
ယူနိုက်တက်ဟာ ဒီသတင်းပတ်အတွင်းကစားမယ့် အာဆင်နယ်နဲ့





ပွဲစဉ်မှာ ကွင်းလယ်လူကက်စ်မီရိုကိုဆုံးရှုံးရနိုင်တဲ့ အကြောင်းအရင်း
ရှိနေပါတယ်။ ဂန်းနားတွေဟာ အခါးသီးဆုံးမြို့ခံပြိုင်ဘက်





စပါးကိုအနိုင်ရခဲ့တဲ့နောက် ဒုတိယနေရာက မန်စီးတီးကို
၈မှတ် အထိဖြတ်နိုင်ခဲ့ပြီဖြစ်သလို ယူနိုက်တက်နဲ့ ၉မှတ် အကွာမှာ
ရပ်တည်နေတာဖြစ်တယ်။ ယူနိုက်တက်အနေနဲ့ ဒီသီတင်းပတ်မှာ





အာဆင်နယ်ကိုအမိမဖမ်းနိုင်ရင်တော့ ဂန်းနားတွေရဲ့ ချန်ပီယံ
လမ်းကြောင်းဖြောင့်ဖြူးသွားဖို့ရှိနေပါတယ်။ တကယ်လို့





ယူနိုက်တက်ဟာ ကြားရက်ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ
မျှော်လင့်ထားတဲ့အတိုင်းရလဒ်ကောင်းခဲ့မယ်ဆိုရင်တော့
အာဆင်နယ်နဲ့တွေ့ဆုံမှုက ချန်ပီယံဆုအတွက်အဓိပ္ပါယ်ရှိတဲ့





အခိုက်အတန့်လို့ဆိုရမှာပါ။ အခြားတစ်ဖက်မှာတော့
သရဲနီတွေဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ အဓိက ကွင်းလယ်လူ





နှစ်ယောက်ကို ဆုံးရှုံးရဖို့ရှိနေတာဖြစ်တယ်။ ယူနိုက်တက်ဟာ
အာဆင်နယ်နဲ့ပွဲစဉ်မှာ ဘရာဇီးကွင်းလယ်လူနှစ်ယောက်ဖြစ်တဲ့
ကက်စ်မီရိုနဲ့ ဖရက်ဒ်ကို ဆုံးရှုံးရဖို့ရှိနေတာပါ။ ဒီကစားသမား





နှစ်ယောက်ဟာ လန်ဒန်တောင်ပိုင်းသွားရောက်ပြီး ပဲလေ့စ်နဲ့
ရင်ဆိုင်မှုမှာ အဝါကတ်ပြသခံရမယ်ဆိုရင်တော့ ဂန်းနားတွေနဲ့





ပွဲကိုသေချာပေါက်လွဲပါပြီ။ ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းစည်းကမ်းအရ
ကစားသမားတွေဟာ ရာသိဝက်အနေအထား(၁၉ပွဲ)အတွင်းမှာ
အဝါကတ် ၅ ကတ်ထိခဲ့ရင် အော်တိုတစ်ပွဲပယ်ခံရမှာဖြစ်တယ်။





ကက်စ်မီရိုနဲ့ ဖရက်ဒ်ဟာ ပဲလေ့စ်နဲ့ပွဲမတိုင်ခင်မှာ အဝါကတ်
၄ ကတ်စီပြသခံရပြီးဖြစ်ပါတယ်။ ကက်စ်မီရိုလိုကစားသမားကို





ဆုံးရှုံးရမယ်ဆိုရင်တော့ တန်ဟတ်အသင်းအတွက်အထိ
နာစရာဖြစ်လာမှာပါ။ သရဲနီပရိသတ်တွေဟာ ဘရာဇီးသားကို
စွဲလမ်းနေသလို မန်စီးတီးကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ





နောက်ခံလူ ဗာရန်းက “ပြောစရာစကားတောင်မရှိပါဘူး။
သူက ကွင်းထဲမှာအများကြီး ကာဗာလုပ်ပေးနိုင်တယ်။





အရမ်းကိုပြေးလွှားပြီးလှုပ်ရှားပေးနိုင်တယ်။ သူက ဘောလုံး
လိုချင်တဲ့အခါမှာ ရန်လိုနေပြီး ရသွားတဲ့အချိန်မှာတော့
အေးဆေးဖြစ်သွားပါတယ်။ မယုံနိုင်စရာကောင်းပါတယ်” လို့





BBC နဲ့တွေ့ဆုံမှုမှာ ချီးကျူးခဲ့ပါတယ်။
zawgyi





အာဆင္နယ္နဲ႔ေတြ႕ဆုံမႈမွာ ကက္စ္မီ႐ိုကို ယူႏိုက္တက္အသင္း ဆုံးရႈံးရဖြယ္ရွိေန
ယူႏိုက္တက္ဟာ ဒီသတင္းပတ္အတြင္းကစားမယ့္ အာဆင္နယ္နဲ႔
ပြဲစဥ္မွာ ကြင္းလယ္လူကက္စ္မီ႐ိုကိုဆုံးရႈံးရႏိုင္တဲ့ အေၾကာင္းအရင္း





