





ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ပြီးနောက် အာဂျင်တီးနားအသင်းဟာ
အမိမြေမှာအကြီးအကျယ်အော်ပွဲခံခဲ့ပေမဲ့ တောင်အမေရိကသားတွေရရှိခဲ့တဲ့





ကမ္ဘာ့ဖလား ၃ကြိမ်စလုံးက အပြစ်အနာအဆာတွေနဲ့လို့ မက္ကဆီကို
သတင်းထောက် အဲလ်ဗာရိုမိုရာလက်စ်က ဝေဖန်လိုက်ပါတယ်။
မက်ဆီကို ဝေဖန်ခဲ့သလို ဂန္တဝင်မာရာဒိုနာကိုပါပုတ်ခတ်ခဲ့ပြီး





အာဂျင်တီးနားရရှိခဲ့တဲ့ အောင်မြင်မှု ၃ကြိမ်စလုံးကို မိုရာလက်စ်က
နှိမ့်ချပြောဆိုလိုက်တာဖြစ်တယ်။ ESPN ရှိုးတစ်ခုဖြစ်တဲ့





‘Futbol Picante’ အစီအစဉ်မှာ မိုရာလက်စ်က “အာဂျင်တီးနားဆွတ်ခူးခဲ့တဲ့
ကမ္ဘာ့ဖလား ၃ကြိမ်လုံးကရှက်စရာဖြစ်သလို အရှုပ်တော်ပုံ
ဖက်ရှင်တွေချည်းပါပဲ။ ၁၉၇၈ ခုနှစ်တုန်းက အာဂျင်တီးနား





ဂိုးသမားက ပီရူးအတွက်ကစားခဲ့သလို အစိုးရကဝင်ရောက်
စွက်ဖက်တာတွေရှိခဲ့ပါတယ်။ ၁၉၈၆ မှာတော့ ဒီယေဂိုမာရာဒိုနာလို





မူးယစ်ဆေးဆွဲနေသူက လိမ်လည်လှည့်ဖျားပြီး လက်နဲ့ဂိုးသွင်းယူခဲ့ပါတယ်” လို့
ဆိုခဲ့ပါတယ်။ ကာတာကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားရဲ့
အောင်မြင်မှုကို တရားဝင်လို့မယူဆသလို မက်ဆီနဲ့ပတ်သတ်လို့





လက်ညှိုးထိုးပြခဲ့ပါတယ်။ “မက်ဆီဟာ ပထမဆုံးအဖြစ်တစ်ခုတည်းသော
ကမ္ဘာ့ဖလားကိုဆွတ်ခူးခဲ့တယ်၊ ဒါက သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘဝမှာ





ကျရှုံးမှုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဖလား ၃ကြိမ်ရထားတဲ့
ပီလီက သူ့ကိုရယ်မောနေတာကြောင့်ဖြစ်တယ်။ မရသင့်တဲ့ ပင်နယ်တီတွေကို
ခွင့်ပြုပေးခဲ့တဲ့ ဒိုင်လူကြီးမင်းတွေကို ဂုဏ်ပြုသလို အထူးသဖြင့်ဗိုလ်လုပွဲမှာပေါ့။





ပြီးတော့ VAR လား။ ဘောလုံးကန်နေစဉ်မှာ ကွင်းထဲပြေးဝင်လာတဲ့
အကူနာနဲ့ မာတီနက်ဇ်တို့အတွက် အနီကတ်တွေဘယ်မလဲ။





ကွင်းထဲကိုကျူးကျော်ဝင်ရောက်ဖို့ ခွင့်ပြုထားတဲ့ မက်ဆီရဲ့
သွင်းဂိုးကိုပယ်ဖျက်ဖို့ ဘာတွေလုပ်ခဲ့သလဲ။ သူတို့က မက်ဆီ
ချန်ပီယံဖြစ်တာကိုမြင်ချင်ကြတာလား” လို့ မက္ကဆီကို





သတင်းထောက်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။





zawgyi
အာဂ်င္တီးနားဆြတ္ခူးခဲ့တဲ့ ကမာၻ႔ဖလား ၃ႀကိမ္စလုံးက ေဆးသမားအပါအဝင္ အရႈပ္ေတာ္ပုံဖက္ရွင္ေတြနဲ႔ခ်ည္းျဖစ္တယ္လို႔ မကၠဆီကို သတင္းေထာက္ ေဝဖန္
ကာတာကမာၻ႔ဖလားမွာ ဗိုလ္စြဲခဲ့ၿပီးေနာက္ အာဂ်င္တီးနားအသင္းဟာ





