အာဆင်နယ်ကိုချန်ပီယံဖြစ်စေချင်တယ်…ယူနိုက်တက်မဖြစ်ခဲ့ရင်ပေါ့လို့ဆိုခဲ့တဲ့ ရော်နယ်ဒို

ပီးယာ့စ်မော်ဂန်နဲ့တွေ့ဆုံမေးမြန်းခန်းမှာ အာဆင်နယ်သာပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ရင်ပျော်ရွှင်မိလိမ့်မယ်လို့ ရော်နယ်ဒိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီအစီအစဉ်မှာ ယူနိုက်တက်နဲ့ပတ်သတ်တဲ့အခက်ခဲဆုံးကာလတွေအကြောင်းကိုပြောဆိုခဲ့တာကြောင့် ရော်နယ်ဒိုဟာ အားလုံးရဲ့အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ချန်ပီယံဆုအတွက်တော့

ယူနိုက်တက်ကို ပါးစပ်ဖျားကမချခဲ့တာကို တွေ့ရမှာပါ။ ဂန်းနားဖန်တစ်ယောက်ဖြစ်တဲ့ မော်ဂန်က အာတီတာရဲ့အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကိုကိုင်မြှောက်တာမြင်ချင်သလားဆိုတဲ့ အမေးကိုတော့

ရော်နယ်ဒိုက “ကျွန်တော်မျှော်လင့်ပါတယ်” လို့ ဖြေဆိုလိုက်ပြီးမှ ချက်ချင်းဆိုသလို “ယူနိုက်တက်က ပထမပါ၊ ဒီလိုမဖြစ်ခဲ့ရင်တော့ အာဆင်နယ်ဟာ စောင့်ကြည့်ဖို့နှစ်သက်စရာကောင်းတဲ့အသင်းဖြစ်တယ်။

သူတို့ကို ကျွန်တော်သဘောကျတယ်။ နည်းပြကိုလည်းကြိုက်တယ်။ သူတို့အသင်းကောင်းတစ်သင်းလို့ထင်တယ်။ တကယ်လို့ ယူနိုက်တက်ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ခဲ့ရင်တော့…အာဆင်နယ်လုပ်နိုင်ခဲ့ရင်

ပျော်ရွှင်မိမှာပါ” လို့ ပြောဆိုသွားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သတ်လို့ ရော်နယ်ဒိုက “အကောင်းမြင်ပါတယ်။ ကျွန်တော်တို့မှာ ထူးချွန်တဲ့နည်းပြရှိတယ်၊ မျိုးဆက်ကောင်းတစ်ခုရှိတယ်။

ခက်ခဲနိုင်တယ်ဆိုပေမဲ့ ကမ္ဘာ့ဖလားမှာအံ့အားသင့်ဖွယ်ရာတွေလုပ်ပြနိုင်ဖို့မျှော်လင့်ထားတယ်။ အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ အရာတိုင်းကဖြစ်နိုင်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ်

ကျွန်တော်တို့ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ” လို့ ဆိုခဲ့ပါတယ်။

(Zawgyi)

အာဆင္နယ္ကိုခ်န္ပီယံျဖစ္ေစခ်င္တယ္…ယူႏိုက္တက္မျဖစ္ခဲ့ရင္ေပါ့လို႔ဆိုခဲ့တဲ့ ေရာ္နယ္ဒို

ပီးယာ့စ္ေမာ္ဂန္နဲ႔ေတြ႕ဆုံေမးျမန္းခန္းမွာ အာဆင္နယ္သာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ရင္ေပ်ာ္႐ႊင္မိလိမ့္မယ္လို႔ ေရာ္နယ္ဒိုက ထည့္သြင္းေျပာဆိုခဲ့ပါတယ္။ ဒီအစီအစဥ္မွာ

ယူႏိုက္တက္နဲ႔ပတ္သတ္တဲ့အခက္ခဲဆုံးကာလေတြအေၾကာင္းကိုေျပာဆိုခဲ့တာေၾကာင့္ ေရာ္နယ္ဒိုဟာ အားလုံးရဲ႕အမ်က္ေဒါသနဲ႔ရင္ဆိုင္ခဲ့ရေပမဲ့ ခ်န္ပီယံဆုအတြက္ေတာ့

ယူႏိုက္တက္ကိုပါးစပ္ဖ်ားကမခ်ခဲ့တာကိုေတြ႕ရမွာပါ။ ဂန္းနားဖန္တစ္ေယာက္ျဖစ္တဲ့ ေမာ္ဂန္က အာတီတာရဲ႕အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုကိုင္ေျမႇာက္တာျမင္ခ်င္သလားဆိုတဲ့အေမးကိုေတာ့ ေရာ္နယ္ဒိုက

“ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္” လို႔ ေျဖဆိုလိုက္ၿပီးမွ ခ်က္ခ်င္းဆိုသလို “ယူႏိုက္တက္က ပထမပါ၊ ဒီလိုမျဖစ္ခဲ့ရင္ေတာ့ အာဆင္နယ္ဟာေစာင့္ၾကည့္ဖို႔ႏွစ္သက္စရာေကာင္းတဲ့အသင္းျဖစ္တယ္။

သူတို႔ကို ကြၽန္ေတာ္သေဘာက်တယ္။ နည္းျပကိုလည္းႀကိဳက္တယ္။ သူတို႔အသင္းေကာင္းတစ္သင္းလို႔ထင္တယ္။ တကယ္လို႔ ယူႏိုက္တက္ပရီးမီးယားလိဂ္ခ်န္ပီယံမျဖစ္ခဲ့ရင္ေတာ့…အာဆင္နယ္လုပ္ႏိုင္ခဲ့ရင္

ေပ်ာ္႐ႊင္မိမွာပါ” လို႔ ေျပာဆိုသြားပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ပတ္သတ္လို႔ ေရာ္နယ္ဒိုက “အေကာင္းျမင္ပါတယ္။ ကြၽန္ေတာ္တို႔မွာ ထူးခြၽန္တဲ့နည္းျပရွိတယ္၊ မ်ိဳးဆက္ေကာင္းတစ္ခုရွိတယ္။

ခက္ခဲႏိုင္တယ္ဆိုေပမဲ့ ကမာၻ႔ဖလားမွာအံ့အားသင့္ဖြယ္ရာေတြလုပ္ျပႏိုင္ဖို႔ေမွ်ာ္လင့္ထားတယ္။ အလြန္ခက္ခဲပါတယ္။ ဒါေပမဲ့ အရာတိုင္းကျဖစ္ႏိုင္တယ္ေလ။

ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာပါ” လို႔ ဆိုခဲ့ပါတယ္။