အာဂျင်တီးနား ဆီမီးဖိုင်နယ်ကိုတက်ခွင့်ရသွားခဲ့လို့ အင်တာဗျူးမှာ မျက်ရည်တွေနဲ့အတူခံစားချက်တွေပွင့်ထွက်လာတဲ့ ယူနိုက်တက်ကြယ်ပွင့်မာတီနက်စ်

မိနစ်(၉၀)ပြည့်တဲ့အထိ (၂-၂)ဂိုးစီသရေကျခေဲ့တာကြောင့် အချိန်ပို မိနစ်(၃၀)ဆက်ကစားခဲ့ပေမယ့် အဖြေမပေါ်လို့

ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြရတဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲစဉ်မှာ

အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်ဇ်က ဗန်ဒိုက်နဲ့ ဘယ်ဟွစ်တို့ရဲ့ ဦးဆုံးပယ်နယ်တီတွေကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားဘက်မှာတော့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ကန်ချက်လွဲချော်ခဲ့ပေမယ့်

အဆုံးအဖြတ်ပယ်နယ်တီကို လော်တာရိုမာတီနက်ဇ်က အမှားအယွင်းမရှိကန်သွင်းပြီးတော့

အာဂျင်တီးနားအသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။

လော်တာရိုမာတီနက်ဇ်ဂိုးကန်သွင်းချိန်တုန်းက အာဂျင်တီးနားကစားသမားတွေဟာ စိတ်ပူပန်မှုတွေရှိနေခဲ့ကြတာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာတွေ့ခဲ့ရပါတယ်။

ဒါဟာလည်း လော်တာရိုမာတီနက်ဇ်ဟာ ရှေ့ပွဲတုန်းက အပိုင်ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့တာတွေရှိခဲ့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် နောက်ဆုံးပင်နယ်တီကန်ချက်ကိုတော့ လော်တာရို မာတီနက်ဇ်က ကန်သွင်းချိန်မှာ လှည့်စားမှု အနည်းငယ်လုပ်လိုက်ရာမှာ

ဒိုက်ပစ်ချင်နေတဲ့ နော့ပတ်ရဲ့လှုပ်ရှားခဲ့မှုကို အခွင့်အရေးယူလိုက်ပြီး လူနဲ့ ဘောလုံး တခြားစီ ကန်သွင်းပြခဲ့လိုက်ပါတယ်။

နယ်သာလန်ပရိသတ်တွေအတွက်တော့ အာဂျင်တီးနားတို့ရဲ့ နောက်ဆုံး ကန်ချက်ကို ဂိုးသမားများ တားဆီးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ဟာလည်း အဆုံးသတ်သွားခဲ့ရပါတယ်။

အာဂျင်တီးနားတို့ဟာ ပြိုင်ဘက်နယ်သာလန်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တာကြောင့်

ဘရာဇီးကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ကျော်ဖြတ်လာတဲ့ ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပွဲပြီးအင်တာဗျူးအစီအစဉ်မှာ နယ်သာလန်ကို အနိုင်ရရှိတာနဲ့ပတ်သတ်ပြီး လီဆန်ဒရိုမာတီးနက်ဇ်က

“တကယ်ကို မယုံနိုင်စရာပါပဲဗျာ။လော်တာရိုရဲ့ ဂိုးလည်းဝင်သွားကော ကျွန်တော့်ရဲ့ခံစားချက်တွေ အကုန်လုံးပွင့်ထွက်သွားတော့တာပါပဲ။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီလိုအဆုံးသတ်ဖို့ မထိုက်တန်လို့ပါပဲ (အချိန်ပို+ပင်နယ်တီ ကန်ရတာကိုဆိုလိုတာ)။

ကျွန်တော်တို့က သူတို့ထက်အများအများကြီးကို ပိုကောင်းခဲ့တာပါ။

အခု ကစားသမားတွေ နည်းပြအဖွဲ့‌ဝင်‌တွေ အားလုံးကို ကျွန်တော် အကုန်လုံးကို ပွေ့ဖက်ချင်ပါတယ်။ ”

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ပယ်နယ်တီအဆုံးအဖြတ် (၆)ကြိမ်ခံယူခဲ့ရပြီး (၅)ကြိမ်အထိအနိုင်ရခဲ့တာကြောင့်

အကြိမ်အများဆုံးအနိုင်ရတဲ့အသင်းဖြစ်လာသလို နယ်သာလန်အသင်းကို ၁၉၇၈(ဗိုလ်လုပွဲ)၊

၂၀၁၄(ဆီမီးဖိုင်နယ်)နဲ့ အခု ကွာတားပွဲတွေမှာ အနိုင်ယူပြီးတော့ မတူညီတဲ့ ကမ္ဘာ့ဖလား(၃)ကြိမ်မှာ

နယ်သာလန်ကို အနိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

zawgyi

အာဂ်င္တီးနား ဆီမီးဖိုင္နယ္ကိုတက္ခြင့္ရသြားခဲ့လို႔ အင္တာဗ်ဴးမွာ မ်က္ရည္ေတြနဲ႔အတူခံစားခ်က္ေတြပြင့္ထြက္လာတဲ့ ယူႏိုက္တက္ၾကယ္ပြင့္မာတီနက္စ္

