့်ကနေ စတင်ယှဉ်ပြိုင်ရတာပါ။
အဲဒီအဆင့်မှာပဲ ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့
ရင်ဆိုင်ရတာကြောင့် ဒီအဆင့်နဲ့တင်ထွက်ရပြီလို့ ထင်ခဲ့ရပေမယ့်
တစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးနဲ့ အာတီတာရဲ့အသင်းကို ပြိုင်ပွဲက
ထွက်စေခဲ့ပါတယ်။ နောက်တစ်ဆင့်ရောက်တော့လည်း နော်တင်ဟမ်ဟာ အက်ဖ်အေဖလားရဲ့
လက်ရှိချန်ပီယံဖြစ်တဲ့လက်စတာကို ရင်ဆိုင်တွေ့ရပြန်တယ်။ ဒါပေမဲ့လည်း
ပွဲအစမိနစ် ၃၀ အတွင်း ၃ ဂိုးဆက်တိုက်သွင်းပြီး နောက်ဆုံးမှာ ၄-၁ နဲ့
လက်ရှိချန်ပီယံကိုလည်း ပြိုင်ပွဲက မောင်းထုတ်နိုင်ခဲ့ပြန်တယ်။ နော်တင်ဟမ်ဟာ
နောက်တစ်ဆင့်ဖြစ်တဲ့ ပဉ္စမအဆင့်မှာ ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ဟက်ဒါဖီးလ်ကို
ဧည့်ခံရမှာဖြစ်လို့ ဒီတစ်ခါတော့ ပွဲချောင်ပါတယ်။ တကယ်တော့ နော်တင်ဟမ်ဟာ
နယ်နယ်ရရမဟုတ်ဘဲ အင်္ဂလိပ်ဘောလုံးလောကမှာ အစဉ်အလာကြီးခဲ့တဲ့အသင်းတစ်သင်းပါ။
၁၉၇၀ နဲ့ ၁၉၈၀ ကာလတွေမှာ လျှမ်းလျှမ်းတောက်ခဲ့တာဖြစ်ပြီး ဥရောပမှာ
နှစ်ကြိမ်တိုင်ဗိုလ်စွဲခဲ့ဖူးပါတယ်။ သူတို့ဟာ ၁၉၇၇-၇၈ ရာသီတုန်းက
အင်္ဂလန်ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်နဲ့ဝေးကွာနေတာ အတန်ကြာပြီဖြစ်တဲ့
နော်တင်ဟမ်ဟာ လက်ရှိအချိန်မှာတော့ တန်းတက်play-offs အတွက် မျှော်လင့်ချက်ရှိနေတာပါ။
zawgyi
အာဆင္နယ္ၿပီးေတာ့ လက္ရွိခ်န္ပီယံကို ျဖုတ္ခ်လိုက္ျပန္တဲ့ ခ်န္ပီယံရွစ္ကအသင္း
ခ်န္ပီယံရွစ္ကလပ္ေနာ္တင္ဟမ္ေဖာရက္စ္ရဲ႕ဒီရာသီအက္ဖ္ေအဖလား
ျဖတ္သန္းမႈကေတာ့ မယုံၾကည္ႏိုင္စရာ ေကာင္းေနပါတယ္။
ခ်န္ပီယံရွစ္အမွတ္ေပးဇယားမွာ အဆင့္ ၈ ေနရာရပ္တည္ေနတဲ့ေနာ္တင္ဟမ္ဟာ
ဒီရာသီအက္ဖ္ေအဖလားမွာ တတိယအဆင့္ကေန စတင္ယွဥ္ၿပိဳင္ရတာပါ။
အဲဒီအဆင့္မွာပဲ ပရီးမီးယားလိဂ္အသင္းႀကီးတစ္သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔
ရင္ဆိုင္ရတာေၾကာင့္ ဒီအဆင့္နဲ႔တင္ထြက္ရၿပီလို႔ ထင္ခဲ့ရေပမယ့္
တစ္လုံးတည္းေသာေနာက္က်အႏိုင္ဂိုးနဲ႔ အာတီတာရဲ႕အသင္းကို ၿပိဳင္ပြဲက
ထြက္ေစခဲ့ပါတယ္။ ေနာက္တစ္ဆင့္ေရာက္ေတာ့လည္း ေနာ္တင္ဟမ္ဟာ အက္ဖ္ေအဖလားရဲ႕
လက္ရွိခ်န္ပီယံျဖစ္တဲ့လက္စတာကို ရင္ဆိုင္ေတြ႕ရျပန္တယ္။ ဒါေပမဲ့လည္း
ပြဲအစမိနစ္ ၃၀ အတြင္း ၃ ဂိုးဆက္တိုက္သြင္းၿပီး ေနာက္ဆုံးမွာ ၄-၁ နဲ႔
လက္ရွိခ်န္ပီယံကိုလည္း ၿပိဳင္ပြဲက ေမာင္းထုတ္ႏိုင္ခဲ့ျပန္တယ္။ ေနာ္တင္ဟမ္ဟာ
ေနာက္တစ္ဆင့္ျဖစ္တဲ့ ပၪၥမအဆင့္မွာ ခ်န္ပီယံရွစ္ကလပ္ျဖစ္တဲ့ဟက္ဒါဖီးလ္ကို
ဧည့္ခံရမွာျဖစ္လို႔ ဒီတစ္ခါေတာ့ ပြဲေခ်ာင္ပါတယ္။ တကယ္ေတာ့ ေနာ္တင္ဟမ္ဟာ
နယ္နယ္ရရမဟုတ္ဘဲ အဂၤလိပ္ေဘာလုံးေလာကမွာ အစဥ္အလာႀကီးခဲ့တဲ့အသင္းတစ္သင္းပါ။
၁၉၇၀ နဲ႔ ၁၉၈၀ ကာလေတြမွာ လွ်မ္းလွ်မ္းေတာက္ခဲ့တာျဖစ္ၿပီး ဥေရာပမွာ
ႏွစ္ႀကိမ္တိုင္ဗိုလ္စြဲခဲ့ဖူးပါတယ္။ သူတို႔ဟာ ၁၉၇၇-၇၈ ရာသီတုန္းက
အဂၤလန္ခ်န္ပီယံလည္း ျဖစ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္နဲ႔ေဝးကြာေနတာ အတန္ၾကာၿပီျဖစ္တဲ့
ေနာ္တင္ဟမ္ဟာ လက္ရွိအခ်ိန္မွာေတာ့ တန္းတက္play-offs အတြက္ ေမွ်ာ္လင့္ခ်က္ရွိေနတာပါ။