အာဆင်နယ်ကို နိုင်လိုက်တာ ချန်ပီယံဖြစ်သွားသလို လီဗာပူးအောင်ပွဲခံသွားတယ်လို့ မာဆင် ဝေဖန်

အာဆင်နယ်ဂန္ထဝင်ကစားသမားကြီး ပေါလ်မာဆင်က အာဆင်နယ်ကို

ဝ-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးရဲ့အလွန်အကျူးအောင်ပွဲခံမှုကို
ဝေဖန်သွားခဲ့ပြီး ယခုချိန်အထိ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကို
မန်စီးတီးအသင်း ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း အခိုင်အမာပြောပါတယ်။
လီဗာပူးဟာ ဂျိုတာနဲ့ ဖာမီနိုတို့ရဲ့ဂိုးတွေကြောင့် အမ်းမရိတ်စ်မှာ
အမှတ်ပြည့်ရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက

မန်စီးတီးနဲ့ ပွဲတူ ၁ မှတ်အကွာ ရောက်လာပြီး
ယခုအခါ ချန်ပီယံလုပွဲက ပိုမိုစိတ်ဝင်စားစရာ
ကောင်းလာသလို အထူးသဖြင့် ဧပြီလအတွင်း
အီတီဟတ်မှာ အိမ်ရှင်မန်စီးတီးနဲ့ လီဗာပူးတို့
ကစားရမယ့်ပွဲက အဆုံးအဖြတ်ပေးလာနိုင်ပါတယ်။

စီးတီးဟာ ပဲလေ့စ်နဲ့ပွဲမှာ ခြေချော်သွားပေမယ့်
မာဆင်ကတော့ လီဗာပူးရဲ့ချန်ပီယံမျှော်လင့်ချက်တွေကို
လျင်လျင်မြန်မြန် ပယ်ချသွားပါတယ်။
”တကယ်တော့ ဘာတစ်ခုမှပြောင်းလဲမသွားပါဘူူး။
လီဗာပူးက အခုချိန်အထိ ပွဲတိုင်း

အနိုင်ကစားဖို့ လိုအပ်နေဆဲပါပဲ။
စီးတီးက လီဗာပူးကို တစ်မှတ်ဖြတ်ထားသလို
အိမ်ကွင်းမှာလည်း ကစားရဦးမှာဖြစ်ပါတယ်။
တကယ်လို့ စီးတီးအနေနဲ့ လက်ကျန်ပွဲတွေအနိုင်ယူပြီး
လီဗာပူးကို သရေလောက်ပဲကစားမယ်ဆိုရင်တောင်

ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။
အခုပြောနေတဲ့ မန်စီးတီးဆိုတာ ပြိးခဲ့တဲ့ ၃၊ ၄ နှစ်အတွင်း
၁၄ပွဲဆက်အနိုင်ရတာတွေ ခဏခဏလုပ်ပြခဲ့တဲ့အသင်းပါ။
အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးအောင်ပွဲခံသွားတာက
သူတို့အသင်း အမှတ်ပေးချန်ပီယံဖြစ်သွားတာကျနေတာပဲ”လို့

မာဆင်က ပြောပါတယ်။
ဒါပေမဲ့ လီဗာပူးဂန္ထဝင် ဂရေမီဆောင်းနက်စ်ကတော့
မာဆင်ကို ပြန်လည်တုံ့ပြန်လိုက်ပြီး
လီဗာပူးအသင်း အမှတ်ပေးချန်ပီယံဖြစ်မယ့်ဘက်ကနေ
သူ လောင်းကြေးတောင်ထပ်လိုက်ချင်သေးတယ်လို့ ဆိုပါတယ်။

Zawgyi

အာဆင္နယ္ကို ႏိုင္လုိက္တာ ခ်န္ပီယံျဖစ္သြားသလုိ လီဗာပူးေအာင္ပြဲခံသြားတယ္လုိ႔ မာဆင္ ေ၀ဖန္
အာဆင္နယ္ဂႏၳ၀င္ကစားသမားႀကီး ေပါလ္မာဆင္က အာဆင္နယ္ကို