ရွိေနပါတယ္။ ဂန္းနားေတြဟာ အခါးသီးဆုံးၿမိဳ႕ခံၿပိဳင္ဘက္
စပါးကိုအႏိုင္ရခဲ့တဲ့ေနာက္ ဒုတိယေနရာက မန္စီးတီးကို





၈မွတ္ အထိျဖတ္ႏိုင္ခဲ့ၿပီျဖစ္သလို ယူႏိုက္တက္နဲ႔ ၉မွတ္ အကြာမွာ
ရပ္တည္ေနတာျဖစ္တယ္။ ယူႏိုက္တက္အေနနဲ႔ ဒီသီတင္းပတ္မွာ
အာဆင္နယ္ကိုအမိမဖမ္းႏိုင္ရင္ေတာ့ ဂန္းနားေတြရဲ႕ ခ်န္ပီယံ





လမ္းေၾကာင္းေျဖာင့္ျဖဴးသြားဖို႔ရွိေနပါတယ္။ တကယ္လို႔
ယူႏိုက္တက္ဟာ ၾကားရက္ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲစဥ္မွာ





ေမွ်ာ္လင့္ထားတဲ့အတိုင္းရလဒ္ေကာင္းခဲ့မယ္ဆိုရင္ေတာ့
အာဆင္နယ္နဲ႔ေတြ႕ဆုံမႈက ခ်န္ပီယံဆုအတြက္အဓိပၸါယ္ရွိတဲ့
အခိုက္အတန႔္လို႔ဆိုရမွာပါ။ အျခားတစ္ဖက္မွာေတာ့





သရဲနီေတြဟာ အာဆင္နယ္နဲ႔ပြဲစဥ္မွာ အဓိက ကြင္းလယ္လူ
ႏွစ္ေယာက္ကို ဆုံးရႈံးရဖို႔ရွိေနတာျဖစ္တယ္။ ယူႏိုက္တက္ဟာ





အာဆင္နယ္နဲ႔ပြဲစဥ္မွာ ဘရာဇီးကြင္းလယ္လူႏွစ္ေယာက္ျဖစ္တဲ့
ကက္စ္မီ႐ိုနဲ႔ ဖရက္ဒ္ကို ဆုံးရႈံးရဖို႔ရွိေနတာပါ။ ဒီကစားသမား
ႏွစ္ေယာက္ဟာ လန္ဒန္ေတာင္ပိုင္းသြားေရာက္ၿပီး ပဲေလ့စ္နဲ႔





ရင္ဆိုင္မႈမွာ အဝါကတ္ျပသခံရမယ္ဆိုရင္ေတာ့ ဂန္းနားေတြနဲ႔
ပြဲကိုေသခ်ာေပါက္လြဲပါၿပီ။ ပရီးမီးယားလိဂ္ရဲ႕စည္းမ်ဥ္းစည္းကမ္းအရ





ကစားသမားေတြဟာ ရာသိဝက္အေနအထား(၁၉ပြဲ)အတြင္းမွာ
အဝါကတ္ ၅ ကတ္ထိခဲ့ရင္ ေအာ္တိုတစ္ပြဲပယ္ခံရမွာျဖစ္တယ္။
ကက္စ္မီ႐ိုနဲ႔ ဖရက္ဒ္ဟာ ပဲေလ့စ္နဲ႔ပြဲမတိုင္ခင္မွာ အဝါကတ္





၄ ကတ္စီျပသခံရၿပီးျဖစ္ပါတယ္။ ကက္စ္မီ႐ိုလိုကစားသမားကို
ဆုံးရႈံးရမယ္ဆိုရင္ေတာ့ တန္ဟတ္အသင္းအတြက္အထိ





နာစရာျဖစ္လာမွာပါ။ သရဲနီပရိသတ္ေတြဟာ ဘရာဇီးသားကို
စြဲလမ္းေနသလို မန္စီးတီးကိုအႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာ
ေနာက္ခံလူ ဗာရန္းက “ေျပာစရာစကားေတာင္မရွိပါဘူး။





သူက ကြင္းထဲမွာအမ်ားႀကီး ကာဗာလုပ္ေပးႏိုင္တယ္။
အရမ္းကိုေျပးလႊားၿပီးလႈပ္ရွားေပးႏိုင္တယ္။ သူက ေဘာလုံး





လိုခ်င္တဲ့အခါမွာ ရန္လိုေနၿပီး ရသြားတဲ့အခ်ိန္မွာေတာ့
ေအးေဆးျဖစ္သြားပါတယ္။ မယုံႏိုင္စရာေကာင္းပါတယ္” လို႔
BBC နဲ႔ေတြ႕ဆုံမႈမွာ ခ်ီးက်ဴးခဲ့ပါတယ္။




