စပါးအသင်းဟာ တနင်္ဂနွေညမှာ အာဆင်နယ်နဲ့လန်ဒန်မြောက်ပိုင်း
ဒါဘီပွဲစဉ်ကစားရဖို့ရှိနေပြီး ဟယ်ရီကိန်းဂိုးသွင်း(တစ်ဂိုးသာ)
နိုင်မယ်ဆိုရင်တော့ တိုက်စစ်မှူးဟောင်းဂျင်မီဂရေ့ဗ်ရဲ့ထာဝရ
သွင်းဂိုးအများဆုံး(၂၆၆ဂိုး)စံချိန်ကိုချိုးဖျက်နိုင်မှာဖြစ်တယ်။
ဂျင်မီဂရေ့ဗ်ရဲ့ဂိုးသွင်းမှတ်တမ်းက ရာစုနှစ်တစ်ဝက်ကျော်ကြာအောင်
ရပ်တည်နေခဲ့တာဖြစ်ပြီး ဟယ်ရီကိန်းကတော့ အာဆင်နယ်ဘက်ကို
ဂိုးသွင်းယူခြင်းနဲ့အတူ နောက်ထပ်စံချိန်သစ်တစ်ခုကိုဖော်ထုတ်ရမှာပါ။
နည်းပြကွန်တီကတော့ ကိန်းအနေနဲ့ ဒီစံချိန်ကိုသေချာပေါက်
ချိုးဖျက်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။
“သူ့မှာကိန်းဂဏန်းတွေအများကြီးရှိသလို ကျွန်တော်တို့ဟာ
စံချိန်တိုင်းကိုချိုးဖျက်နိုင်မယ့် ကမ္ဘာ့အဆင့်တိုက်စစ်မှူး
တစ်ယောက်အကြောင်းပြောနေတာပါ။ သူက ဒီအရာနဲ့
ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့အခြားရှုထောင့်ကနေ
လူသားတစ်ယောက်ပုံစံနဲ့တိုင်းတာကြည့်ချင်တယ်၊
ဘာကြောင့်လဲဆိုတော့ သူဟာ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးသာမက
လူကောင်းတစ်ယောက်ဖြစ်သလို ဒါကကျွန်တော်တို့အတွက်
အရေးကြီးတဲ့ရည်ညွှန်းချက်တစ်ခုပါ။ ဒီစံချိန်ကိုကျော်ဖြတ်
နိုင်မယ်လို့ အသေအချာပြောရဲတယ်။ သူက မယုံနိုင်စရာတွေကို
လုပ်ပြနေတာပါ။ ငါတို့က သူ့ကိုကူညီဖို့ကြိုးစားသလို
သူဂိုးသွင်းတဲ့အခါတိုင်း ငါတို့ကိုကူညီရာရောက်ပါတယ်။
ဒီလိုအခွင့်ကောင်းတွေကိုဖလှယ်နိုင်ဖို့အရေးကြီးပါတယ်” လို့ ကွန်တီက ဖွင့်ဟခဲ့ပါတယ်။
zawgyi
အာဆင်နယ်ကို အပီအပြင်နွှာပြီး ဂျင်မီဂရေ့ဗ်ရဲ့ထာဝရဂိုးသွင်းအများဆုံးစံချိန်ကို ဟယ်ရီကိန်းချိုးဖျက်လိမ့်မယ်လို့ ကွန်တီ ယုံကြည်