
အာဂျင်တိုင်းပြည်သူတွေကတော့ လာမယ့်သမ္မတရွေးကောက်ပွဲမှာ





မက်ဆီကိုမဲပေးသွားဖို့ရှိနေပါတယ်။ မက်ဆီဟာ ၂၀၂၁ ကိုပါအမေရိက
ဖလားကို သိမ်းပိုက်နိုင်ခဲ့သလို ၂၀၂၂ မှာ အာဂျင်တီးနားအတွက်





၃၆နှစ် ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ
အရယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီရဲ့
ကြိုးစားအားထုတ်မှုတွေက အာဂျင်တိုင်းသားတွေအတွက်





ဂုဏ်ယူစရာဖြစ်နေသလို သမ္မတလောင်းစာရင်းမှာလည်း
ထိပ်ဆုံးကဦးဆောင်ထားနိုင်ပြီဖြစ်တယ်။ ကမ္ဘာ့ချန်ပီယံဆု





ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် မက်ဆီဟာ အမိမြေမှာအောင်ပွဲခံမှုတွေ
ဆက်တိုက်ပြုလုပ်နေသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း တူမဖြစ်သူရဲ့
၁၅ နှစ်မြောက်မွေးနေ့ပွဲကိုပျော်ရွှင်စွာ ကျင်းပခဲ့ပါသေးတယ်။





လက်ရှိမှာတော့ မက်ဆီကို အာဂျင်တိုင်းတွေက ကိုးကွယ်နေကြသလို
နောက်ထပ်သမ္မတဖြစ်လာနိုင်သလားဆိုပြီး လူပေါင်း ၂၅၀၀ ဆီကနေ





စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီလိုအချိန်မှာတော့ ၄၃.၇ ရာခိုင်နှုန်းက
‘yes’ လို့အဖြေပေးခဲ့ပြီး ၃၇.၈ ရာခိုင်နှုန်းက ‘no’ လုပ်ခဲ့သလို
၁၇.၅ ရာခိုင်နှုန်းကတော့ ‘ဖြစ်နိုင်ပါတယ်’ လို့ ကြားနေပေးခဲ့ပါတယ်။





ဒုတိယစစ်တမ်းတစ်ခုမှာတော့ လက်ရှိသမ္မတ အဲလ်ဗာတိုဖာနန်ဒက်ဇ်
အပါအဝင်အခြားသော သမ္မတလောင်းတွေကြားမှာ မက်ဆီကို





နေရာပေးခဲ့ပါတယ်။ မက်ဆီဟာ သမ္မတဟောင်း ခရစ္စတီနာ
ကီရက်ရှ်နာအပါအဝင် အခြားသောကိုယ်စားလှယ်လောင်းတွေကို
ကျော်ဖြတ်နိုင်ခဲ့တာဖြစ်တယ်။ အားလုံးကိုခြုံကြည့်မယ်ဆိုရင်တော့





မက်ဆီဟာ မဲစုစုပေါင်းရဲ့ ၃၆.၇ ရာခိုင်နှုန်းပိုင်ဆိုင်ခဲ့ပြီး
လက်ရှိနိုင်ငံ့ခေါင်းဆောင် ဖာနန်ဒက်ဇ်ထက် ၂၄.၇ ရာခိုင်နှုန်းအထိအသာရခဲ့တာဖြစ်တယ်။





zawgyi
အာဂ်င္တီးနားသမၼတေ႐ြးေကာက္ပြဲရဲ႕ သမၼတေလာင္းစာရင္းမွာ မက္ဆီ ထိပ္ဆုံးကဦးေဆာင္ထား
အာဂ်င္တိုင္းျပည္သူေတြကေတာ့ လာမယ့္သမၼတေ႐ြးေကာက္ပြဲမွာ





မက္ဆီကိုမဲေပးသြားဖို႔ရွိေနပါတယ္။ မက္ဆီဟာ ၂၀၂၁ ကိုပါအေမရိက
ဖလားကို သိမ္းပိုက္ႏိုင္ခဲ့သလို ၂၀၂၂ မွာ အာဂ်င္တီးနားအတြက္





၃၆ႏွစ္ ၾကာေဝးကြာေနတဲ့ ကမာၻ႔ဖလားခ်န္ပီယံဆုကိုပါ
အရယူေပးႏိုင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ မက္ဆီရဲ႕
ႀကိဳးစားအားထုတ္မႈေတြက အာဂ်င္တိုင္းသားေတြအတြက္





ဂုဏ္ယူစရာျဖစ္ေနသလို သမၼတေလာင္းစာရင္းမွာလည္း
ထိပ္ဆုံးကဦးေဆာင္ထားႏိုင္ၿပီျဖစ္တယ္။ ကမာၻ႔ခ်န္ပီယံဆု





ပိုင္ဆိုင္ခဲ့ၿပီးတဲ့ေနာက္ မက္ဆီဟာ အမိေျမမွာေအာင္ပြဲခံမႈေတြ
ဆက္တိုက္ျပဳလုပ္ေနသလို ၿပီးခဲ့တဲ့ရက္ပိုင္းမွာလည္း တူမျဖစ္သူရဲ႕
၁၅ ႏွစ္ေျမာက္ေမြးေန႔ပြဲကိုေပ်ာ္႐ႊင္စြာ က်င္းပခဲ့ပါေသးတယ္။





လက္ရွိမွာေတာ့ မက္ဆီကို အာဂ်င္တိုင္းေတြက ကိုးကြယ္ေနၾကသလို
ေနာက္ထပ္သမၼတျဖစ္လာႏိုင္သလားဆိုၿပီး လူေပါင္း ၂၅၀၀ ဆီကေန





စစ္တမ္းေကာက္ယူခဲ့ပါတယ္။ ဒီလိုအခ်ိန္မွာေတာ့ ၄၃.၇ ရာခိုင္ႏႈန္းက
‘yes’ လို႔အေျဖေပးခဲ့ၿပီး ၃၇.၈ ရာခိုင္ႏႈန္းက ‘no’ လုပ္ခဲ့သလို
၁၇.၅ ရာခိုင္ႏႈန္းကေတာ့ ‘ျဖစ္ႏိုင္ပါတယ္’ လို႔ ၾကားေနေပးခဲ့ပါတယ္။





ဒုတိယစစ္တမ္းတစ္ခုမွာေတာ့ လက္ရွိသမၼတ အဲလ္ဗာတိုဖာနန္ဒက္ဇ္
အပါအဝင္အျခားေသာ သမၼတေလာင္းေတြၾကားမွာ မက္ဆီကို





ေနရာေပးခဲ့ပါတယ္။ မက္ဆီဟာ သမၼတေဟာင္း ခရစၥတီနာ
ကီရက္ရွ္နာအပါအဝင္ အျခားေသာကိုယ္စားလွယ္ေလာင္းေတြကို
ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္တယ္။ အားလုံးကိုၿခဳံၾကည့္မယ္ဆိုရင္ေတာ့





မက္ဆီဟာ မဲစုစုေပါင္းရဲ႕ ၃၆.၇ ရာခိုင္ႏႈန္းပိုင္ဆိုင္ခဲ့ၿပီး
လက္ရွိႏိုင္ငံ့ေခါင္းေဆာင္ ဖာနန္ဒက္ဇ္ထက္ ၂၄.၇ ရာခိုင္ႏႈန္းအထိအသာရခဲ့တာျဖစ္တယ္။