၀-၂ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ လီဗာပူးရဲ႕အလြန္အက်ဴးေအာင္ပြဲခံမႈကို
ေ၀ဖန္သြားခဲ့ၿပီး ယခုခ်ိန္အထိ ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းကို
မန္စီးတီးအသင္း ထိန္းခ်ဳပ္ထားႏုိင္ဆဲျဖစ္ေၾကာင္း အခုိင္အမာေျပာပါတယ္။
လီဗာပူးဟာ ဂ်ိဳတာနဲ႔ ဖာမီႏိုတုိ႔ရဲ႕ဂိုးေတြေၾကာင့္ အမ္းမရိတ္စ္မွာ
အမွတ္ျပည့္ရယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးက

မန္စီးတီးနဲ႔ ပဲြတူ ၁ မွတ္အကြာ ေရာက္လာၿပီး
ယခုအခါ ခ်န္ပီယံလုပြဲက ပိုမိုစိတ္၀င္စားစရာ
ေကာင္းလာသလုိ အထူးသျဖင့္ ဧၿပီလအတြင္း
အီတီဟတ္မွာ အိမ္ရွင္မန္စီးတီးနဲ႔ လီဗာပူးတို႔
ကစားရမယ့္ပြဲက အဆုံးအျဖတ္ေပးလာႏိုင္ပါတယ္။

စီးတီးဟာ ပဲေလ့စ္နဲ႔ပဲြမွာ ေျခေခ်ာ္သြားေပမယ့္
မာဆင္ကေတာ့ လီဗာပူးရဲ႕ခ်န္ပီယံေမွ်ာ္လင့္ခ်က္ေတြကို
လ်င္လ်င္ျမန္ျမန္ ပယ္ခ်သြားပါတယ္။
”တကယ္ေတာ့ ဘာတစ္ခုမွေျပာင္းလဲမသြားပါဘူူး။
လီဗာပူးက အခုခ်ိန္အထိ ပြဲတုိင္း

အႏိုင္ကစားဖို႔ လုိအပ္ေနဆဲပါပဲ။
စီးတီးက လီဗာပူးကို တစ္မွတ္ျဖတ္ထားသလုိ
အိမ္ကြင္းမွာလည္း ကစားရဦးမွာျဖစ္ပါတယ္။
တကယ္လုိ႔ စီးတီးအေနနဲ႔ လက္က်န္ပြဲေတြအႏိုင္ယူၿပီး
လီဗာပူးကို သေရေလာက္ပဲကစားမယ္ဆုိရင္ေတာင္

ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္မွာပါ။
အခုေျပာေနတဲ့ မန္စီးတီးဆုိတာ ၿပိးခဲ့တဲ့ ၃၊ ၄ ႏွစ္အတြင္း
၁၄ပြဲဆက္အႏိုင္ရတာေတြ ခဏခဏလုပ္ျပခဲ့တဲ့အသင္းပါ။
အာဆင္နယ္နဲ႔ပြဲမွာ လီဗာပူးေအာင္ပြဲခံသြားတာက
သူတို႔အသင္း အမွတ္ေပးခ်န္ပီယံျဖစ္သြားတာက်ေနတာပဲ”လုိ႔

မာဆင္က ေျပာပါတယ္။
ဒါေပမဲ့ လီဗာပူးဂႏၳ၀င္ ဂေရမီေဆာင္းနက္စ္ကေတာ့
မာဆင္ကို ျပန္လည္တု႔ံျပန္လုိက္ၿပီး
လီဗာပူးအသင္း အမွတ္ေပးခ်န္ပီယံျဖစ္မယ့္ဘက္ကေန
သူ ေလာင္းေၾကးေတာင္ထပ္လုိက္ခ်င္ေသးတယ္လုိ႔ ဆုိပါတယ္။