အာဂျင်တီးနားရဲ့ ချန်ပီယံအလားအလာအတွက် လေသံပျော့နေတဲ့ နည်းပြ စကာလိုနီ

ပိုလန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးတဲ့နောက်မှာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပေမဲ့ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရနိုင်လောက်တဲ့ အဆင့်မျိုး မရှိဘူးလို့ နည်းပြ

စကာလိုနီက ဝန်ခံပြောဆိုခဲ့ပါ တယ်။ ပိုလန်ကို အနိုင်ရတဲ့ ပွဲစဉ်ပြီးတဲ့နောက်မှာ အုပ်စု (C) ရဲ့ ပထမနေရာ ကနေပြီး နောက်တစ်ဆင့် တက်ခဲ့တာကြောင့် ၁၆ သင်းအဆင့်မှာ သြစတြေး လျအသင်းနဲ့

ရင်ဆိုင်ရမှာဖြစ်လို့ ကွာတားဖိုင်နယ်ကို အလွယ်တကူ ရောက်နိုင်မယ့် အလားအလာမျိုး ရှိနေတာပါ။ ဒါပေမဲ့ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်လောက်တဲ့အထိ ကောင်းမွန်တဲ့

ခြေစွမ်းမျိုး မရှိသေးသလို အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတုန်းပဲ လို့ နည်းပြ စကာလိုနီက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါ တယ်။ ‘’ကျွန်တော်တို့ဟာ ရေပန်းစားတဲ့ အသင်းတွေထဲမှာ

မပါဘူးဗျ။ ကျွန် တော်တို့လည်း ဒီပုပ်ထဲက ပဲတွေပါပဲ။ ကျွန်တော်တို့က အခက်ကြုံနေတဲ့ အသင်းမျိုး ဖြစ်ပြီး တိုက်ပွဲဝင်ရဦးမှာပါ။ ဒီနေ့ နိုင်ပွဲကြောင့် ကျွန်တော်တို့ဟာ ချန်ပီယံဆုကို ရနိုင်လောက်တဲ့ အခြေအနေမျိုး

ရှိနေပြီလို့ သုံးသပ်ကြတာဟာ လုံးဝကို မှားယွင်းပါတယ်။ အဲဒါက မလုပ်သင့်ပါဘူးဗျာ’’ လို့ စကာလိုနီက သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ နောက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ ကစားမယ့် သြစတြေးလျနဲ့

ပွဲဟာဆိုရင်လည်း လွယ်ကူမှာ မဟုတ်တဲ့ ပွဲစဉ်မျိုးဖြစ် ပြီး ကြိုးစားအားထုတ်ရဦးမှာ ဖြစ်တယ်လို့ စကာလိုနီက မှတ်ချက်ပြုပါတယ်။ ‘’ကမ္ဘာ့ဖလားမှာ အကုန်လုံးက အခက်အခဲတွေရှိကြတာပဲ။

ဆော်ဒီအာရေဗျ ဆိုရင်လည်း ကျွန်တော်တို့ကို ဖြုတ်တာ။ ဒါမျိုး ဘယ်သူက ထင်မှာလဲဗျာ။ သြစတြေးလျနဲ့ပွဲမှာ လွယ်တယ်လို့ ထင်ရင်လည်း အဲဒါက မှားသွားမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်

အဲဒီလို ဖြစ်ဖို့ သက်သေ မပြခဲ့ပါဘူးဗျာ’’ လို့ သြစတြေးလျဟာ အာဂျင်တီးနားနဲ့ စုစုပေါင်း ၇ ကြိမ် တွေ့ဆုံခဲ့တဲ့ နေရာမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပြီး ကျန်တဲ့ပွဲအားလုံးကတော့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

(Zawgyi)

အာဂ်င္တီးနားရဲ႕ ခ်န္ပီယံအလားအလာအတြက္ ေလသံေပ်ာ့ေနတဲ့ နည္းျပ စကာလိုနီ

ပိုလန္ကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ၿပီးတဲ့ေနာက္မွာ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ေပမဲ့ အာဂ်င္တီးနားဟာ ကမာၻ႔ဖလား ခ်န္ပီယံဆုကို ရႏိုင္ေလာက္တဲ့ အဆင့္မ်ိဳး မရွိဘူးလို႔

