အာဂျင်တီးနားပြည်သူ ၄၅ သန်းနဲ့အတူ ပြင်သစ်ကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီလို့ ဂိုးသမားမာတီနက်ဇ် ကြုံးဝါး

အာဂျင်တီးနားအသင်းဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို

၆ ကြိမ်မြောက်တက်ရောက်နိုင်ခဲ့ပြီးနောက် ပြင်သစ်နဲ့ပွဲစဉ်အတွက်

အဆင်သင့်ဖြစ်နေပြီလို့ ဂိုးသမားမာတီနက်ဇ်က ကြုံးဝါးလိုက်ပါတယ်။

ဆော်ဒီကို အရေးနိမ့်ခဲ့တာက တုန်လှုပ်ခြောက်ခြားစရာဖြစ်ခဲ့ပေမဲ့

အာဂျင်တီးနားကစားသမားတွေဟာ ကမ္ဘာ့ချန်ပီယံဦးတည်ချက်ကို

အပျက်မခံဘဲ ဗိုလ်လုပွဲရောက်တဲ့အထိအာရုံပြန်စိုက်နိုင်ခဲ့တာဖြစ်တယ်။

မာတီနက်ဇ်က “ကျွန်တော့်အတွက်တော့ မယုံကြည်နိုင်စရာပါပဲ။

ကျွန်တော်တို့အဖွင့်ပွဲစဉ်ရှုံးခဲ့တယ်။ အရာအားလုံးက ရုတ်တရက်

ဇောက်ထိုးဖြစ်သွားတယ်။ ငါတို့ကို အားလုံးကသံသယဝင်လာတယ်။

ကျွန်တော်တို့က ၃၆ ပွဲဆက်အထိထင်ထင်ရှားရှားကြီးရှုံးပွဲမရှိခဲ့တာပါ။

မက္ကဆီကိုနဲ့ပွဲစဉ်ပထမပိုင်းမှာလည်း အနည်းငယ်ညံ့ဖျင်းခဲ့တယ်။

လူတိုင်းက ငါတို့ကိုအရှုံးပေးစေချင်ကြပြီ၊ ငါတို့ကတော့ ဆန့်ကျင်ဘက်

အရပ်မှာရှိခဲ့ပါတယ်။ ဒီကစားသမား ၂၆ ယောက်လုံးဟာ ဖိုက်တာတွေဖြစ်ပြီး

ငါတို့နောက်မှာ အပြည့်အဝထောက်ခံပေးနေတဲ့ အာဂျင်တီးနားပြည်သူ

၄၅ သန်းရှိနေလို့ အရမ်းဝမ်းသာပါတယ်။ ဒါက စိတ်လှုပ်ရှားစရာပါ။

လမ်းမတွေပေါ်မှာ အာဂျင်တီးနားပြည်သူတွေက လူစုလူဝေးတွေနဲ့

ပြည့်နှက်နေကြတယ်။ အချိန်တိုင်း အိမ်ကွင်းမှာကစားနေရသလိုပါပဲ။

ငါတို့အိမ်မှာပဲရှိနေတယ်လို့ ခံစားရတယ်။ ကွင်းတိုင်းမှာ အာဂျင်တီးနား

ပရိသတ် ၄၊ ၅ သောင်းလောက်ရှိနေတယ်။ သူတို့ရှိနေလို့ ကျွန်တော်တို့

အရမ်းပျော်ရတယ်” လို့ဖွင့်ဟခဲ့ပါတယ်။ ကာတာနိုင်ငံမှာတော့

အာဂျင်တီးနားလူမျိုးတွေဟာ အခြားနိုင်ငံပရိသတ်ပမာဏထက်

ကျော်လွန်နေပြီး မက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဆိုတဲ့

ဆွဲငင်အားက သူတို့ကိုအပိုင်ချုပ်ထားသလိုဖြစ်နေပါတယ်။

zawgyi

အာဂ်င္တီးနားျပည္သူ ၄၅ သန္းနဲ႔အတူ ျပင္သစ္ကိုရင္ဆိုင္ဖို႔အသင့္ျဖစ္ေနၿပီလို႔ ဂိုးသမားမာတီနက္ဇ္ ႀကဳံးဝါး

