





ဂျူလီယန်အဲလ်ဗာရက်ဇ်ရဲ့ထိုးဖောက်မှုကို ဂိုးသမားလီဗာကိုဗစ်တားဆီးရာမှာ
အာဂျင်တီးနားအသင်းပင်နယ်တီကန်ခွင့်ရခဲ့ပြီး မက်ဆီကဦးဆောင်ဂိုးအဖြစ်





ပြောင်းလဲသွားခဲ့ပါတယ်။ အရာအားလုံးကိုပြန်ကြည့်ရင်တော့ ၅၀-၅၀
အနေအထားသတ်မှတ်လို့ရပြီး အဲလ်ဗာရက်ဇ်ဘောလုံးကိုလမ်းကြောင်း
ပြောင်းပြီး ဂိုးသမားကိုဝင်တိုးတယ်လို့သတ်မှတ်နိုင်သလို ဂိုးသမားဟာ





ဘောလုံးကို မထိဘဲကစားသမားကိုသာတားဆီးခဲ့တယ်လို့လည်း
သတ်မှတ်နိုင်ပါတယ်။ အီရန်ရိုက်၊ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့လို





ကစားသမားဟောင်းတွေက ပင်နယ်တီဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး
ဝေဖန်ခဲ့ကြပေမဲ့ ပထမပိုင်းအပြီးသုံးသပ်ချက်မှာတော့ ဒိုင်လူကြီးဟောင်း
ပီတာဝေါ်လ်တန်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။





ပထမပိုင်းအပြီးမှာ ITV ရုပ်သံရဲ့တွဲဖက်တင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့
မာ့ခ်ပူးဂတ်ချ်က အဲလ်ဗာရက်ဇ်ရဲ့အခိုက်အတန့်ဟာ ပင်နယ်တီဖြစ်သင့်





သလားဆိုပြီး ဂယ်ရီနဗီးလ်ကိုစကားစခဲ့ရာမှာတော့ ယူနိုက်တက်
နောက်ခံလူဟောင်းက “မဖြစ်သင့်ပါဘူး။ ပင်နယ်တီလို့မထင်ဘူး။
ဂိုးသမားကထွက်လာပြီး သူကန်သွင်းလိုက်ချိန်မှာ ရပ်တန့်နေခဲ့ပါတယ်။





အဲလ်ဗာရက်ဇ်က ဂိုးသမားတည့်တည့်ကိုဝင်တိုးခဲ့တာပါ။
ဂိုးသမားကကာကွယ်မှုလုပ်ဖို့အတွက် ရွေ့လျားနေမှာပါပဲ။





အဲလ်ဗာရက်ဇ်ဆီကို ဆက်ပြေးပြီးဝင်တားတယ်ဆိုရင်တော့ ပေးသင့်ပါတယ်။
ဒါပေမဲ့ သူဒီလိုမလုပ်ခဲ့ဘူး” လို့ သုံးသပ်ခဲ့ပါတယ်။
နောက်တော့ အာဆင်နယ်ဂန္တဝင်အီရန်ရိုက်က “ဒီဖြစ်စဉ်ကိုကြည့်ရင်တော့





တိုက်စစ်မှူးကအမှန်တကယ်ချော်ကန်ခဲ့တယ်။ ဘောလုံးကိုကောင်းမွန်တဲ့
ထိချက်ရအောင်မလုပ်နိုင်ခဲ့ဘူး။ ဂိုးသမားကနောက်ကျသွားပြီး





ဘာမှမလုပ်နိုင်တော့ပေမဲ့ သူ့ဘာသာရပ်နေခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်က
သူ့ဆီပြေးဝင်သွားခဲ့ပါတယ်။ ဒါကိုဒိုင်လူကြီးက နှစ်ခါပြန်မကြည့်ခဲ့ဘူး” လို့
ထောက်ခံပေးခဲ့ပါတယ်။ ဆက်လက်ပြီး ရွိုင်ကိန်းက “အဲလ်ဗာရက်ဇ်ကို





အလွတ်ကြီးလှုပ်ရှားခွင့်ပေးလိုက်တဲ့ ခံစစ်ကဆိုးရွားလွန်းတယ်။
ဒါပေမဲ့ ကျွန်တော်လည်း ခင်ဗျားတို့ပြောတာကို သဘောတူတယ်။





ပင်နယ်တီလို့မထင်ဘူး။ ဂိုးသမားက သူ့လမ်းကြောင်းထဲသူမနေလို့
ဘယ်မှာသွားနေရမလဲ” လို့ တုံ့ပြန်လိုက်ပါတယ်။ ကစားသမားဟောင်းတွေ
အမြင်တူခဲ့ကြပေမဲ့ ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ ဒိုင်လူကြီးဟောင်းဝေါ်လ်တန်က





