အာဆင်နယ်ကြောင့် ဆွန်ဟောင်မင်ကို ခေါ်ယူရေး အဆင်မပြေဖြစ်ခဲ့ရတဲ့ လီဗာပူး

လီဗာပူးဟာ ယခုနွေရာသီအတွင်း

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ကို
ခေါ်ယူနိုင်ရေးအတွက် ကမ်းလှမ်းဖို့
ပြင်ဆင်ခဲ့ပေမယ့် အာဆင်နယ်က
လီဗာပူးရဲ့အကြံအစည်တွေကို
ဖျက်ဆီးလိုက်သလို လုပ်ခဲ့တယ်လို့

football.london ဝက်ဘ်ဆိုက်ဒ်ရဲ့
ဖော်ပြချက်အရ သိရှိရပါတယ်။
ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ရဲ့
အကောင်းဆုံးတိုက်စစ်မှူးတွေထဲက
တစ်ဦးအဖြစ် ရပ်တည်နေပြီး

လီဗာပူးက အသင်းကနေ
ထွက်ခွာဖွယ်ရှိနေတဲ့ တိုက်စစ်မှူး
မာနေးရဲ့နေရာမှာ အစားထိုးဖို့
တောင်ကိုရီးယားလက်ရွေးစင်ကို
ခေါ်ယူလိုနေတာဖြစ်ပါတယ်။

လီဗာပူးဟာ တကယ်လို့ စပါးအသင်း
ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ဆွန်ဟောင်မင်ကို
ခေါ်ယူဖို့ ပြင်ဆင်ထားပေမယ့် အာဆင်နယ်အသင်းရဲ့
ရာသီအဆုံးသတ် ကျရှုံးမှုတွေကြောင့်
လီဗာပူးရဲ့အစီအစဉ်လည်း ပျက်စီးခဲ့ရပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ဟာ ဆွန်ဟောင်မင်ကို
အရင်ကတည်းက သဘောကျနေတာဖြစ်ပြီး
ဒေါ့မွန်အသင်းမှာ တာဝန်ယူခဲ့စဉ်
ဘွန်ဒက်စ်လီဂါမှာ ဆွန်ဟောင်မင်
ကစားခဲ့ကတည်းက သူ့ရဲ့အမာခံ

ပရိသတ်ဖြစ်ခဲ့တာပါ။
နောက်ပြီး ကလော့ပ်ဟာ လီဗာပူးနဲ့
စပါး ကစားခဲ့တဲ့ပွဲအများစုမှာ ဆွန်ဟောင်မင်နဲ့
စကားပြောလေ့ရှိပြီး အပြောင်းအရွှေ့ကိစ္စတွေတောင်
ပါဝင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

လီဗာပူးဟာ ယခုနွေရာသီအတွင်း
ဆွန်ဟောင်မင်ကို ကမ်းလှမ်းဖို့
ပြင်ဆင်ခဲ့ပေမယ့် စပါးအသင်းက
နည်းပြကွန်တီလက်ထက်မှာ ပြန်လည်တိုးတက်လာမှု၊
အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်

မရခဲ့မှုတွေကြောင့် လီဗာပူးရဲ့ပလန်လည်း
အဆင်မပြေဖြစ်ခဲ့ရပါတယ်။
စပါးဟာ ယခုရာသီအစောပိုင်းမှာ
ဆွန်ဟောင်မင်ကို ၄နှစ်စာချုပ်ပါ
ချုပ်ဆိုခဲ့ပြီး အသင်းမှာ ဟယ်ရီကိန်းနဲ့အတူ

သူ့ကို အရေးအကြီးဆုံးအသင်းသားတစ်ဦးအဖြစ်
သတ်မှတ်ထားတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ရာသီပြီးဆုံးဖို့ ၃ပွဲအလိုအထိ
ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းမှာ ဦးဆောင်နိုင်ခဲ့ပြီး
စပါးကွင်းမှာသာ အနိုင်ရခဲ့ရင် ရာသီမကုန်ခင်မှာပဲ

ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားမှာဖြစ်ပါတယ်။
အဲဒီပွဲမှာ ၃- ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရပေမယ့်
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရခဲ့ပါသေးတယ်။
တကယ်လို့ နယူးကာဆယ်ကိုသာ အနိုင်ရခဲ့ရင်

ရာသီပိတ်ပွဲမှာ စပါးရဲ့ရလဒ်အတိုင်း
လိုက်ကစားနိုင်တာနဲ့ အာဆင်နယ်အသင်း
ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပေမယ့်
နယူကာဆယ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့
အဲဗာတန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ရာသီပိတ်ပွဲက

အရေးမပါတော့ဘဲ နောဝစ်ချ်ကို
ဂိုးပြတ်အနိုင်ရခဲ့တဲ့ စပါးက ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာပါ။
ဆွန်ဟောင်မင်ကလည်း ပရီးမီးယားလိဂ်
ဂိုးသွင်းဘုရင်ဆုရတဲ့ ပထမဆုံးအာရှသားအဖြစ်
လီဗာပူးတိုက်စစ်မှူး ဆာလာနဲ့အတူ

ပူးတွဲရရှိခဲ့ပြီး အခုဆိုရင် ကစားသမားဖြစ်သူက
ရာသီသစ်မှာ စပါးနဲ့အတူ စတင်ဖို့ စိတ်အားထက်သန်နေပါတယ်။

Zawgyi

အာဆင္နယ္ေၾကာင့္ ဆြန္ေဟာင္မင္ကို ေခၚယူေရး အဆင္မေျပျဖစ္ခဲ့ရတဲ့ လီဗာပူး
လီဗာပူးဟာ ယခုေႏြရာသီအတြင္း
စပါးတုိက္စစ္မွဴး ဆြန္ေဟာင္မင္ကို
ေခၚယူႏိုင္ေရးအတြက္ ကမ္းလွမ္းဖို႔
ျပင္ဆင္ခဲ့ေပမယ့္ အာဆင္နယ္က

လီဗာပူးရဲ႕အႀကံအစည္ေတြကို
ဖ်က္ဆီးလုိက္သလုိ လုပ္ခဲ့တယ္လုိ႔
football.london ၀က္ဘ္ဆိုက္ဒ္ရဲ႕
ေဖာ္ျပခ်က္အရ သိရွိရပါတယ္။
ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္ရဲ႕

အေကာင္းဆုံးတိုက္စစ္မွဴးေတြထဲက
တစ္ဦးအျဖစ္ ရပ္တည္ေနၿပီး
လီဗာပူးက အသင္းကေန
ထြက္ခြာဖြယ္ရွိေနတဲ့ တုိက္စစ္မွဴး
မာေနးရဲ႕ေနရာမွာ အစားထိုးဖို႔

ေတာင္ကိုရီးယားလက္ေရြးစင္ကို
ေခၚယူလုိေနတာျဖစ္ပါတယ္။
လီဗာပူးဟာ တကယ္လုိ႔ စပါးအသင္း
ခ်န္ပီယံလိဂ္၀င္ခြင့္မရခဲ့ရင္ ဆြန္ေဟာင္မင္ကို
ေခၚယူဖို႔ ျပင္ဆင္ထားေပမယ့္ အာဆင္နယ္အသင္းရဲ႕

ရာသီအဆုံးသတ္ က်ရံႈးမႈေတြေၾကာင့္
လီဗာပူးရဲ႕အစီအစဥ္လည္း ပ်က္စီးခဲ့ရပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္ဟာ ဆြန္ေဟာင္မင္ကို
အရင္ကတည္းက သေဘာက်ေနတာျဖစ္ၿပီး
ေဒါ့မြန္အသင္းမွာ တာ၀န္ယူခဲ့စဥ္

