
ယူနိုက်တက်ကိုအနိုင်ရသွားတဲ့ပွဲစဉ်မှာ အာဆင်နယ်က ချန်ပီယံလို





ကစားသွားတာဖြစ်တယ်လို့ ဖာဒီနန်က ဖွင့်ဟလိုက်ပါတယ်။
သရဲနီနောက်ခံလူဟာ သူ့ရဲ့ FIVE ရှိုးမှာတော့ ဂန်းနားတွေဟာ





သရေကျဖို့အတွက်ကိုတောင်ငြင်းဆန်ခဲ့တယ်လို့ ချီးကျူးသွားခဲ့တာဖြစ်တယ်။
အာဆင်နယ်ပရိသတ်တစ်ယောက်ဖြစ်တဲ့ ဂျိုးလ်ဘီယာပါဝင်ခဲ့တဲ့





FIVE ရှိုးအစီအစဉ်မှာတော့ ဖာဒီနန်က “မင်းတို့ အခုအချိန်မှာ
အမှတ်ပေးဖလားမဆွတ်ခူးသေးပါဘူး။ မနေ့ကတော့ မင်းတို့ချန်ပီယံလို





ကစားခဲ့တာတွေအများကြီးပါ။ ငါ့ သားနှစ်ယောက်နဲ့ ဒီပွဲကို
ထိုင်ကြည့်နေခဲ့သလို ငါတစ်ချက်လှည့်ပြီး ‘ကောင်လေး၊ သူတို့





ကစားနေတာကိုကြည့်ရတာ ချန်ပီယံကိုကြည့်နေရသလိုပဲ’ လို့
ပြောမိလိုက်ပါတယ်။ ကျွန်တော့်အတွက်ပြောစရာတစ်ချက်ကတော့





သူတို့ပြုတ်ကျသွားမယ့်အချိန်ဆိုတာပါပဲ။ ဒါပေမဲ့ လုံးဝ
အထိတ်တလန့်မရှိဘဲ ငြိမ်သက်နေပါတယ်။ ‘အခွင့်အရေးတွေ
ရမယ်ဆိုတာ ငါတို့သိတယ်၊ အဲဒါကိုပြန်ရလိမ့်မယ်’ လို့





သူတို့ကပြောနေသလိုပါပဲ။ သူတို့အလွန်အေးဆေးတည်ငြိမ်ပြီး





ယုံကြည်မှုအပြည့်ရှိနေကြတယ်။ ကျွန်တော့်ကို ငုတ်တုပ်
ပြန်ထိုင်စေခဲ့ပြီး ‘သူတို့နိုင်လိမ့်မယ်’ လို့ ကျွန်တော်ထင်နေတဲ့အတိုင်း
တစ်လုံးသွင်းယူသွားခဲ့တာဖြစ်တယ်။ ၂-၂ နဲ့သရေကျမယ်လို့ထင်ခဲ့ပေမဲ့





အာဆင်နယ်ကဒီလောက်နဲ့မတင်းတိမ်ခဲ့ဘူး။ သူတို့ကအပိုင်စီးပြီး





ကစားခဲ့ကြတယ်။ ကျွန်တော်တို့ ယူနိုက်တက်ကတော့ သူတို့ဘဝ
လွတ်မြောက်ဖို့အတွက်မနည်းကျော်ဖြတ်နေရတယ်။
သူတို့နောက်ဆုံး ၁၅ မိနစ်ကစားပြခဲ့ပုံက အကြိတ်အနယ်ရှိခဲ့ပြီး





အနိုင်ရလဒ်နဲ့ထိုက်တန်ခဲ့ပါတယ်။ ဒါနဲ့ပက်သတ်လို့ ကျွန်တော့်ဘက်က
အဆိုးမြင်စိတ်မရှိပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။





zawgyi
အာဆင္နယ္က သေရနဲ႔ေတာင္မတင္းတိမ္ႏိုင္တဲ့ တကယ့္ခ်န္ပီယံလိုကစားသြားတာပါလို႔ ဖာဒီနန္က ခ်ီးက်ဴးလိုက္
ယူႏိုက္တက္ကိုအႏိုင္ရသြားတဲ့ပြဲစဥ္မွာ အာဆင္နယ္က ခ်န္ပီယံလို