မိနစ္(၉၀)ျပည့္တဲ့အထိ (၂-၂)ဂိုးစီသေရက်ေခဲ့တာေၾကာင့္ အခ်ိန္ပို မိနစ္(၃၀)ဆက္ကစားခဲ့ေပမယ့္ အေျဖမေပၚလို႔

ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ၾကရတဲ့ နယ္သာလန္နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ပြဲစဥ္မွာ

အာဂ်င္တီးနားဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္က ဗန္ဒိုက္နဲ႔ ဘယ္ဟြစ္တို႔ရဲ႕ ဦးဆုံးပယ္နယ္တီေတြကို ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားဘက္မွာေတာ့ အန္ဇိုဖာနန္ဒက္ဇ္ရဲ႕ ကန္ခ်က္လြဲေခ်ာ္ခဲ့ေပမယ့္

အဆုံးအျဖတ္ပယ္နယ္တီကို ေလာ္တာ႐ိုမာတီနက္ဇ္က အမွားအယြင္းမရွိကန္သြင္းၿပီးေတာ့

အာဂ်င္တီးနားအသင္းကို ဆီမီးဖိုင္နယ္ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ပါတယ္။

ေလာ္တာ႐ိုမာတီနက္ဇ္ဂိုးကန္သြင္းခ်ိန္တုန္းက အာဂ်င္တီးနားကစားသမားေတြဟာ စိတ္ပူပန္မႈေတြရွိေနခဲ့ၾကတာကိုလည္း ႐ုပ္သံမွတ္တမ္းေတြမွာေတြ႕ခဲ့ရပါတယ္။

ဒါဟာလည္း ေလာ္တာ႐ိုမာတီနက္ဇ္ဟာ ေရွ႕ပြဲတုန္းက အပိုင္ဂိုးသြင္းခြင့္ေတြ လြဲေခ်ာ္ခဲ့တာေတြရွိခဲ့တာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးပင္နယ္တီကန္ခ်က္ကိုေတာ့ ေလာ္တာ႐ို မာတီနက္ဇ္က ကန္သြင္းခ်ိန္မွာ လွည့္စားမႈ အနည္းငယ္လုပ္လိုက္ရာမွာ

ဒိုက္ပစ္ခ်င္ေနတဲ့ ေနာ့ပတ္ရဲ႕လႈပ္ရွားခဲ့မႈကို အခြင့္အေရးယူလိုက္ၿပီး လူနဲ႔ ေဘာလုံး တျခားစီ ကန္သြင္းျပခဲ့လိုက္ပါတယ္။

နယ္သာလန္ပရိသတ္ေတြအတြက္ေတာ့ အာဂ်င္တီးနားတို႔ရဲ႕ ေနာက္ဆုံး ကန္ခ်က္ကို ဂိုးသမားမ်ား တားဆီးႏိုင္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ဟာလည္း အဆုံးသတ္သြားခဲ့ရပါတယ္။

အာဂ်င္တီးနားတို႔ဟာ ၿပိဳင္ဘက္နယ္သာလန္ကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့တာေၾကာင့္

ဘရာဇီးကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ေက်ာ္ျဖတ္လာတဲ့ ခ႐ိုေအးရွားနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ပြဲၿပီးအင္တာဗ်ဴးအစီအစဥ္မွာ နယ္သာလန္ကို အႏိုင္ရရွိတာနဲ႔ပတ္သတ္ၿပီး လီဆန္ဒ႐ိုမာတီးနက္ဇ္က

“တကယ္ကို မယုံႏိုင္စရာပါပဲဗ်ာ။ေလာ္တာ႐ိုရဲ႕ ဂိုးလည္းဝင္သြားေကာ ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြ အကုန္လုံးပြင့္ထြက္သြားေတာ့တာပါပဲ။

ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ဒီလိုအဆုံးသတ္ဖို႔ မထိုက္တန္လို႔ပါပဲ (အခ်ိန္ပို+ပင္နယ္တီ ကန္ရတာကိုဆိုလိုတာ)။

ကြၽန္ေတာ္တို႔က သူတို႔ထက္အမ်ားအမ်ားႀကီးကို ပိုေကာင္းခဲ့တာပါ။

အခု ကစားသမားေတြ နည္းျပအဖြဲ႕‌ဝင္‌ေတြ အားလုံးကို ကြၽန္ေတာ္ အကုန္လုံးကို ေပြ႕ဖက္ခ်င္ပါတယ္။ ”

အာဂ်င္တီးနားအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ပယ္နယ္တီအဆုံးအျဖတ္ (၆)ႀကိမ္ခံယူခဲ့ရၿပီး (၅)ႀကိမ္အထိအႏိုင္ရခဲ့တာေၾကာင့္

အႀကိမ္အမ်ားဆုံးအႏိုင္ရတဲ့အသင္းျဖစ္လာသလို နယ္သာလန္အသင္းကို ၁၉၇၈(ဗိုလ္လုပြဲ)၊

၂၀၁၄(ဆီမီးဖိုင္နယ္)နဲ႔ အခု ကြာတားပြဲေတြမွာ အႏိုင္ယူၿပီးေတာ့ မတူညီတဲ့ ကမာၻ႔ဖလား(၃)ႀကိမ္မွာ

နယ္သာလန္ကို အႏိုင္ရတဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။