“အဲလ်ဗာရက်ဇ် ဦးသွားတယ်လေ။ ဂိုးသမားကတားဆီးဖို့ကြိုးစားပေမဲ့
ဘောလုံးကိုလုံးလုံးလျားလျားကြီးလွဲချော်ပြီး ကစားသမားကိုဖမ်းမိလိုက်တယ်။





တိုက်စစ်မှူးရဲ့ပြေးလမ်းထဲသူရောက်နေတယ်။ ပြေးလွှားမှုကိုတားဆီးတယ်လေ။
ဘယ်သွားနေရမလဲလို့ပြောတာကို ကျွန်တော်နားလည်တယ်။
ဒါပေမဲ့ ဂိုးသမားမဟုတ်တဲ့ ကစားသမားတစ်ယောက်က ပြိုင်ဘက်ကို





ဖျက်ထုတ်ရာမှာ ဘောလုံးကြီးလွဲပြီး လူကိုပဲထိမယ်ဆိုရင်…တွေးကြည့်လိုက်လေ။
ဒါမျိုးက အမြဲတမ်းပြစ်ဒဏ်ဘောပါပဲ” လို့ အကန်လေးနဲ့သုံးသပ်ပြလိုက်ပါတယ်။





အီရန်ရိုက်က လက်မခံချင်သလို ဂယ်ရီနဗီးလ်က “ဘောလုံးနဲ့လာနေတဲ့
တိုက်စစ်မှူးကို အလွတ်ကြီးကန်သွင်းဖို့ ဂိုးသမားကဖယ်ပေးရမယ်လို့
ပြောနေတာလား” လို့ ဝင်ပြောခဲ့ပါတယ်။ အဲ့ဒီမှာ ပီတာဝေါ်လ်တန်က





“ဖယ်ပေးစရာမလိုပါဘူး။ ဘောလုံးနဲ့ထိတွေ့မှုရှိအောင်လုပ်ဖို့လိုတာပါ” လို့
တုံ့ပြန်တဲ့အချိန်မှာတော့ နဗီးလ်က “သူ ထိဖို့လိုအပ်တာလား” လို့





ပြောဆိုလိုက်ပါတယ်။ “မထိရင်တော့ပြေးလာတဲ့ ကစားသမားကို
ပိတ်ဆို့တယ်လို့ သတ်မှတ်ခံရပါတယ်” လို့ ဝေါ်လ်တန်က ဆိုခဲ့ပါတယ်။
ဂိုးသမားလီဗာကိုဗစ်ဟာ အဲလ်ဗာရက်ဇ်ကိုချဉ်းကပ်တဲ့နေရာမှာ





ပေါ့လျော့မှုရှိခဲ့တယ်လို့ ဝေါ်လ်တန်ကဆက်ပြောချိန်မှာတော့
အီရန်ရိုက်က လက်မခံသေးသလို ဂယ်ရီနဗီးလ်က





“ကျွန်တော်က နောက်ခံလူဖြစ်တဲ့အတွက် တိုက်စစ်မှူးဂိုးကန်သွင်းဖို့လုပ်ရင်
ခြေထောက်နဲ့တားမှာပဲ။ ဘောလုံးကျော်ဖြတ်သွားပြီးမှ ကျွန်တော့်ဆီ
ပြေးတိုးရင် ပြစ်ဒဏ်ဘောမဖြစ်ဘူး။ ခံစစ်မှူးက ကြိုးစားပြီး





ပိတ်ဆို့မှာပဲလေ” လို့ တုံ့ပြန်ရင်း ITV စတူဒီယိုရဲ့
ပထမပိုင်းသုံးသပ်ချက်ပြီးဆုံးသွားခဲ့တာဖြစ်တယ်။





zawgyi
အာဂ်င္တီးနားရဲ႕ပင္နယ္တီကိစၥနဲ႔ပတ္သတ္ၿပီး ဒိုင္လူႀကီးေဟာင္းနဲ႔ ဂႏၲဝင္ေဟာင္းေတြ ITV စတူဒီယိုခန္းထဲမွာ အေခ်အတင္စကားမ်ားခဲ့ၾက





ဂ်ဴလီယန္အဲလ္ဗာရက္ဇ္ရဲ႕ထိုးေဖာက္မႈကို ဂိုးသမားလီဗာကိုဗစ္တားဆီးရာမွာ
အာဂ်င္တီးနားအသင္းပင္နယ္တီကန္ခြင့္ရခဲ့ၿပီး မက္ဆီကဦးေဆာင္ဂိုးအျဖစ္