အမိေျမမွာအႀကီးအက်ယ္ေအာ္ပြဲခံခဲ့ေပမဲ့ ေတာင္အေမရိကသားေတြရရွိခဲ့တဲ့
ကမာၻ႔ဖလား ၃ႀကိမ္စလုံးက အျပစ္အနာအဆာေတြနဲ႔လို႔ မကၠဆီကို





သတင္းေထာက္ အဲလ္ဗာ႐ိုမိုရာလက္စ္က ေဝဖန္လိုက္ပါတယ္။
မက္ဆီကို ေဝဖန္ခဲ့သလို ဂႏၲဝင္မာရာဒိုနာကိုပါပုတ္ခတ္ခဲ့ၿပီး
အာဂ်င္တီးနားရရွိခဲ့တဲ့ ေအာင္ျမင္မႈ ၃ႀကိမ္စလုံးကို မိုရာလက္စ္က





ႏွိမ့္ခ်ေျပာဆိုလိုက္တာျဖစ္တယ္။ ESPN ရႈိးတစ္ခုျဖစ္တဲ့
‘Futbol Picante’ အစီအစဥ္မွာ မိုရာလက္စ္က “အာဂ်င္တီးနားဆြတ္ခူးခဲ့တဲ့





ကမာၻ႔ဖလား ၃ႀကိမ္လုံးကရွက္စရာျဖစ္သလို အရႈပ္ေတာ္ပုံ
ဖက္ရွင္ေတြခ်ည္းပါပဲ။ ၁၉၇၈ ခုႏွစ္တုန္းက အာဂ်င္တီးနား
ဂိုးသမားက ပီ႐ူးအတြက္ကစားခဲ့သလို အစိုးရကဝင္ေရာက္





စြက္ဖက္တာေတြရွိခဲ့ပါတယ္။ ၁၉၈၆ မွာေတာ့ ဒီေယဂိုမာရာဒိုနာလို
မူးယစ္ေဆးဆြဲေနသူက လိမ္လည္လွည့္ဖ်ားၿပီး လက္နဲ႔ဂိုးသြင္းယူခဲ့ပါတယ္” လို႔





ဆိုခဲ့ပါတယ္။ ကာတာကမာၻ႔ဖလားမွာလည္း အာဂ်င္တီးနားရဲ႕
ေအာင္ျမင္မႈကို တရားဝင္လို႔မယူဆသလို မက္ဆီနဲ႔ပတ္သတ္လို႔
လက္ညႇိဳးထိုးျပခဲ့ပါတယ္။ “မက္ဆီဟာ ပထမဆုံးအျဖစ္တစ္ခုတည္းေသာ





ကမာၻ႔ဖလားကိုဆြတ္ခူးခဲ့တယ္၊ ဒါက သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ဘဝမွာ
က်ရႈံးမႈျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကမာၻ႔ဖလား ၃ႀကိမ္ရထားတဲ့





ပီလီက သူ႔ကိုရယ္ေမာေနတာေၾကာင့္ျဖစ္တယ္။ မရသင့္တဲ့ ပင္နယ္တီေတြကို
ခြင့္ျပဳေပးခဲ့တဲ့ ဒိုင္လူႀကီးမင္းေတြကို ဂုဏ္ျပဳသလို အထူးသျဖင့္ဗိုလ္လုပြဲမွာေပါ့။
ၿပီးေတာ့ VAR လား။ ေဘာလုံးကန္ေနစဥ္မွာ ကြင္းထဲေျပးဝင္လာတဲ့





အကူနာနဲ႔ မာတီနက္ဇ္တို႔အတြက္ အနီကတ္ေတြဘယ္မလဲ။
ကြင္းထဲကိုက်ဴးေက်ာ္ဝင္ေရာက္ဖို႔ ခြင့္ျပဳထားတဲ့ မက္ဆီရဲ႕





သြင္းဂိုးကိုပယ္ဖ်က္ဖို႔ ဘာေတြလုပ္ခဲ့သလဲ။ သူတို႔က မက္ဆီ
ခ်န္ပီယံျဖစ္တာကိုျမင္ခ်င္ၾကတာလား” လို႔ မကၠဆီကို
သတင္းေထာက္က ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။