နည္းျပ စကာလိုနီက ဝန္ခံေျပာဆိုခဲ့ပါ တယ္။ ပိုလန္ကို အႏိုင္ရတဲ့ ပြဲစဥ္ၿပီးတဲ့ေနာက္မွာ အုပ္စု (C) ရဲ႕ ပထမေနရာ ကေနၿပီး ေနာက္တစ္ဆင့္ တက္ခဲ့တာေၾကာင့္ ၁၆ သင္းအဆင့္မွာ ၾသစေၾတး လ်အသင္းနဲ႔

ရင္ဆိုင္ရမွာျဖစ္လို႔ ကြာတားဖိုင္နယ္ကို အလြယ္တကူ ေရာက္ႏိုင္မယ့္ အလားအလာမ်ိဳး ရွိေနတာပါ။ ဒါေပမဲ့ အာဂ်င္တီးနားဟာ ကမာၻ႔ဖလားခ်န္ပီယံဆုကို ဆြတ္ခူးရယူႏိုင္ေလာက္တဲ့အထိ

ေကာင္းမြန္တဲ့ ေျခစြမ္းမ်ိဳး မရွိေသးသလို အခက္အခဲေတြ အမ်ားႀကီးနဲ႔ ရင္ဆိုင္ေနရတုန္းပဲ လို႔ နည္းျပ စကာလိုနီက ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါ တယ္။

‘’ကြၽန္ေတာ္တို႔ဟာ ေရပန္းစားတဲ့ အသင္းေတြထဲမွာ မပါဘူးဗ်။ ကြၽန္ ေတာ္တို႔လည္း ဒီပုပ္ထဲက ပဲေတြပါပဲ။ ကြၽန္ေတာ္တို႔က အခက္ႀကဳံေနတဲ့ အသင္းမ်ိဳး ျဖစ္ၿပီး

တိုက္ပြဲဝင္ရဦးမွာပါ။ ဒီေန႔ ႏိုင္ပြဲေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ခ်န္ပီယံဆုကို ရႏိုင္ေလာက္တဲ့ အေျခအေနမ်ိဳး ရွိေနၿပီလို႔ သုံးသပ္ၾကတာဟာ လုံးဝကို မွားယြင္းပါတယ္။

အဲဒါက မလုပ္သင့္ပါဘူးဗ်ာ’’ လို႔ စကာလိုနီက သတင္း ေထာက္ေတြကို ေျပာဆိုခဲ့တာပါ။ ေနာက္ၿပီး ဒီဇင္ဘာ ၃ ရက္ေန႔မွာ ကစားမယ့္ ၾသစေၾတးလ်နဲ႔ ပြဲဟာဆိုရင္လည္း လြယ္ကူမွာ

မဟုတ္တဲ့ ပြဲစဥ္မ်ိဳးျဖစ္ ၿပီး ႀကိဳးစားအားထုတ္ရဦးမွာ ျဖစ္တယ္လို႔ စကာလိုနီက မွတ္ခ်က္ျပဳပါတယ္။ ‘’ကမာၻ႔ဖလားမွာ အကုန္လုံးက အခက္အခဲေတြရွိၾကတာပဲ။ ေဆာ္ဒီအာေရဗ် ဆိုရင္လည္း ကြၽန္ေတာ္တို႔ကို ျဖဳတ္တာ။

ဒါမ်ိဳး ဘယ္သူက ထင္မွာလဲဗ်ာ။ ၾသစေၾတးလ်နဲ႔ပြဲမွာ လြယ္တယ္လို႔ ထင္ရင္လည္း အဲဒါက မွားသြားမွာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ အဲဒီလို ျဖစ္ဖို႔ သက္ေသ မျပခဲ့ပါဘူးဗ်ာ’’ လို႔

ၾသစေၾတးလ်ဟာ အာဂ်င္တီးနားနဲ႔ စုစုေပါင္း ၇ ႀကိမ္ ေတြ႕ဆုံခဲ့တဲ့ ေနရာ မွာ တစ္ပြဲႏိုင္၊ တစ္ပြဲ သေရ ကစားထားၿပီး က်န္တဲ့ပြဲအားလုံးကေတာ့ အရႈံး ေပးခဲ့ရတာျဖစ္ပါတယ္။