ေျပာင္းလဲသြားခဲ့ပါတယ္။ အရာအားလုံးကိုျပန္ၾကည့္ရင္ေတာ့ ၅၀-၅၀
အေနအထားသတ္မွတ္လို႔ရၿပီး အဲလ္ဗာရက္ဇ္ေဘာလုံးကိုလမ္းေၾကာင္း
ေျပာင္းၿပီး ဂိုးသမားကိုဝင္တိုးတယ္လို႔သတ္မွတ္ႏိုင္သလို ဂိုးသမားဟာ





ေဘာလုံးကို မထိဘဲကစားသမားကိုသာတားဆီးခဲ့တယ္လို႔လည္း
သတ္မွတ္ႏိုင္ပါတယ္။ အီရန္႐ိုက္၊ ႐ြိဳင္ကိန္းနဲ႔ ဂယ္ရီနဗီးလ္တို႔လို





ကစားသမားေဟာင္းေတြက ပင္နယ္တီဆုံးျဖတ္ခ်က္နဲ႔ပတ္သတ္ၿပီး
ေဝဖန္ခဲ့ၾကေပမဲ့ ပထမပိုင္းအၿပီးသုံးသပ္ခ်က္မွာေတာ့ ဒိုင္လူႀကီးေဟာင္း
ပီတာေဝၚလ္တန္က မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။





ပထမပိုင္းအၿပီးမွာ ITV ႐ုပ္သံရဲ႕တြဲဖက္တင္ဆက္သူအျဖစ္ပါဝင္ခဲ့တဲ့
မာ့ခ္ပူးဂတ္ခ်္က အဲလ္ဗာရက္ဇ္ရဲ႕အခိုက္အတန႔္ဟာ ပင္နယ္တီျဖစ္သင့္





သလားဆိုၿပီး ဂယ္ရီနဗီးလ္ကိုစကားစခဲ့ရာမွာေတာ့ ယူႏိုက္တက္
ေနာက္ခံလူေဟာင္းက “မျဖစ္သင့္ပါဘူး။ ပင္နယ္တီလို႔မထင္ဘူး။
ဂိုးသမားကထြက္လာၿပီး သူကန္သြင္းလိုက္ခ်ိန္မွာ ရပ္တန႔္ေနခဲ့ပါတယ္။





အဲလ္ဗာရက္ဇ္က ဂိုးသမားတည့္တည့္ကိုဝင္တိုးခဲ့တာပါ။
ဂိုးသမားကကာကြယ္မႈလုပ္ဖို႔အတြက္ ေ႐ြ႕လ်ားေနမွာပါပဲ။





အဲလ္ဗာရက္ဇ္ဆီကို ဆက္ေျပးၿပီးဝင္တားတယ္ဆိုရင္ေတာ့ ေပးသင့္ပါတယ္။
ဒါေပမဲ့ သူဒီလိုမလုပ္ခဲ့ဘူး” လို႔ သုံးသပ္ခဲ့ပါတယ္။
ေနာက္ေတာ့ အာဆင္နယ္ဂႏၲဝင္အီရန္႐ိုက္က “ဒီျဖစ္စဥ္ကိုၾကည့္ရင္ေတာ့





တိုက္စစ္မႉးကအမွန္တကယ္ေခ်ာ္ကန္ခဲ့တယ္။ ေဘာလုံးကိုေကာင္းမြန္တဲ့
ထိခ်က္ရေအာင္မလုပ္ႏိုင္ခဲ့ဘူး။ ဂိုးသမားကေနာက္က်သြားၿပီး





ဘာမွမလုပ္ႏိုင္ေတာ့ေပမဲ့ သူ႔ဘာသာရပ္ေနခဲ့ပါတယ္။ အဲလ္ဗာရက္ဇ္က
သူ႔ဆီေျပးဝင္သြားခဲ့ပါတယ္။ ဒါကိုဒိုင္လူႀကီးက ႏွစ္ခါျပန္မၾကည့္ခဲ့ဘူး” လို႔
ေထာက္ခံေပးခဲ့ပါတယ္။ ဆက္လက္ၿပီး ႐ြိဳင္ကိန္းက “အဲလ္ဗာရက္ဇ္ကို





အလြတ္ႀကီးလႈပ္ရွားခြင့္ေပးလိုက္တဲ့ ခံစစ္ကဆိုး႐ြားလြန္းတယ္။
ဒါေပမဲ့ ကြၽန္ေတာ္လည္း ခင္ဗ်ားတို႔ေျပာတာကို သေဘာတူတယ္။