အာဂ်င္တီးနားအသင္းဟာ သမိုင္းတစ္ေလွ်ာက္ ကမာၻ႔ဖလားဗိုလ္လုပြဲကို

၆ ႀကိမ္ေျမာက္တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ျပင္သစ္နဲ႔ပြဲစဥ္အတြက္

အဆင္သင့္ျဖစ္ေနၿပီလို႔ ဂိုးသမားမာတီနက္ဇ္က ႀကဳံးဝါးလိုက္ပါတယ္။

ေဆာ္ဒီကို အေရးနိမ့္ခဲ့တာက တုန္လႈပ္ေျခာက္ျခားစရာျဖစ္ခဲ့ေပမဲ့

အာဂ်င္တီးနားကစားသမားေတြဟာ ကမာၻ႔ခ်န္ပီယံဦးတည္ခ်က္ကို

အပ်က္မခံဘဲ ဗိုလ္လုပြဲေရာက္တဲ့အထိအာ႐ုံျပန္စိုက္ႏိုင္ခဲ့တာျဖစ္တယ္။

မာတီနက္ဇ္က “ကြၽန္ေတာ့္အတြက္ေတာ့ မယုံၾကည္ႏိုင္စရာပါပဲ။

ကြၽန္ေတာ္တို႔အဖြင့္ပြဲစဥ္ရႈံးခဲ့တယ္။ အရာအားလုံးက ႐ုတ္တရက္

ေဇာက္ထိုးျဖစ္သြားတယ္။ ငါတို႔ကို အားလုံးကသံသယဝင္လာတယ္။

ကြၽန္ေတာ္တို႔က ၃၆ ပြဲဆက္အထိထင္ထင္ရွားရွားႀကီးရႈံးပြဲမရွိခဲ့တာပါ။

မကၠဆီကိုနဲ႔ပြဲစဥ္ပထမပိုင္းမွာလည္း အနည္းငယ္ညံ့ဖ်င္းခဲ့တယ္။

လူတိုင္းက ငါတို႔ကိုအရႈံးေပးေစခ်င္ၾကၿပီ၊ ငါတို႔ကေတာ့ ဆန႔္က်င္ဘက္

အရပ္မွာရွိခဲ့ပါတယ္။ ဒီကစားသမား ၂၆ ေယာက္လုံးဟာ ဖိုက္တာေတြျဖစ္ၿပီး

ငါတို႔ေနာက္မွာ အျပည့္အဝေထာက္ခံေပးေနတဲ့ အာဂ်င္တီးနားျပည္သူ

၄၅ သန္းရွိေနလို႔ အရမ္းဝမ္းသာပါတယ္။ ဒါက စိတ္လႈပ္ရွားစရာပါ။

လမ္းမေတြေပၚမွာ အာဂ်င္တီးနားျပည္သူေတြက လူစုလူေဝးေတြနဲ႔

ျပည့္ႏွက္ေနၾကတယ္။ အခ်ိန္တိုင္း အိမ္ကြင္းမွာကစားေနရသလိုပါပဲ။

ငါတို႔အိမ္မွာပဲရွိေနတယ္လို႔ ခံစားရတယ္။ ကြင္းတိုင္းမွာ အာဂ်င္တီးနား

ပရိသတ္ ၄၊ ၅ ေသာင္းေလာက္ရွိေနတယ္။ သူတို႔ရွိေနလို႔ ကြၽန္ေတာ္တို႔

အရမ္းေပ်ာ္ရတယ္” လို႔ဖြင့္ဟခဲ့ပါတယ္။ ကာတာႏိုင္ငံမွာေတာ့

အာဂ်င္တီးနားလူမ်ိဳးေတြဟာ အျခားႏိုင္ငံပရိသတ္ပမာဏထက္

ေက်ာ္လြန္ေနၿပီး မက္ဆီရဲ႕ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲဆိုတဲ့

ဆြဲငင္အားက သူတို႔ကိုအပိုင္ခ်ဳပ္ထားသလိုျဖစ္ေနပါတယ္။