အာဂျင်တီးနားရဲ့ စံချိန် ရပ်တန့်သွားခဲ့ရပေမဲ့ မက်ဆီ စံချိန်သစ်တစ်ခု တိုးလာတဲ့ ပွဲ

အုပ်စု (C)ရဲ့ အဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ ဆော်ဒီအာရေဗျနဲ့ ပွဲမှာ အာဂျင်တီးနားဟာ မထင်မှတ်ဘဲ ရှုံးပွဲကြုံခဲ့ရပေမဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီကတော့ စံချိန်သစ်တစ်ခု ရခဲ့ပါတယ်။

ဆော်ဒီနဲ့ပွဲမှာ ပွဲအစ(၁၀)မိနစ်မှာပဲ မက်ဆီက ပယ်နယ်တီကနေ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အာဂျင်တီးနားကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈နဲ့ အခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္ထဝင်တွေဖြစ်တဲ့ ဘာတစ္စတူတာ (၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂)၊ မာရာဒိုနာ (၁၉၈၂၊ ၁၉၈၆၊ ၁၉၉၄)တို့ကို

ကျော်ဖြတ်ပြီးတော့ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်က (၇)ဂိုးအထိရှိလာပြီဖြစ်သလို ဆော်ဒီအသင်းဟာ မက်ဆီရဲ့ လက်ရွေးစင်ကစားသမားဘဝတစ်လျှောက်

ဂိုးသွင်းခဲ့တဲ့ (၉၃)သင်းမြောက်လည်းဖြစ်ခဲ့ပါတယ်။မက်ဆီအနေနဲ့ အခုပွဲမှာ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် နိုင်ပွဲရအောင် မစွမ်းဆောင်နိုင်ဘဲ ဆော်ဒီတိုက်စစ်မှူး အယ်လ်ရှာရီက ချေပဂိုး၊ အယ်လ်ဒေါ်ဆာရီက

အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် (၂-၁)ဂိုးနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ သမိုင်းတစ်လျှောက် ဆော်ဒီအသင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်တဲ့အပြင် ပြိုင်ပွဲစုံ (၃၆) ပွဲဆက်

ရှုံးပွဲမရှိမှတ်တမ်းကလည်း ရပ်တန့်သွားပြီဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၂၀၁၉၊ ဇူလိုင်လတုန်းက ကိုပါအမေရိကဖလားပွဲအဖြစ် ဘရာဇီးကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီးနောက်ပိုင်းကတည်းက

လုံးဝရှုံးပွဲမရှိခဲ့ဘဲ ဆော်ဒီနဲ့ပွဲကိုသာ အနိုင်ကစားနိုင်ရင် အီတလီအသင်းတင်ရှိထားတဲ့ (၃၇)ပွဲဆက်ရှုံးပွဲမရှိ စံချိန်နဲ့ တူညီသွားမှာဖြစ်ပေမယ့် အဲဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဆော်ဒီနဲ့ပွဲမှာ

ရှုံးနိမ့်ခဲ့တဲ့အတွက် အာဂျင်တီးနားတို့ မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ရပြီး ၁၉၃၀ ကမ္ဘာ့ဖလား၊ ဥရုဂွေးနဲ့ပွဲနောက်ပိုင်း ပထမဆုံးအဖြစ် ပထမပိုင်းအပြီးမှ

ာ ဦးဆောင်နိုင်ခဲ့ပြီးမှ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်သလို ၁၉၇၄ (ပိုလန် ၃-၂ အာဂျင်တီးနား) ကမ္ဘာ့ဖလားနောက်ပိုင်း အုပ်စုအဖွင့်ပွဲမှာ ပထမဆုံးအကြိမ် ပြိုင်ဘက်ကို (၂)ဂိုးအထိပေးခဲ့ရတာလည်းဖြစ်ပါတယ်။

(Zawgyi)

အာဂ်င္တီးနားရဲ႕ စံခ်ိန္ ရပ္တန႔္သြားခဲ့ရေပမဲ့ မက္ဆီ စံခ်ိန္သစ္တစ္ခု တိုးလာတဲ့ ပြဲ

အုပ္စု (C)ရဲ႕ အဖြင့္ပြဲအျဖစ္ ကစားခဲ့တဲ့ ေဆာ္ဒီအာေရဗ်နဲ႔ ပြဲမွာ အာဂ်င္တီးနားဟာ မထင္မွတ္ဘဲ ရႈံးပြဲ ႀကဳံခဲ့ရေပမဲ့ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး မက္ဆီကေတာ့ စံခ်ိန္သစ္တစ္ခု ရခဲ့ပါတယ္။

