အာဆင်နယ်နဲ့ ဝက်စ်ဟမ်းပစ်မှတ် ကယ်လ်ဗက်လီဝင်ကို ရောင်းချဖို့ အဲဗာတန် ပြင်ဆင်လာ

အဲဗာတန်အသင်းဟာ လာမယ့်နွေရာသီအတွင်း

အဓိကတိုက်စစ်မှူး ကယ်လ်ဗက်လီဝင်ကို ရောင်းချဖို့
ပြင်ဆင်နေပြီး ပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့
အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့က အပြိုင်စိတ်ဝင်စားနေပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြချက်အရ အဲဗာတန်ဟာ
အင်္ဂလန်လက်ရွေးစင် ကယ်လ်ဗက်လီဝင်အတွက်

ပေါင်သန်း ၆၀ထက် ပိုနည်းတဲ့ ကမ်းလှမ်းမှုကိုတောင်
လက်သင့်ခံဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။
ကယ်လ်ဗက်လီဝင်ဟာ ယခုရာသီ သူပါဝင်ကစားခဲ့တဲ့
လိဂ်အဖွင့် ၃ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဲဒီနောက်
ခြေချောင်းရိုးကျိုးဒဏ်ရာကြောင့် ကာလရှည်

အနားယူခဲ့ရပြီး ပြန်ကစားနိုင်ချိန်ကတည်းက
အခုချိန်အထိ ဂိုးမသွင်းနိုင်သေးပါဘူး။
အာဆင်နယ်ဟာ ဇန်နဝါရီလက အသင်းခေါင်းဆောင်
အူဘာမီယန်းကို လက်လွှတ်ခံခဲ့သလို လက်ရှိတိုက်စစ်မှူးတွေဖြစ်တဲ့
လာကာဇက်နဲ့ အန်ကီတီးယားတို့ကလည်း ယခုရာသီအကုန်မှာ

စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ နွေရာသီမှာ
တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေပါတယ်။
ဝက်စ်ဟမ်းဟာ ဇန်နဝါရီလအတွင်း ကယ်လ်ဗက်လီဝင်ကို
ခေါ်ယူနိုင်ဖို့ ဆက်သွယ်စုံစမ်းခဲ့ပေမယ့်
ပေါင်သန်း ၆၀ သတ်မှတ်ထားလို့ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

ဒါပေမဲ့ အဲဗာတန်သာ အဲဒီပြောင်းရွှေ့ကြေးကို လျှော့ချပေးရင်
ကယ်လ်ဗက်လီဝင်အတွက် ဝက်စ်ဟမ်းလည်း ထပ်မံ
ကြိုးစားလာနိုင်ပြီး အသင်းမှာ အထောင်တိုက်စစ်မှူးဆိုလို့
အန်တိုနီယိုတစ်ဦးတည်းသာ ရှိပါတယ်။
ကယ်လ်ဗက်လီဝင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ

၁၆ ဂိုးသွင်းယူနိုင်ခဲ့သလို တမြန်နှစ်ရာသီကလည်း
၁၃ ဂိုး သွင်းယူခဲ့ပြီး စာချုပ်သက်တမ်းက ၂၀၂၅ နွေရာသီကျမှ
ကုန်ဆုံးမှာဖြစ်ပေမယ့် နည်းပြလမ်းပတ်ကတော့
လာမယ့်နွေရာသီမှာ အသင်းကို အပြောင်းအလဲ
ကြီးကြီးမားမားပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

Zawgyi

အာဆင္နယ္နဲ႔ ၀က္စ္ဟမ္းပစ္မွတ္ ကယ္လ္ဗက္လီ၀င္ကို ေရာင္းခ်ဖုိ႔ အဲဗာတန္ ျပင္ဆင္လာ
အဲဗာတန္အသင္းဟာ လာမယ့္ေႏြရာသီအတြင္း

အဓိကတုိက္စစ္မွဴး ကယ္လ္ဗက္လီ၀င္ကို ေရာင္းခ်ဖုိ႔
ျပင္ဆင္ေနၿပီး ျပည္တြင္းၿပိဳင္ဘက္ေတြျဖစ္တဲ့
အာဆင္နယ္နဲ႔ ၀က္စ္ဟမ္းတို႔က အၿပိဳင္စိတ္၀င္စားေနပါတယ္။
The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ အဲဗာတန္ဟာ
အဂၤလန္လက္ေရြးစင္ ကယ္လ္ဗက္လီ၀င္အတြက္

ေပါင္သန္း ၆၀ထက္ ပိုနည္းတဲ့ ကမ္းလွမ္းမႈကိုေတာင္
လက္သင့္ခံဖုိ႔ အသင့္ျဖစ္ေနတယ္လုိ႔ သိရပါတယ္။
ကယ္လ္ဗက္လီ၀င္ဟာ ယခုရာသီ သူပါ၀င္ကစားခဲ့တဲ့
လိဂ္အဖြင့္ ၃ပြဲဆက္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ အဲဒီေနာက္
ေျခေခ်ာင္းရိုးက်ိဳးဒဏ္ရာေၾကာင့္ ကာလရွည္

အနားယူခဲ့ရၿပီး ျပန္ကစားႏုိင္ခ်ိန္ကတည္းက
အခုခ်ိန္အထိ ဂိုးမသြင္းႏိုင္ေသးပါဘူး။
အာဆင္နယ္ဟာ ဇန္န၀ါရီလက အသင္းေခါင္းေဆာင္
အူဘာမီယန္းကို လက္လႊတ္ခံခဲ့သလုိ လက္ရွိတုိက္စစ္မွဴးေတြျဖစ္တဲ့
လာကာဇက္နဲ႔ အန္ကီတီးယားတုိ႔ကလည္း ယခုရာသီအကုန္မွာ

စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လုိ႔ ေႏြရာသီမွာ
တုိက္စစ္ပိုင္းကို အင္အားျဖည့္တင္းလုိေနပါတယ္။
၀က္စ္ဟမ္းဟာ ဇန္န၀ါရီလအတြင္း ကယ္လ္ဗက္လီ၀င္ကို
ေခၚယူႏုိင္ဖို႔ ဆက္သြယ္စုံစမ္းခဲ့ေပမယ့္
ေပါင္သန္း ၆၀ သတ္မွတ္ထားလုိ႔ ေနာက္ျပန္ဆုတ္ခဲ့ရပါတယ္။

ဒါေပမဲ့ အဲဗာတန္သာ အဲဒီေျပာင္းေရႊ႕ေၾကးကို ေလွ်ာ့ခ်ေပးရင္
ကယ္လ္ဗက္လီ၀င္အတြက္ ၀က္စ္ဟမ္းလည္း ထပ္မံ
ႀကိဳးစားလာႏိုင္ၿပီး အသင္းမွာ အေထာင္တုိက္စစ္မွဴးဆုိလုိ႔
အန္တိုနီယိုတစ္ဦးတည္းသာ ရွိပါတယ္။
ကယ္လ္ဗက္လီ၀င္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ

၁၆ ဂိုးသြင္းယူႏိုင္ခဲ့သလုိ တျမန္ႏွစ္ရာသီကလည္း
၁၃ ဂိုး သြင္းယူခဲ့ၿပီး စာခ်ဳပ္သက္တမ္းက ၂၀၂၅ ေႏြရာသီက်မွ
ကုန္ဆုံးမွာျဖစ္ေပမယ့္ နည္းျပလမ္းပတ္ကေတာ့
လာမယ့္ေႏြရာသီမွာ အသင္းကို အေျပာင္းအလဲ
ႀကီးႀကီးမားမားျပဳလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။