အာဆင်နယ်ကြယ်ပွင့်က သူ့အတွက် ‘အပြင်းထန်ဆုံးပြိုင်ဘက်’ ဖြစ်တယ်လို့ မာတီနက်ဇ် ဖွင့်ဟ

ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်ကတော့ အာဆင်နယ်တိုက်စစ်မှူး

ဂါဘရီရယ်ဂျီဆပ်စ်ကို ‘အပြင်းထန်ဆုံးပြိုင်ဘက်’အဖြစ် သတ်မှတ်လိုက်ပါတယ်။

အရပ် ၅ ပေ၊ ၉ လက်မသာရှိတဲ့ မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ သူ့ထက်

အကောင်ထွားတဲ့တိုက်စစ်မှူးတွေအပြင် ကြံ့ခိုင်မှုကောင်းသူတွေနဲ့ထိပ်တိုက်

ရင်ဆိုင်ခဲ့ရပေမယ့် ပုံစံပျက်မသွားခဲ့ပါဘူး။ လက်ရှိမှာတော့ အာဂျင်တိုင်း

ကြယ်ပွင့်ဟာ သရဲနီဖန်တွေရဲ့အချစ်တော်ကစားသမားဖြစ်လာခဲ့သလို

အင်္ဂလန်မြေပေါ်မှာ သူ့အတွက်ရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်ကို မာတီနက်ဇ်က

လူသိရှင်ကြားဖွင့်ချလိုက်တာဖြစ်တယ်။ The Telegraph သတင်းစာနဲ့တွေ့ဆုံမှုမှာတော့

ပြီးခဲ့တဲ့နွေဈေးကွက်မှာ မန်စီးတီးကနေ အာဆင်နယ်ပြောင်းရွှေ့ခဲ့တဲ့

ဂျီဆပ်စ်ဟာ သူ့အတွက်အပြင်းထန်ဆုံးပြိုင်ဘက်ဖြစ်တယ်လို့ မာတီနက်ဇ်က

ဆိုခဲ့ပါတယ်။ ဘရာဇီးသားဟာ ရာသီအစ ၉ ပွဲမှာ ဂန်းနားတွေအတွက် ၅ ဂိုးသွင်း၊

၃ ကြိမ် ဖန်တီးပြီးအကောင်းဆုံးပုံစံပြသခဲ့ပေမယ့် ပြင်းထန်တဲ့ဒူးဒဏ်ရာပြဿနာကြောင့်

အနားယူနေခဲ့ရတာဖြစ်တယ်။ ယခုသီတင်းပတ်အစောပိုင်း Football London ရဲ့

ဖော်ပြချက်မှာတော့ ဂျီဆပ်စ်ဟာ မတ်လအတွင်းမှာပြန်စတင်နိုင်လိမ့်မယ်လို့ သိရပါတယ်။

ဂျီဆပ်စ်ရဲ့ဒဏ်ရာအခြေအနေတိုးတက်လာမှုအပေါ် အာဆင်နယ်နည်းပြ

အာတီတာက “သူတကယ်တိုးတက်နေပါတယ်။ သူက ကွင်းထဲမှာပိုပြီးလုပ်ပြနေသလို

ဆိုးရွားတဲ့တုံ့ပြန်မှုမရှိတဲ့အတွက် ဒါကတကယ့်ကိုအပြုသဘောဆောင်ပါတယ်။

ကျွန်တော်တို့ဘက်က သူ့ကိုတတ်နိုင်သမျှအမြန်ဆုံးပြန်ခေါ်ချင်ပေမယ့်

ဆရာဝန်တွေနဲ့ အထူးကုတွေဆီက သတ်မှတ်ထားတဲ့အချိန်ကိုလည်း လေးစားရမှာပါ။

အခုအချိန်မှာတော့ သူကပုံမှန်နယ်နိမိတ်တွေဆီပြန်ရောက်ဖို့အတွက်

တွန်းအားပေးလုပ်ဆောင်နေပါတယ်” လို့ ဖွင့်ဟထားပါတယ်။

zawgyi

အာဆင္နယ္ၾကယ္ပြင့္က သူ႔အတြက္ ‘အျပင္းထန္ဆုံးၿပိဳင္ဘက္’ ျဖစ္တယ္လို႔ မာတီနက္ဇ္ ဖြင့္ဟ

