အာဆင်နယ်ကို ရှုံးပြီးနောက် ဂျာရတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဗီလာပရိသတ်တွေတောင်းဆိုနေ

“ကျွန်တော်ရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့စဉ်းစားတဲ့အခါတိုင်းမှာ ရိုးရှင်းတဲ့ အမြင်တွေနဲ့ပဲ ကိုယ်တိုင် အမြဲတမ်း ဝေဖန်သုံးသပ်မှုတွေလုပ်ခဲ့တဲ့သူပါ။

ကျွန်တော်က ကိုယ့်ရဲ့ အလုပ်ကို တတ်နိုင်သလောက် အကောင်းဆုံး လုပ်သွားဖို့ပဲ ဆုံးဖြတ်ထားပါတယ်။

ပြီးတော့ ကျွန်တော် ရှေ့ဆက်တိုးမှာပါ။ တာဝန်ယူရမှာတွေကို တာဝန်ယူမှာပါ။

ဒါပေမယ့် အခုလို ရလဒ်တွေ တောက်လျှောက် ဆိုးနေတဲ့ အခြေအနေမှာ စိုးရိမ်မှုတွေ မရှိပါဘူးလို့ ပြောရင်

အားလုံးက ကျွန်တော်ဟာ အခြားဂြိုလ်က လာတဲ့သူလားဆိုပြီး ကြည့်နေကြပါလိမ့်မယ်။

ဒါက ကျွန်တော် ပြောနိုင်တဲ့ အရာပါပဲ”လို့ အာဆင်နယ်ကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက်

သူ့ရဲ့ နည်းပြရာထူး အတွက် စိုးရိမ်နေရပြီဖြစ်ကြောင့် ဂျာရတ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လူမျိုး နည်းပြ စတီဗင် ဂျာရတ်က စကော့တလန်အသင်း ရိန်းဂျားကနေ

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗီလာကိုပြောင်းရွှေ့ ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

ရိန်းဂျားနဲ့ စကော့တလန်လိဂ်မှာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပေမယ့်

ဗီလာကို ကိုင်တွယ်ခဲ့ရာမှာတော့ ကစားပုံပိုင်းဟာ တိုးတက်မှု အနည်းငယ် ရှိခဲ့ပေမယ့်

ရလဒ်ပိုင်းကတော့ မျှော်မှန်းထားသလောက် ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။

ဒီနှစ် ဘောလုံးရာသီမှာ ဗီလာက ပရီးမီးယားလိဂ်(၅)ပွဲအပြီး (၁)ပွဲနိုင်၊ (၄)ပွဲ ရှုံးနိမ့်ထားကာအမှတ်ပေးဇယားမှာ အဆင့် (၁၉)နေရာကိုရောက်ရှိနေပါတယ်။

အဆိုပါ (၅)ပွဲမှာ သွင်းဂိုး (၄)ဂိုးသာ ရရှိခဲ့သလို ပေးဂိုး (၉)ဂိုး အထိ ရှိခဲ့ပါတယ်။

လက်ရှိအနေအထားမှာ ဗီလာဘုတ်အဖွဲ့ကလည်း သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပြီဆိုပြီး

သတင်းတွေထွက်ပေါ်လာနေသလို အသင်းပရိသတ်တွေကြားမှာလည်း ထောက်ခံအားပေးမှုတွေကျဆင်းနေပါတယ်။

ဗီလာပရိသတ်တွေက ဂျာရတ်ကိုသာ နည်းပြအဖြစ် ဆက်ထားမယ် ဆိုရင် အသင်းက တန်းဆင်းသွားရနိုင်ကြောင်း ပြောဆိုဝေဖန်နေကြပါတယ်။

ဂျာရတ်က အာဆင်နယ်ပွဲမှာ အသင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပြင်းထန်တဲ့ အပြစ်တင်ပြောဆိုခဲ့တာမျိုးမလုပ်ခဲ့ဘဲ

ပထမပိုင်းကစားအားမှာဆိုရင် ဗီလာကစားသမားတွေရဲ့စွမ်းဆောင်မှုတွေက

အာဆင်နယ်ထက်ပိုမို ကောင်းမွန်ခဲ့တယ်လို့လည်း ပွဲပြီး အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

zawgyi

အာဆင္နယ္ကို ရႈံးၿပီးေနာက္ ဂ်ာရတ္ကို ရာထူးကေန ထုတ္ပယ္ဖို႔ ဗီလာပရိသတ္ေတြေတာင္းဆိုေန

“ကြၽန္ေတာ္ရဲ႕လုပ္ေဆာင္မႈေတြနဲ႔ပတ္သက္လို႔စဥ္းစားတဲ့အခါတိုင္းမွာ ႐ိုးရွင္းတဲ့ အျမင္ေတြနဲ႔ပဲ ကိုယ္တိုင္ အၿမဲတမ္း ေဝဖန္သုံးသပ္မႈေတြလုပ္ခဲ့တဲ့သူပါ။