ဘြန္ဒက္စ္လီဂါမွာ ဆြန္ေဟာင္မင္
ကစားခဲ့ကတည္းက သူ႕ရဲ႕အမာခံ
ပရိသတ္ျဖစ္ခဲ့တာပါ။
ေနာက္ၿပီး ကေလာ့ပ္ဟာ လီဗာပူးနဲ႔
စပါး ကစားခဲ့တဲ့ပြဲအမ်ားစုမွာ ဆြန္ေဟာင္မင္နဲ႔

စကားေျပာေလ့ရွိၿပီး အေျပာင္းအေရႊ႕ကိစၥေတြေတာင္
ပါ၀င္ခဲ့တယ္လုိ႔ သတင္းေတြက ေဖာ္ျပပါတယ္။
လီဗာပူးဟာ ယခုေႏြရာသီအတြင္း
ဆြန္ေဟာင္မင္ကို ကမ္းလွမ္းဖို႔
ျပင္ဆင္ခဲ့ေပမယ့္ စပါးအသင္းက

နည္းျပကြန္တီလက္ထက္မွာ ျပန္လည္တုိးတက္လာမႈ၊
အာဆင္နယ္အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္
မရခဲ့မႈေတြေၾကာင့္ လီဗာပူးရဲ႕ပလန္လည္း
အဆင္မေျပျဖစ္ခဲ့ရပါတယ္။
စပါးဟာ ယခုရာသီအေစာပိုင္းမွာ

ဆြန္ေဟာင္မင္ကို ၄ႏွစ္စာခ်ဳပ္ပါ
ခ်ဳပ္ဆိုခဲ့ၿပီး အသင္းမွာ ဟယ္ရီကိန္းနဲ႔အတူ
သူ႕ကို အေရးအႀကီးဆုံးအသင္းသားတစ္ဦးအျဖစ္
သတ္မွတ္ထားတာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ရာသီၿပီးဆုံးဖို႔ ၃ပြဲအလိုအထိ

ခ်န္ပီယံလိဂ္၀င္ခြင့္ေျပးလမ္းမွာ ဦးေဆာင္ႏို္င္ခဲ့ၿပီး
စပါးကြင္းမွာသာ အႏိုင္ရခဲ့ရင္ ရာသီမကုန္ခင္မွာပဲ
ခ်န္ပီယံလိဂ္၀င္ခြင့္ ေသခ်ာသြားမွာျဖစ္ပါတယ္။
အဲဒီပြဲမွာ ၃- ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္ခဲ့ရေပမယ့္
အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္

ကုိယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ရခဲ့ပါေသးတယ္။
တကယ္လုိ႔ နယူးကာဆယ္ကိုသာ အႏိုင္ရခဲ့ရင္
ရာသီပိတ္ပြဲမွာ စပါးရဲ႕ရလဒ္အတုိင္း
လုိက္ကစားႏုိင္တာနဲ႔ အာဆင္နယ္အသင္း
ခ်န္ပီယံလိဂ္၀င္ခြင့္ရမွာ ျဖစ္ေပမယ့္

နယူကာဆယ္ကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့လုိ႔
အဲဗာတန္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ရာသီပိတ္ပြဲက
အေရးမပါေတာ့ဘဲ ေနာ၀စ္ခ်္ကို
ဂိုးျပတ္အႏိုင္ရခဲ့တဲ့ စပါးက ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့တာပါ။
ဆြန္ေဟာင္မင္ကလည္း ပရီးမီးယားလိဂ္

ဂိုးသြင္းဘုရင္ဆုရတဲ့ ပထမဆုံးအာရွသားအျဖစ္
လီဗာပူးတုိက္စစ္မွဴး ဆာလာနဲ႔အတူ
ပူးတြဲရရွိခဲ့ၿပီး အခုဆုိရင္ ကစားသမားျဖစ္သူက
ရာသီသစ္မွာ စပါးနဲ႔အတူ စတင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။