ပင္နယ္တီလို႔မထင္ဘူး။ ဂိုးသမားက သူ႔လမ္းေၾကာင္းထဲသူမေနလို႔
ဘယ္မွာသြားေနရမလဲ” လို႔ တုံ႔ျပန္လိုက္ပါတယ္။ ကစားသမားေဟာင္းေတြ
အျမင္တူခဲ့ၾကေပမဲ့ ဒီျဖစ္စဥ္နဲ႔ ပက္သက္လို႔ ဒိုင္လူႀကီးေဟာင္းေဝၚလ္တန္က





“အဲလ္ဗာရက္ဇ္ ဦးသြားတယ္ေလ။ ဂိုးသမားကတားဆီးဖို႔ႀကိဳးစားေပမဲ့
ေဘာလုံးကိုလုံးလုံးလ်ားလ်ားႀကီးလြဲေခ်ာ္ၿပီး ကစားသမားကိုဖမ္းမိလိုက္တယ္။





တိုက္စစ္မႉးရဲ႕ေျပးလမ္းထဲသူေရာက္ေနတယ္။ ေျပးလႊားမႈကိုတားဆီးတယ္ေလ။
ဘယ္သြားေနရမလဲလို႔ေျပာတာကို ကြၽန္ေတာ္နားလည္တယ္။
ဒါေပမဲ့ ဂိုးသမားမဟုတ္တဲ့ ကစားသမားတစ္ေယာက္က ၿပိဳင္ဘက္ကို





ဖ်က္ထုတ္ရာမွာ ေဘာလုံးႀကီးလြဲၿပီး လူကိုပဲထိမယ္ဆိုရင္…ေတြးၾကည့္လိုက္ေလ။
ဒါမ်ိဳးက အၿမဲတမ္းျပစ္ဒဏ္ေဘာပါပဲ” လို႔ အကန္ေလးနဲ႔သုံးသပ္ျပလိုက္ပါတယ္။





အီရန္႐ိုက္က လက္မခံခ်င္သလို ဂယ္ရီနဗီးလ္က “ေဘာလုံးနဲ႔လာေနတဲ့
တိုက္စစ္မႉးကို အလြတ္ႀကီးကန္သြင္းဖို႔ ဂိုးသမားကဖယ္ေပးရမယ္လို႔
ေျပာေနတာလား” လို႔ ဝင္ေျပာခဲ့ပါတယ္။ အဲ့ဒီမွာ ပီတာေဝၚလ္တန္က





“ဖယ္ေပးစရာမလိုပါဘူး။ ေဘာလုံးနဲ႔ထိေတြ႕မႈရွိေအာင္လုပ္ဖို႔လိုတာပါ” လို႔
တုံ႔ျပန္တဲ့အခ်ိန္မွာေတာ့ နဗီးလ္က “သူ ထိဖို႔လိုအပ္တာလား” လို႔





ေျပာဆိုလိုက္ပါတယ္။ “မထိရင္ေတာ့ေျပးလာတဲ့ ကစားသမားကို
ပိတ္ဆို႔တယ္လို႔ သတ္မွတ္ခံရပါတယ္” လို႔ ေဝၚလ္တန္က ဆိုခဲ့ပါတယ္။
ဂိုးသမားလီဗာကိုဗစ္ဟာ အဲလ္ဗာရက္ဇ္ကိုခ်ဥ္းကပ္တဲ့ေနရာမွာ





ေပါ့ေလ်ာ့မႈရွိခဲ့တယ္လို႔ ေဝၚလ္တန္ကဆက္ေျပာခ်ိန္မွာေတာ့
အီရန္႐ိုက္က လက္မခံေသးသလို ဂယ္ရီနဗီးလ္က





“ကြၽန္ေတာ္က ေနာက္ခံလူျဖစ္တဲ့အတြက္ တိုက္စစ္မႉးဂိုးကန္သြင္းဖို႔လုပ္ရင္
ေျခေထာက္နဲ႔တားမွာပဲ။ ေဘာလုံးေက်ာ္ျဖတ္သြားၿပီးမွ ကြၽန္ေတာ့္ဆီ
ေျပးတိုးရင္ ျပစ္ဒဏ္ေဘာမျဖစ္ဘူး။ ခံစစ္မႉးက ႀကိဳးစားၿပီး





ပိတ္ဆို႔မွာပဲေလ” လို႔ တုံ႔ျပန္ရင္း ITV စတူဒီယိုရဲ႕
ပထမပိုင္းသုံးသပ္ခ်က္ၿပီးဆုံးသြားခဲ့တာျဖစ္တယ္။