အာဆင်နယ်က အနိုင်ရဖို့နည်းလမ်းတွေဆီပြန်သွားဖို့အချိန်ယူရဦးမှာဖြစ်ပြီး ဗီလာနဲ့သရေကျသွားလိမ့်မယ်လို့ လက်စ်ကော့ ခန်းမှန်းလိုက်

ဂန်းနားတွေဟာ ယနေ့ညအစောဆုံးပွဲအဖြစ်ကစားရမယ့် ဗီလာနဲ့ပွဲစဉ်မှာ

ချန်ပီယံမျှော်လင့်ချက်အတွက် နောက်ထပ်ဆုတ်ယုတ်မှုတွေရှိလာလိမ့်မယ်လို့

မန်စီးတီးနောက်ခံလူဟောင်း လက်စ်ကော့က ခန့်မှန်းလိုက်ပါတယ်။

အာတီတာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ အဓိကပြိုင်ဘက် မန်စီးတီးကိုရှုံးနိမ့်ခဲ့ပြီးနောက်

ပွဲကျန်တစ်ပွဲလက်ထဲကိုင်ပြီး ဒုတိယနေရာကိုဆင်းပေးခဲ့ရတာဖြစ်တယ်။

ဒါ့အပြင် ပြိုင်ပွဲစုံ ၄ပွဲဆက်အထိနိုင်ပွဲပျောက်ဆုံးခဲ့တာက သူတို့ရဲ့ယုံကြည်မှုကို

အဆိုးရွားဆုံးထိခိုက်စေနိုင်ပါတယ်။ ဒီညမှာတော့ ဂန်းနားနည်းပြဟောင်း

အူနိုင်းအမ်မရီကိုင်တွယ်နေတဲ့ ဗီလာနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိနေတာပါ။

ဒီပွဲနိုင်ရင် အာဆင်နယ်ဇယားထိပ်ဆုံးပြန်ရောက်လာမှာဖြစ်ပေမယ့်

လက်စ်ကော့ကတော့ အနိုင်ရတဲ့နည်းလမ်းတွေဆီပြန်သွားဖို့အတွက်

အချိန်ယူရဦးမယ်လို့ သုံးသပ်လိုက်တာဖြစ်တယ်။ “အာဆင်နယ်ကို မန်စီးတီးနိုင်လိုက်တာက

ဆုဖလားအားပြိုင်မှုအတွက်အရေးပါတဲ့ အခိုက်အတန့်လို့ဆိုနိုင်ပါတယ်။

ဗီလာကွင်းတွေ့ဆုံမှုက အာဆင်နယ်ရဲ့စရိုက်လက္ခဏာအတွက်ကြီးမားတဲ့

စမ်းသပ်မှုတစ်ခုပါ။ အဝတ်လဲခန်းထဲမှာ အာရုံများနေနိုင်သလို အစောဆုံးပွဲဖြစ်နေလို့

ဖိအားတိုးစေပါတယ်၊ လူတိုင်းကခြေချော်မလားစောင့်ကြည့်နေတာကို

သူတို့သိပါတယ်။ သူတို့ပြန်လာနိုင်ဖို့အတွက်တော့ အလန်းစားဂိမ်းတစ်ခုပါ။

ဗီလာခြေစွမ်းမငြိမ်လို့ အာဆင်နယ်နိုင်သွားလို့ရပေမဲ့ ဗီလာက သူတို့ရဲ့ချန်ပီယံလမ်းကြောင်း

တိမ်းစောင်းသွားဖို့အတွက် လုပ်နိုင်တယ်ဆိုတာကိုပြသမယ်ထင်တယ်။

ရလဒ်ပိုင်းထွက်ပေါ်မှုက အံ့အားသင့်စရာမရှိပါဘူး၊ သရေပါပဲ” လို့ လက်စ်ကော့က ခန့်မှန်းလိုက်တာဖြစ်တယ်။

zawgyi

အာဆင္နယ္က အႏိုင္ရဖို႔နည္းလမ္းေတြဆီျပန္သြားဖို႔အခ်ိန္ယူရဦးမွာျဖစ္ၿပီး ဗီလာနဲ႔သေရက်သြားလိမ့္မယ္လို႔ လက္စ္ေကာ့ ခန္းမွန္းလိုက္