ေဆာ္ဒီနဲ႔ပြဲမွာ ပြဲအစ(၁၀)မိနစ္မွာပဲ မက္ဆီက ပယ္နယ္တီကေန အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲ(၄)ႀကိမ္မွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး အာဂ်င္တီးနားကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

မက္ဆီဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈နဲ႔ အခု ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားဂႏၴဝင္ေတြျဖစ္တဲ့ ဘာတစၥတူတာ (၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂)၊

မာရာဒိုနာ (၁၉၈၂၊ ၁၉၈၆၊ ၁၉၉၄)တို႔ကို ေက်ာ္ျဖတ္ၿပီးေတာ့ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ မက္ဆီရဲ႕ ကမာၻ႔ဖလားသြင္းဂိုးအေရအတြက္က (၇)ဂိုးအထိရွိလာၿပီျဖစ္သလို

ေဆာ္ဒီအသင္းဟာ မက္ဆီရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝတစ္ေလွ်ာက္ ဂိုးသြင္းခဲ့တဲ့ (၉၃)သင္းေျမာက္လည္းျဖစ္ခဲ့ပါတယ္။မက္ဆီအေနနဲ႔

အခုပြဲမွာ ဦးေဆာင္ဂိုးသြင္းခဲ့ေပမယ့္ ႏိုင္ပြဲရေအာင္ မစြမ္းေဆာင္ႏိုင္ဘဲ ေဆာ္ဒီတိုက္စစ္မႉး အယ္လ္ရွာရီက ေခ်ပဂိုး၊ အယ္လ္ေဒၚဆာရီက အႏိုင္ဂိုးေတြ သြင္းယူခဲ့တာေၾကာင့္ (၂-၁)ဂိုးနဲ႔

ရႈံးပြဲႀကဳံေတြ႕ခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းဟာ သမိုင္းတစ္ေလွ်ာက္ ေဆာ္ဒီအသင္းကို ပထမဆုံးအႀကိမ္ ရႈံးနိမ့္ခဲ့တာျဖစ္တဲ့အျပင္

ၿပိဳင္ပြဲစုံ(၃၆)ပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္းကလည္း ရပ္တန႔္သြားၿပီျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ၂၀၁၉၊ ဇူလိုင္လတုန္းက ကိုပါအေမရိကဖလားပြဲအျဖစ္

ဘရာဇီးကုိ(၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ၿပီးေနာက္ပိုင္းကတည္းက လုံးဝရႈံးပြဲမရွိခဲ့ဘဲ ေဆာ္ဒီနဲ႔ပြဲကိုသာ အႏိုင္ကစားႏိုင္ရင္ အီတလီအသင္းတင္ရွိထားတဲ့

(၃၇)ပြဲဆက္ရႈံးပြဲမရွိ စံခ်ိန္နဲ႔ တူညီသြားမွာျဖစ္ေပမယ့္ အဲဒီအခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။ ေဆာ္ဒီနဲ႔ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့အတြက္ အာဂ်င္တီးနားတို႔

မွတ္တမ္းဆိုးေတြ ပိုင္ဆိုင္ခဲ့ရၿပီး ၁၉၃၀ ကမာၻ႔ဖလား၊ ဥ႐ုေဂြးနဲ႔ပြဲေနာက္ပိုင္း ပထမဆုံးအျဖစ္ ပထမပိုင္းအၿပီးမွာ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ

ရႈံးပြဲႀကဳံေတြ႕ခဲ့တာျဖစ္သလို ၁၉၇၄ (ပိုလန္ ၃-၂ အာဂ်င္တီးနား) ကမာၻ႔ဖလားေနာက္ပိုင္း အုပ္စုအဖြင့္ပြဲမွာ ပထမဆုံးအႀကိမ္ ၿပိဳင္ဘက္ကို (၂)ဂိုးအထိေပးခဲ့ရတာလည္းျဖစ္ပါတယ္။