ကစားသြားတာျဖစ္တယ္လို႔ ဖာဒီနန္က ဖြင့္ဟလိုက္ပါတယ္။
သရဲနီေနာက္ခံလူဟာ သူ႔ရဲ႕ FIVE ရႈိးမွာေတာ့ ဂန္းနားေတြဟာ





သေရက်ဖို႔အတြက္ကိုေတာင္ျငင္းဆန္ခဲ့တယ္လို႔ ခ်ီးက်ဴးသြားခဲ့တာျဖစ္တယ္။
အာဆင္နယ္ပရိသတ္တစ္ေယာက္ျဖစ္တဲ့ ဂ်ိဳးလ္ဘီယာပါဝင္ခဲ့တဲ့
FIVE ရႈိးအစီအစဥ္မွာေတာ့ ဖာဒီနန္က “မင္းတို႔ အခုအခ်ိန္မွာ





အမွတ္ေပးဖလားမဆြတ္ခူးေသးပါဘူး။ မေန႔ကေတာ့ မင္းတို႔ခ်န္ပီယံလို
ကစားခဲ့တာေတြအမ်ားႀကီးပါ။ ငါ့ သားႏွစ္ေယာက္နဲ႔ ဒီပြဲကို





ထိုင္ၾကည့္ေနခဲ့သလို ငါတစ္ခ်က္လွည့္ၿပီး ‘ေကာင္ေလး၊ သူတို႔
ကစားေနတာကိုၾကည့္ရတာ ခ်န္ပီယံကိုၾကည့္ေနရသလိုပဲ’ လို႔
ေျပာမိလိုက္ပါတယ္။ ကြၽန္ေတာ့္အတြက္ေျပာစရာတစ္ခ်က္ကေတာ့





သူတို႔ျပဳတ္က်သြားမယ့္အခ်ိန္ဆိုတာပါပဲ။ ဒါေပမဲ့ လုံးဝ
အထိတ္တလန႔္မရွိဘဲ ၿငိမ္သက္ေနပါတယ္။ ‘အခြင့္အေရးေတြ





ရမယ္ဆိုတာ ငါတို႔သိတယ္၊ အဲဒါကိုျပန္ရလိမ့္မယ္’ လို႔
သူတို႔ကေျပာေနသလိုပါပဲ။ သူတို႔အလြန္ေအးေဆးတည္ၿငိမ္ၿပီး
ယုံၾကည္မႈအျပည့္ရွိေနၾကတယ္။ ကြၽန္ေတာ့္ကို ငုတ္တုပ္





ျပန္ထိုင္ေစခဲ့ၿပီး ‘သူတို႔ႏိုင္လိမ့္မယ္’ လို႔ ကြၽန္ေတာ္ထင္ေနတဲ့အတိုင္း
တစ္လုံးသြင္းယူသြားခဲ့တာျဖစ္တယ္။ ၂-၂ နဲ႔သေရက်မယ္လို႔ထင္ခဲ့ေပမဲ့





အာဆင္နယ္ကဒီေလာက္နဲ႔မတင္းတိမ္ခဲ့ဘူး။ သူတို႔ကအပိုင္စီးၿပီး
ကစားခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ယူႏိုက္တက္ကေတာ့ သူတို႔ဘဝ
လြတ္ေျမာက္ဖို႔အတြက္မနည္းေက်ာ္ျဖတ္ေနရတယ္။





သူတို႔ေနာက္ဆုံး ၁၅ မိနစ္ကစားျပခဲ့ပုံက အႀကိတ္အနယ္ရွိခဲ့ၿပီး
အႏိုင္ရလဒ္နဲ႔ထိုက္တန္ခဲ့ပါတယ္။ ဒါနဲ႔ပက္သတ္လို႔ ကြၽန္ေတာ့္ဘက္က





အဆိုးျမင္စိတ္မရွိပါဘူး” လို႔ ေျပာဆိုသြားခဲ့ပါတယ္။