ယူႏိုက္တက္ေနာက္ခံလူ မာတီနက္ဇ္ကေတာ့ အာဆင္နယ္တိုက္စစ္မႉး

ဂါဘရီရယ္ဂ်ီဆပ္စ္ကို ‘အျပင္းထန္ဆုံးၿပိဳင္ဘက္’အျဖစ္ သတ္မွတ္လိုက္ပါတယ္။

အရပ္ ၅ ေပ၊ ၉ လက္မသာရွိတဲ့ မာတီနက္ဇ္ဟာ ပရီးမီးယားလိဂ္မွာ သူ႔ထက္

အေကာင္ထြားတဲ့တိုက္စစ္မႉးေတြအျပင္ ႀကံ့ခိုင္မႈေကာင္းသူေတြနဲ႔ထိပ္တိုက္

ရင္ဆိုင္ခဲ့ရေပမယ့္ ပုံစံပ်က္မသြားခဲ့ပါဘူး။ လက္ရွိမွာေတာ့ အာဂ်င္တိုင္း

ၾကယ္ပြင့္ဟာ သရဲနီဖန္ေတြရဲ႕အခ်စ္ေတာ္ကစားသမားျဖစ္လာခဲ့သလို

အဂၤလန္ေျမေပၚမွာ သူ႔အတြက္ရင္ဆိုင္ရအခက္ဆုံးၿပိဳင္ဘက္ကို မာတီနက္ဇ္က

လူသိရွင္ၾကားဖြင့္ခ်လိုက္တာျဖစ္တယ္။ The Telegraph သတင္းစာနဲ႔ေတြ႕ဆုံမႈမွာေတာ့

ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ မန္စီးတီးကေန အာဆင္နယ္ေျပာင္းေ႐ႊ႕ခဲ့တဲ့

ဂ်ီဆပ္စ္ဟာ သူ႔အတြက္အျပင္းထန္ဆုံးၿပိဳင္ဘက္ျဖစ္တယ္လို႔ မာတီနက္ဇ္က

ဆိုခဲ့ပါတယ္။ ဘရာဇီးသားဟာ ရာသီအစ ၉ ပြဲမွာ ဂန္းနားေတြအတြက္ ၅ ဂိုးသြင္း၊

၃ ႀကိမ္ ဖန္တီးၿပီးအေကာင္းဆုံးပုံစံျပသခဲ့ေပမယ့္ ျပင္းထန္တဲ့ဒူးဒဏ္ရာျပႆနာေၾကာင့္

အနားယူေနခဲ့ရတာျဖစ္တယ္။ ယခုသီတင္းပတ္အေစာပိုင္း Football London ရဲ႕

ေဖာ္ျပခ်က္မွာေတာ့ ဂ်ီဆပ္စ္ဟာ မတ္လအတြင္းမွာျပန္စတင္ႏိုင္လိမ့္မယ္လို႔ သိရပါတယ္။

ဂ်ီဆပ္စ္ရဲ႕ဒဏ္ရာအေျခအေနတိုးတက္လာမႈအေပၚ အာဆင္နယ္နည္းျပ

အာတီတာက “သူတကယ္တိုးတက္ေနပါတယ္။ သူက ကြင္းထဲမွာပိုၿပီးလုပ္ျပေနသလို

ဆိုး႐ြားတဲ့တုံ႔ျပန္မႈမရွိတဲ့အတြက္ ဒါကတကယ့္ကိုအျပဳသေဘာေဆာင္ပါတယ္။

ကြၽန္ေတာ္တို႔ဘက္က သူ႔ကိုတတ္ႏိုင္သမွ်အျမန္ဆုံးျပန္ေခၚခ်င္ေပမယ့္

ဆရာဝန္ေတြနဲ႔ အထူးကုေတြဆီက သတ္မွတ္ထားတဲ့အခ်ိန္ကိုလည္း ေလးစားရမွာပါ။

အခုအခ်ိန္မွာေတာ့ သူကပုံမွန္နယ္နိမိတ္ေတြဆီျပန္ေရာက္ဖို႔အတြက္

တြန္းအားေပးလုပ္ေဆာင္ေနပါတယ္” လို႔ ဖြင့္ဟထားပါတယ္။