ဂန္းနားေတြဟာ ယေန႔ညအေစာဆုံးပြဲအျဖစ္ကစားရမယ့္ ဗီလာနဲ႔ပြဲစဥ္မွာ

ခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ ေနာက္ထပ္ဆုတ္ယုတ္မႈေတြရွိလာလိမ့္မယ္လို႔

မန္စီးတီးေနာက္ခံလူေဟာင္း လက္စ္ေကာ့က ခန႔္မွန္းလိုက္ပါတယ္။

အာတီတာရဲ႕ အသင္းဟာ ၿပီးခဲ့တဲ့ပြဲစဥ္မွာ အဓိကၿပိဳင္ဘက္ မန္စီးတီးကိုရႈံးနိမ့္ခဲ့ၿပီးေနာက္

ပြဲက်န္တစ္ပြဲလက္ထဲကိုင္ၿပီး ဒုတိယေနရာကိုဆင္းေပးခဲ့ရတာျဖစ္တယ္။

ဒါ့အျပင္ ၿပိဳင္ပြဲစုံ ၄ပြဲဆက္အထိႏိုင္ပြဲေပ်ာက္ဆုံးခဲ့တာက သူတို႔ရဲ႕ယုံၾကည္မႈကို

အဆိုး႐ြားဆုံးထိခိုက္ေစႏိုင္ပါတယ္။ ဒီညမွာေတာ့ ဂန္းနားနည္းျပေဟာင္း

အူႏိုင္းအမ္မရီကိုင္တြယ္ေနတဲ့ ဗီလာနဲ႔ထိပ္တိုက္ရင္ဆိုင္ရဖို႔ရွိေနတာပါ။

ဒီပြဲႏိုင္ရင္ အာဆင္နယ္ဇယားထိပ္ဆုံးျပန္ေရာက္လာမွာျဖစ္ေပမယ့္

လက္စ္ေကာ့ကေတာ့ အႏိုင္ရတဲ့နည္းလမ္းေတြဆီျပန္သြားဖို႔အတြက္

အခ်ိန္ယူရဦးမယ္လို႔ သုံးသပ္လိုက္တာျဖစ္တယ္။ “အာဆင္နယ္ကို မန္စီးတီးႏိုင္လိုက္တာက

ဆုဖလားအားၿပိဳင္မႈအတြက္အေရးပါတဲ့ အခိုက္အတန႔္လို႔ဆိုႏိုင္ပါတယ္။

ဗီလာကြင္းေတြ႕ဆုံမႈက အာဆင္နယ္ရဲ႕စ႐ိုက္လကၡဏာအတြက္ႀကီးမားတဲ့

စမ္းသပ္မႈတစ္ခုပါ။ အဝတ္လဲခန္းထဲမွာ အာ႐ုံမ်ားေနႏိုင္သလို အေစာဆုံးပြဲျဖစ္ေနလို႔

ဖိအားတိုးေစပါတယ္၊ လူတိုင္းကေျခေခ်ာ္မလားေစာင့္ၾကည့္ေနတာကို

သူတို႔သိပါတယ္။ သူတို႔ျပန္လာႏိုင္ဖို႔အတြက္ေတာ့ အလန္းစားဂိမ္းတစ္ခုပါ။

ဗီလာေျခစြမ္းမၿငိမ္လို႔ အာဆင္နယ္ႏိုင္သြားလို႔ရေပမဲ့ ဗီလာက သူတို႔ရဲ႕ခ်န္ပီယံလမ္းေၾကာင္း

တိမ္းေစာင္းသြားဖို႔အတြက္ လုပ္ႏိုင္တယ္ဆိုတာကိုျပသမယ္ထင္တယ္။

ရလဒ္ပိုင္းထြက္ေပၚမႈက အံ့အားသင့္စရာမရွိပါဘူး၊ သေရပါပဲ” လို႔ လက္စ္ေကာ့က ခန႔္မွန္းလိုက္တာျဖစ္တယ္။