ကြၽန္ေတာ္က ကိုယ့္ရဲ႕ အလုပ္ကို တတ္ႏိုင္သေလာက္ အေကာင္းဆုံး လုပ္သြားဖို႔ပဲ ဆုံးျဖတ္ထားပါတယ္။

ၿပီးေတာ့ ကြၽန္ေတာ္ ေရွ႕ဆက္တိုးမွာပါ။ တာဝန္ယူရမွာေတြကို တာဝန္ယူမွာပါ။

ဒါေပမယ့္ အခုလို ရလဒ္ေတြ ေတာက္ေလွ်ာက္ ဆိုးေနတဲ့ အေျခအေနမွာ စိုးရိမ္မႈေတြ မရွိပါဘူးလို႔ ေျပာရင္

အားလုံးက ကြၽန္ေတာ္ဟာ အျခားၿဂိဳလ္က လာတဲ့သူလားဆိုၿပီး ၾကည့္ေနၾကပါလိမ့္မယ္။

ဒါက ကြၽန္ေတာ္ ေျပာႏိုင္တဲ့ အရာပါပဲ”လို႔ အာဆင္နယ္ကို အေဝးကြင္းမွာ ၂-၁ ဆိုတဲ့ ရလဒ္နဲ႔ အရႈံးေပးခဲ့ရၿပီးေနာက္

သူ႔ရဲ႕ နည္းျပရာထူး အတြက္ စိုးရိမ္ေနရၿပီျဖစ္ေၾကာင့္ ဂ်ာရတ္က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

အသက္ ၄၂ႏွစ္ရွိၿပီျဖစ္တဲ့ အဂၤလန္လူမ်ိဳး နည္းျပ စတီဗင္ ဂ်ာရတ္က စေကာ့တလန္အသင္း ရိန္းဂ်ားကေန

ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဗီလာကိုေျပာင္းေ႐ႊ႕ ကိုင္တြယ္ခဲ့သူ ျဖစ္ပါတယ္။

ရိန္းဂ်ားနဲ႔ စေကာ့တလန္လိဂ္မွာ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ေပမယ့္

ဗီလာကို ကိုင္တြယ္ခဲ့ရာမွာေတာ့ ကစားပုံပိုင္းဟာ တိုးတက္မႈ အနည္းငယ္ ရွိခဲ့ေပမယ့္

ရလဒ္ပိုင္းကေတာ့ ေမွ်ာ္မွန္းထားသေလာက္ ေကာင္းမြန္ခဲ့ျခင္း မရွိပါဘူး။

ဒီႏွစ္ ေဘာလုံးရာသီမွာ ဗီလာက ပရီးမီးယားလိဂ္(၅)ပြဲအၿပီး (၁)ပြဲႏိုင္၊ (၄)ပြဲ ရႈံးနိမ့္ထားကာအမွတ္ေပးဇယားမွာ အဆင့္ (၁၉)ေနရာကိုေရာက္ရွိေနပါတယ္။

အဆိုပါ (၅)ပြဲမွာ သြင္းဂိုး (၄)ဂိုးသာ ရရွိခဲ့သလို ေပးဂိုး (၉)ဂိုး အထိ ရွိခဲ့ပါတယ္။

လက္ရွိအေနအထားမွာ ဗီလာဘုတ္အဖြဲ႕ကလည္း သူ႔ကို ရာထူးကေန ထုတ္ပယ္ဖို႔ စတင္ စဥ္းစားေနၿပီဆိုၿပီး

သတင္းေတြထြက္ေပၚလာေနသလို အသင္းပရိသတ္ေတြၾကားမွာလည္း ေထာက္ခံအားေပးမႈေတြက်ဆင္းေနပါတယ္။

ဗီလာပရိသတ္ေတြက ဂ်ာရတ္ကိုသာ နည္းျပအျဖစ္ ဆက္ထားမယ္ ဆိုရင္ အသင္းက တန္းဆင္းသြားရႏိုင္ေၾကာင္း ေျပာဆိုေဝဖန္ေနၾကပါတယ္။

ဂ်ာရတ္က အာဆင္နယ္ပြဲမွာ အသင္းသားေတြရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔ ျပင္းထန္တဲ့ အျပစ္တင္ေျပာဆိုခဲ့တာမ်ိဳးမလုပ္ခဲ့ဘဲ

ပထမပိုင္းကစားအားမွာဆိုရင္ ဗီလာကစားသမားေတြရဲ႕စြမ္းေဆာင္မႈေတြက

အာဆင္နယ္ထက္ပိုမို ေကာင္းမြန္ခဲ့တယ္လို႔လည္း ပြဲၿပီး အင္တာဗ်ဴးမွာေျပာၾကားခဲ့ပါတယ္။