အာဆင်နယ်ဆီ ပြန်လာဖြစ်ဦးမယ့် အာစင်ဝင်းဂါး

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးက အသင်းဟောင်းကို

ချစ်နေဆဲဖြစ်ကြောင်း မကြာခင်တုန်းက ပြောကြားခဲ့ဖူးပါတယ်။

သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာမှာ အာစင်ဝင်းဂါးက “ကျွန်တော်

ဒီအသင်းကို ချစ်နေတုန်းပါပဲ။ ကျွန်တော် Red and White အဖြစ်

ရှိနေတုန်းပါပဲ။ တခြားအသင်းတွေကို မကိုင်တွယ်ဖြစ်တာလည်း

ဒီအချက်ကြောင့်ပါပဲ”ဟု ပြောကြားခဲ့ဖူးပါတယ်။

အခုဆိုရင် အာစင်ဝင်းဂါးဟာ နည်းစနစ်ဒါရိုက်တာ ရာထူးနဲ့

အသင်းဟောင်း အာဆင်နယ်အသင်းထံ ပြန်လည် ပြောင်းရွှေ့လာဖို့

နီးစပ်နေကြောင်း အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ

အာတီတာက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးက အာဆင်နယ်အသင်းမှာ ဘယ်လိုရာထူးမျိုး ရယူမလဲ ဆိုတာနဲ့

ပတ်သတ်ပြီး အတိအကျ သတင်းထွက်ပေါ်ခြင်း မရှိသေးပေမယ့်

အာတီတာက အာစင်ဝင်းဂါးဟာ သူ့ကို နည်းစနစ်ပိုင်းနဲ့ ပတ်သတ်ပြီး

ကူညီနိုင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာကြောင့် အာစင်ဝင်းဂါးရဲ့

ရာထူးက အာဆင်နယ်အသင်းမှာ လစ်လပ်နေတဲ့

နည်းစနစ်ဒါရိုက်တာ ရာထူး ဖြစ်နိုင်ပါတယ်။

အာတီတာက “အသင်းနဲ့ အာဆင်းတို့ ကြားမှာ ဆွေးနွေးမှုတွေ ရှိနေပါတယ်။

ပြီးတော့ ကျွန်တော်နဲ့ အာဆင်းက သူ့ရဲ့အကြောင်းကို ပြန်လည်

ရိုက်ကူးမယ့် ရုပ်ရှင်အကြောင်းနဲ့ ပတ်သတ်ပြီး စကားပြောဖြစ်ခဲ့ပါသေးတယ်။

သူ့ကို အသင်းမှာ ပြန်တွေ့ရတာက အတော်လေး ပျော်ဖို့ကောင်းပါတယ်။

ကျွန်တော်တို့တွေ သူ့ကို ခေါ်ယူနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောဆိုပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ခုနှစ် ကနေ

၂၀၁၈ခုနှစ် အထိ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ

အာဆင်နယ်အသင်းဟာ ရှုံးပွဲမရှိစံချိန်နဲ့ လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့သလို

အခြားသော ဆုဖလားအောင်မြင်မှု များစွာလည်း ရရှိခဲ့ပါတယ်။

zawgyi

အာဆင္နယ္ဆီ ျပန္လာျဖစ္ဦးမယ့္ အာစင္ဝင္းဂါး

အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္း အာစင္ဝင္းဂါးက အသင္းေဟာင္းကို

ခ်စ္ေနဆဲျဖစ္ေၾကာင္း မၾကာခင္တုန္းက ေျပာၾကားခဲ့ဖူးပါတယ္။

သတင္းေထာက္တစ္ဦးက ေမးျမန္းခဲ့ရာမွာ အာစင္ဝင္းဂါးက “ကြၽန္ေတာ္

ဒီအသင္းကို ခ်စ္ေနတုန္းပါပဲ။ ကြၽန္ေတာ္ Red and White အျဖစ္

ရွိေနတုန္းပါပဲ။ တျခားအသင္းေတြကို မကိုင္တြယ္ျဖစ္တာလည္း

ဒီအခ်က္ေၾကာင့္ပါပဲ”ဟု ေျပာၾကားခဲ့ဖူးပါတယ္။

အခုဆိုရင္ အာစင္ဝင္းဂါးဟာ နည္းစနစ္ဒါ႐ိုက္တာ ရာထူးနဲ႔

အသင္းေဟာင္း အာဆင္နယ္အသင္းထံ ျပန္လည္ ေျပာင္းေ႐ႊ႕လာဖို႔

နီးစပ္ေနေၾကာင္း အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ

အာတီတာက အတည္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။

အာစင္ဝင္းဂါးက အာဆင္နယ္အသင္းမွာ ဘယ္လိုရာထူးမ်ိဳး ရယူမလဲ ဆိုတာနဲ႔

ပတ္သတ္ၿပီး အတိအက် သတင္းထြက္ေပၚျခင္း မရွိေသးေပမယ့္

အာတီတာက အာစင္ဝင္းဂါးဟာ သူ႔ကို နည္းစနစ္ပိုင္းနဲ႔ ပတ္သတ္ၿပီး

ကူညီႏိုင္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့တာေၾကာင့္ အာစင္ဝင္းဂါးရဲ႕

ရာထူးက အာဆင္နယ္အသင္းမွာ လစ္လပ္ေနတဲ့

နည္းစနစ္ဒါ႐ိုက္တာ ရာထူး ျဖစ္ႏိုင္ပါတယ္။

အာတီတာက “အသင္းနဲ႔ အာဆင္းတို႔ ၾကားမွာ ေဆြးေႏြးမႈေတြ ရွိေနပါတယ္။

ၿပီးေတာ့ ကြၽန္ေတာ္နဲ႔ အာဆင္းက သူ႔ရဲ႕အေၾကာင္းကို ျပန္လည္

႐ိုက္ကူးမယ့္ ႐ုပ္ရွင္အေၾကာင္းနဲ႔ ပတ္သတ္ၿပီး စကားေျပာျဖစ္ခဲ့ပါေသးတယ္။

သူ႔ကို အသင္းမွာ ျပန္ေတြ႕ရတာက အေတာ္ေလး ေပ်ာ္ဖို႔ေကာင္းပါတယ္။

ကြၽန္ေတာ္တို႔ေတြ သူ႔ကို ေခၚယူႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာဆိုပါတယ္။

အာစင္ဝင္းဂါးဟာ အာဆင္နယ္အသင္းကို ၁၉၉၆ခုႏွစ္ ကေန

၂၀၁၈ခုႏွစ္ အထိ ကိုင္တြယ္ခဲ့သူ ျဖစ္ၿပီး သူ႔ရဲ႕လက္ထက္မွာ

အာဆင္နယ္အသင္းဟာ ရႈံးပြဲမရွိစံခ်ိန္နဲ႔ လိဂ္ဖလားကို သိမ္းပိုက္ႏိုင္ခဲ့သလို

အျခားေသာ ဆုဖလားေအာင္ျမင္မႈ မ်ားစြာလည္း ရရွိခဲ့ပါတယ္။