အာဆင်နယ်ကို ဒုက္ခပေးပြီးနောက် မှန်ကန်တဲ့နေရာမှာ ကစားနေပြီဆိုတာ ပြသခဲ့တဲ့ ဇာဗီ ဆိုင်မွန်

ဘာစီလိုနာအသင်းရဲ့အကယ်ဒမီ လာမာစီယာကနေ ပေါ်ထွက်လာတဲ့

နယ်သာလန်လူငယ်လေး ဇာဗီ ဆိုင်မွန်ကတော့ အခုမှသာ အသင်းမှန် နေရာမှန် ဖြစ်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဆိုင်မွန်ဟာ ၂၀၂၀ ခုနှစ်မှာ ဘာစီလိုနာကို စွန့်ခွာခဲ့ပြီး ပီအက်စ်ဂျီထံ ပြောင်းခဲ့ပေမယ့်

၂ ရာသီအတွင်း ပြင်သစ်ကလပ်အတွက် ၁၁ ပွဲသာ ကစားခွင့်ရခဲ့ပြီး သွင်းဂိုးလည်း မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နွေရာသီမှာတော့ သူဟာ ပီအက်စ်ဗွီကို ပြောင်းကစားခဲ့ပြီး ကွင်းလယ်ကစားသမားအဖြစ်ကနေ

တိုက်စစ်နေရာ ပြောင်းကစားပြီး ခြေစွမ်းပြနေကာ ပြိုင်ပွဲစုံ ၁၁ပွဲမှာ ၈ ဂိုးရထားတဲ့သူပါ။

မနေ့က သူ့ကို အာဆင်နယ်နောက်တန်းက မနည်းထိန်းယူခဲ့ရပါတယ်။

သူ တစ်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ VAR ကြည့်ပြီး ပယ်ဖျက်ခဲ့ပါသေးတယ်။

ဆိုင်မွန်ဟာ အခုမှ အသက် ၁၉ နှစ်သာရှိသေးတာကြောင့် အသင့်တော်ဆုံးအသင်းကို ရှာတွေ့သွားခဲ့ပြီလို့ ဆိုနိုင်ပြီး

အခုထက်ပိုမို မြင့်မားတဲ့အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပီအက်စ်ဗွီ နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ

ပရိသတ်တွေရဲ့အပြစ်တင်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ပီအက်စ်ဗွီကို ရှုံးခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ ဒီရာသီပြိုင်ပွဲစုံမှာ ဒုတိယမြောက် ရှုံးပွဲဖြစ်ခဲ့ပြီး

အသင်းရဲ့နောက်ဆုံး ၂ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ခြင်းလည်း ဖြစ်ခဲ့ပါတယ်။

ဒီရာသီပထမဆုံး ရှုံးပွဲဖြစ်တဲ့ ယူနိုက်တက်ကို ရှုံးခဲ့ပြီးနောက် အာဆင်နယ်ဟာ ပြိုင်ပွဲစုံ ၈ ပွဲဆက်အနိုင်ရရှိခဲ့ပေမယ့်

ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၊ ပီအက်စ်ဗွီနဲ့ ယူရိုပါလိဂ်ပွဲတွေမှာ နိုင်ပွဲပျောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရာသီအစမှာတော့ တိုက်စစ်မှာ ခပ်သွက်သွက်ကစား၊ ဂိုးတွေ တဒိုင်းဒိုင်းသွင်းပြီး နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအတွက်

သူတို့ရဲ့ တိုက်စစ်ပိုင်းက စိုးရိမ်စရာပုံစံ ပြန်ဖြစ်လာခဲ့ပါတယ်။

ဂန်းနားတို့အနေနဲ့ နောက်ဆုံး ၅ ပွဲမှာ တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့ပွဲ တစ်ပွဲမှ မရှိခဲ့တာဖြစ်ပြီး

ခံစစ်က အစွမ်းပြခဲ့လို့နဲ့ ကံကောင်းခဲ့လို့သာ နိုင်ပွဲတွေ ရခဲ့တာဖြစ် ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာ ကိုယ်တိုင်ကလည်း ပီအက်စ်ဗွီနဲ့ပွဲက အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို အပြစ်တင်ထားပြီး

ကစားသမားတွေအနေနဲ့ အကောင်းဆုံးပုံစံပြန်မရမှာကိုစိုးရိမ်ကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

zawgyi

အာဆင္နယ္ကို ဒုကၡေပးၿပီးေနာက္ မွန္ကန္တဲ့ေနရာမွာ ကစားေနၿပီဆိုတာ ျပသခဲ့တဲ့ ဇာဗီ ဆိုင္မြန္

ဘာစီလိုနာအသင္းရဲ႕အကယ္ဒမီ လာမာစီယာကေန ေပၚထြက္လာတဲ့

နယ္သာလန္လူငယ္ေလး ဇာဗီ ဆိုင္မြန္ကေတာ့ အခုမွသာ အသင္းမွန္ ေနရာမွန္ ျဖစ္သြားခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

