
အာဆင်နယ်အသင်းနည်းပြအာတီတာဟာ မကြာသေးခင်က
တိုက်စစ်မှူးအူဘာမီယန်းကို အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခဲ့ပြီးတဲ့နောက်
အသင်းလူစာရင်းမှာ မရွေးချယ်တော့ဘဲ ဆန်းဒါးလန်းနဲ့ကစားခဲ့တဲ့
လိဂ်ဖလားကွာတားဖိုင်နယ်ပွဲမှာလည်း ဆက်လက်ချန်လှပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အူဘာမီယန်း မပါနိုင်တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ
ဆက်တိုက်ရယူနေပြီး ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန်၊ ဝက်စ်ဟမ်း၊
လိဒ်စ်တို့ကို အနိုင်ရခဲ့သလို အခု လိဂ်ဖလားကွာတားဖိုင်နယ်ပွဲမှာလည်း
ဆန်းဒါးလန်းအသင်းကို (၅-၁)ဂိုးနဲ့အနိုင်ယူပြီးတော့ ဆီမီးဖိုင်နယ်အဆင့်
တက်ရောက်သွားပြီဖြစ်ပါတယ်။ အခုပွဲမှာ အသက်(၂၂)နှစ်အရွယ်
တိုက်စစ်မှူးအန်ကီတီယာ ခြေစွမ်းပြဟက်ထရစ်သွင်းယူခဲ့ပြီး
ဝေဖန်ခံနေရတဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ပီပီလည်း
ဂိုးပေါက်တွေ့ခဲ့သလို လူငယ်ကစားသမားပါတီနိုကလည်း စီနီယာအသင်းအတွက်
ပထမဆုံးအဖြစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဆန်းဒါးလန်းအသင်းနဲ့ပွဲအပြီးမှာ အာတီတာက “ကျွန်တော်တို့
ဆုံးဖြတ်ချက်ချထားသလိုပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အခုပွဲမှာ အူဘာမီယန်းကို အသင်းလူစာရင်းကနေ
ဆက်လက်ချန်လှပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အာတီတာအနေနဲ့ အူဘာမီယန်းကို အခုလိုမျိုးပြစ်ဒဏ်ချမှတ်ထားပေမယ့်
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာတော့ ရောင်းချသွားဖို့အစီအစဉ်မရှိပါဘူး။
အခုလောလောဆယ် အူဘာမီယန်းကိုခေါ်ယူဖို့အတွက် ဘာစီလိုနာနဲ့
ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြပေမယ့် အာဆင်နယ်အသင်းကတော့
ရာသီဝက်ကာလမှာ အသင်းရဲ့ကစားသမားစုဖွဲ့မှုအားနည်းသွားမှာကို
မလိုလားတဲ့အတွက် ရောင်းချဖို့ဆန္ဒမရှိဖြစ်နေတာပါ။ အူဘာမီယန်းဟာ
လာမယ့်နှစ်၊ ဇန်နဝါရီလအတွင်းကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ
ဂါဘွန်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပြိုင်ပွဲကပြန်လာရင်တော့
သူ့ရဲ့အနေအထားကို အာတီတာက ပြန်လည်သုံးသပ်သွားဖို့ရှိနေပါတယ်။
zawgyi
အာဆင္နယ္က အူဘာမီယန္းကို ေရာင္းဖို႔ စိတ္ကူးမရွိေသး
အာဆင္နယ္အသင္းနည္းျပအာတီတာဟာ မၾကာေသးခင္က
တိုက္စစ္မႉးအူဘာမီယန္းကို အသင္းေခါင္းေဆာင္ရာထူးက ဖယ္ရွားခဲ့ၿပီးတဲ့ေနာက္
အသင္းလူစာရင္းမွာ မေ႐ြးခ်ယ္ေတာ့ဘဲ ဆန္းဒါးလန္းနဲ႔ကစားခဲ့တဲ့
လိဂ္ဖလားကြာတားဖိုင္နယ္ပြဲမွာလည္း ဆက္လက္ခ်န္လွပ္ခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ အူဘာမီယန္း မပါႏိုင္တဲ့ပြဲေတြမွာ ရလဒ္ေကာင္းေတြ
ဆက္တိုက္ရယူေနၿပီး ပရီးမီးယားလိဂ္မွာ ေဆာက္သမ္တန္၊ ဝက္စ္ဟမ္း၊
လိဒ္စ္တို႔ကို အႏိုင္ရခဲ့သလို အခု လိဂ္ဖလားကြာတားဖိုင္နယ္ပြဲမွာလည္း
ဆန္းဒါးလန္းအသင္းကို (၅-၁)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့ ဆီမီးဖိုင္နယ္အဆင့္
တက္ေရာက္သြားၿပီျဖစ္ပါတယ္။ အခုပြဲမွာ အသက္(၂၂)ႏွစ္အ႐ြယ္
တိုက္စစ္မႉးအန္ကီတီယာ ေျခစြမ္းျပဟက္ထရစ္သြင္းယူခဲ့ၿပီး
ေဝဖန္ခံေနရတဲ့ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္ ပီပီလည္း
ဂိုးေပါက္ေတြ႕ခဲ့သလို လူငယ္ကစားသမားပါတီႏိုကလည္း စီနီယာအသင္းအတြက္
ပထမဆုံးအျဖစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဆန္းဒါးလန္းအသင္းနဲ႔ပြဲအၿပီးမွာ အာတီတာက “ကြၽန္ေတာ္တို႔
ဆုံးျဖတ္ခ်က္ခ်ထားသလိုပဲ ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။
အခုပြဲမွာ အူဘာမီယန္းကို အသင္းလူစာရင္းကေန ဆက္လက္ခ်န္လွပ္ခဲ့ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။ အာတီတာအေနနဲ႔ အူဘာမီယန္းကို
အခုလိုမ်ိဳးျပစ္ဒဏ္ခ်မွတ္ထားေပမယ့္ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕
ေစ်းကြက္မွာေတာ့ ေရာင္းခ်သြားဖို႔အစီအစဥ္မရွိပါဘူး။
အခုေလာေလာဆယ္ အူဘာမီယန္းကိုေခၚယူဖို႔အတြက္ ဘာစီလိုနာနဲ႔
ဂ်ဴဗင္တပ္စ္အသင္းတို႔က စိတ္ဝင္စားေနၾကေပမယ့္ အာဆင္နယ္အသင္းကေတာ့
ရာသီဝက္ကာလမွာ အသင္းရဲ႕ကစားသမားစုဖြဲ႕မႈအားနည္းသြားမွာကို
မလိုလားတဲ့အတြက္ ေရာင္းခ်ဖို႔ဆႏၵမရွိျဖစ္ေနတာပါ။ အူဘာမီယန္းဟာ
လာမယ့္ႏွစ္၊ ဇန္နဝါရီလအတြင္းက်င္းပမယ့္ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ
ဂါဘြန္အသင္းနဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဲဒီၿပိဳင္ပြဲကျပန္လာရင္ေတာ့
သူ႔ရဲ႕အေနအထားကို အာတီတာက ျပန္လည္သုံးသပ္သြားဖို႔ရွိေနပါတယ္။