ဆိုင္မြန္ဟာ ၂၀၂၀ ခုႏွစ္မွာ ဘာစီလိုနာကို စြန႔္ခြာခဲ့ၿပီး ပီအက္စ္ဂ်ီထံ ေျပာင္းခဲ့ေပမယ့္

၂ ရာသီအတြင္း ျပင္သစ္ကလပ္အတြက္ ၁၁ ပြဲသာ ကစားခြင့္ရခဲ့ၿပီး သြင္းဂိုးလည္း မရခဲ့ပါဘူး။

ၿပီးခဲ့တဲ့ေႏြရာသီမွာေတာ့ သူဟာ ပီအက္စ္ဗြီကို ေျပာင္းကစားခဲ့ၿပီး ကြင္းလယ္ကစားသမားအျဖစ္ကေန

တိုက္စစ္ေနရာ ေျပာင္းကစားၿပီး ေျခစြမ္းျပေနကာ ၿပိဳင္ပြဲစုံ ၁၁ပြဲမွာ ၈ ဂိုးရထားတဲ့သူပါ။

မေန႔က သူ႔ကို အာဆင္နယ္ေနာက္တန္းက မနည္းထိန္းယူခဲ့ရပါတယ္။

သူ တစ္ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ VAR ၾကည့္ၿပီး ပယ္ဖ်က္ခဲ့ပါေသးတယ္။

ဆိုင္မြန္ဟာ အခုမွ အသက္ ၁၉ ႏွစ္သာရွိေသးတာေၾကာင့္ အသင့္ေတာ္ဆုံးအသင္းကို ရွာေတြ႕သြားခဲ့ၿပီလို႔ ဆိုႏိုင္ၿပီး

အခုထက္ပိုမို ျမင့္မားတဲ့အဆင့္ကို တက္လွမ္းႏိုင္ဖို႔ အေျခအေနေကာင္းတစ္ခုကို ပိုင္ဆိုင္ထားခဲ့ၿပီျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ပီအက္စ္ဗြီ နဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ရႈံးပြဲေတြ႕ခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းဟာ

ပရိသတ္ေတြရဲ႕အျပစ္တင္ျခင္းကို ခံခဲ့ရတယ္လို႔ သိရပါတယ္။

ပီအက္စ္ဗြီကို ရႈံးခဲ့တဲ့ပြဲမွာ အာဆင္နယ္အသင္းရဲ႕ ဒီရာသီၿပိဳင္ပြဲစုံမွာ ဒုတိယေျမာက္ ရႈံးပြဲျဖစ္ခဲ့ၿပီး

အသင္းရဲ႕ေနာက္ဆုံး ၂ ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ျခင္းလည္း ျဖစ္ခဲ့ပါတယ္။

ဒီရာသီပထမဆုံး ရႈံးပြဲျဖစ္တဲ့ ယူႏိုက္တက္ကို ရႈံးခဲ့ၿပီးေနာက္ အာဆင္နယ္ဟာ ၿပိဳင္ပြဲစုံ ၈ ပြဲဆက္အႏိုင္ရရွိခဲ့ေပမယ့္

ေဆာက္သမ္တန္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲ ၊ ပီအက္စ္ဗြီနဲ႔ ယူ႐ိုပါလိဂ္ပြဲေတြမွာ ႏိုင္ပြဲေပ်ာက္ခဲ့တာပဲ ျဖစ္ပါတယ္။

ရာသီအစမွာေတာ့ တိုက္စစ္မွာ ခပ္သြက္သြက္ကစား၊ ဂိုးေတြ တဒိုင္းဒိုင္းသြင္းၿပီး ႏိုင္ပြဲေတြ ရယူႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းအတြက္

သူတို႔ရဲ႕ တိုက္စစ္ပိုင္းက စိုးရိမ္စရာပုံစံ ျပန္ျဖစ္လာခဲ့ပါတယ္။

ဂန္းနားတို႔အေနနဲ႔ ေနာက္ဆုံး ၅ ပြဲမွာ တစ္ဂိုးထက္ ပိုသြင္းႏိုင္တဲ့ပြဲ တစ္ပြဲမွ မရွိခဲ့တာျဖစ္ၿပီး

ခံစစ္က အစြမ္းျပခဲ့လို႔နဲ႔ ကံေကာင္းခဲ့လို႔သာ ႏိုင္ပြဲေတြ ရခဲ့တာျဖစ္ ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာ ကိုယ္တိုင္ကလည္း ပီအက္စ္ဗြီနဲ႔ပြဲက အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကို အျပစ္တင္ထားၿပီး

ကစားသမားေတြအေနနဲ႔ အေကာင္းဆုံးပုံစံျပန္မရမွာကိုစိုးရိမ္ေၾကာင္း ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။