အာဂျင်တီးနားကို မှတ်ချက်ပေးခဲ့တဲ့ အီဘရာဟီမိုဗစ်ကို ကိုယ့်နိုင်ငံအတွက်ကိုယ်စိတ်ပူပါလို့ အဂူရို တုံ့ပြန်လိုက်

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက် အာဂျင်တီးနားကစားသမားတွေရဲ့

အောင်ပွဲခံပုံစံကိုဝေဖန်ခဲ့တဲ့ အေစီမီလန်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ကို

အဂူရိုက တုံ့ပြန်လှောင်ပြောင်လိုက်ပါတယ်။ စကာလိုနီရဲ့အသင်းဟာ

ပြင်သစ်ကိုပင်နယ်တီအဆူံးအဖြတ်နဲ့အနိုင်ယူခဲ့ပြီး သမိုင်းတစ်လျှောက်

တတိယအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်တယ်။

အီဘရာဟီမိုဗစ်ကတော့ အာဂျင်တီးနားအသင်း ကမ္ဘာ့ချန်ပီယံ

ဖြစ်ခဲ့တဲ့နောက် မက်ဆီကိုသာအကောင်းဆုံးအဖြစ်

သတ်မှတ်ခံရမှာသေချာတယ်လို့ ဆိုခဲ့ပါတယ်။ အေစီမီလန်

တိုက်စစ်မှူးက ဗိုလ်လုပွဲမှာဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ အမ်ဘာပီကို

ချီးကျူးပြောဆိုခဲ့ပေမဲ့ အာဂျင်တီးနားကစားသမားတွေဟာ

အမြင့်ဆုံးအောင်မြင်မှုလို့ယူဆလိုက်တာကြောင့် နောက်ထပ်

ရစရာမရှိတော့ဘူးလို့ ပြောဆိုခဲ့တာပါ။ “အမ်ဘာပီအတွက်

စိတ်မကောင်းဖြစ်ရပါတယ်။ ဗိုလ်လုပွဲမှာ ၄ဂိုး(ပင်နယ်တီ

အဆုံးအဖြတ်အပါအဝင်)သွင်းပြီး ကမ္ဘာ့ဖလားမရခဲ့တာ

ဝမ်းနည်းစရာပါ။ ဒါပေမဲ့ နောက်ထပ်ကမ္ဘာ့ဖလားတွေ

သူရဦးမှာဖြစ်သလို တစ်ကြိမ်ရထားပြီးဖြစ်လို့ အမ်ဘာပီကို

စိတ်မပူပါဘူး။ တခြား အာဂျင်တီးနားကစားသမားတွေကိုပဲ

စိတ်ပူတာပါ၊ ဘာလို့လဲဆိုတော့ သူတို့အခြားအရာတွေကို

အနိုင်ရတော့မှာမဟုတ်ပါဘူး။ မက်ဆီက အရာအားလုံးကို

အနိုင်ယူခဲ့ပြီး သူ့ကိုအမှတ်ရနေပါလိမ့်မယ်။ ဒါပေမဲ့ ကျန်တဲ့

အရာတွေမှာ ဆိုးဆိုးရွားရွားဆက်ဆံခဲ့တာတွေကိုတော့

ကျွန်တော်တို့မလေးစားနိုင်ပါဘူး။ ဒါက ကျွန်တော့်လိုပရော်ဖက်ရှင်

ဘောလုံးသမားတစ်ယောက်ဆီကနေလာတာပါ။

ကျွန်တော့်အတွက်တော့ သူတို့ကတစ်ကြိမ်ပဲအနိုင်ရမှာဖြစ်ပြီး

နောက်ထပ်အနိုင်မရတော့တဲ့လက္ခဏာပါပဲ” လို့ အီဘရာဟီမိုဗစ်က

ဆိုခဲ့ပါတယ်။ ဒါနဲ့ပက်သတ်လို့တော့ Twitch တိုက်ရိုက်ထုတ်လွှင့်မှုက

တစ်ဆင့် အဂူရိုက “ငါတို့အနိုင်မရတော့ဘူးလို့ပြောတာ တော်တော်

မိုက်မဲတယ်လို့ထင်တယ်။ အာဂျင်တီးနားအတွက်စိတ်ပူစရာ

မလိုဘူးထင်တယ်၊ ကိုယ့်နိုင်ငံအတွက် ကိုယ်စိတ်ပူလိုက်ပါ၊

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတောင် မပါဝင်နိုင်ခဲ့တဲ့ မင်းကစားသမားတွေ

အကြောင်းပါ” လို့ တုံ့ပြန်လိုက်ပါတယ်။

zawgyi

အာဂ်င္တီးနားကို မွတ္ခ်က္ေပးခဲ့တဲ့ အီဘရာဟီမိုဗစ္ကို ကိုယ့္ႏိုင္ငံအတြက္ကိုယ္စိတ္ပူပါလို႔ အဂူ႐ို တုံ႔ျပန္လိုက္

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ အာဂ်င္တီးနားကစားသမားေတြရဲ႕

ေအာင္ပြဲခံပုံစံကိုေဝဖန္ခဲ့တဲ့ ေအစီမီလန္တိုက္စစ္မႉးအီဘရာဟီမိုဗစ္ကို

အဂူ႐ိုက တုံ႔ျပန္ေလွာင္ေျပာင္လိုက္ပါတယ္။ စကာလိုနီရဲ႕အသင္းဟာ

ျပင္သစ္ကိုပင္နယ္တီအဆူံးအျဖတ္နဲ႔အႏိုင္ယူခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္

တတိယအႀကိမ္ေျမာက္ ကမာၻ႔ခ်န္ပီယံဆုကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္တယ္။

အီဘရာဟီမိုဗစ္ကေတာ့ အာဂ်င္တီးနားအသင္း ကမာၻ႔ခ်န္ပီယံ

ျဖစ္ခဲ့တဲ့ေနာက္ မက္ဆီကိုသာအေကာင္းဆုံးအျဖစ္

သတ္မွတ္ခံရမွာေသခ်ာတယ္လို႔ ဆိုခဲ့ပါတယ္။ ေအစီမီလန္

တိုက္စစ္မႉးက ဗိုလ္လုပြဲမွာဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ အမ္ဘာပီကို

ခ်ီးက်ဴးေျပာဆိုခဲ့ေပမဲ့ အာဂ်င္တီးနားကစားသမားေတြဟာ

အျမင့္ဆုံးေအာင္ျမင္မႈလို႔ယူဆလိုက္တာေၾကာင့္ ေနာက္ထပ္

ရစရာမရွိေတာ့ဘူးလို႔ ေျပာဆိုခဲ့တာပါ။ “အမ္ဘာပီအတြက္

စိတ္မေကာင္းျဖစ္ရပါတယ္။ ဗိုလ္လုပြဲမွာ ၄ဂိုး(ပင္နယ္တီ

အဆုံးအျဖတ္အပါအဝင္)သြင္းၿပီး ကမာၻ႔ဖလားမရခဲ့တာ

ဝမ္းနည္းစရာပါ။ ဒါေပမဲ့ ေနာက္ထပ္ကမာၻ႔ဖလားေတြ

သူရဦးမွာျဖစ္သလို တစ္ႀကိမ္ရထားၿပီးျဖစ္လို႔ အမ္ဘာပီကို

စိတ္မပူပါဘူး။ တျခား အာဂ်င္တီးနားကစားသမားေတြကိုပဲ

စိတ္ပူတာပါ၊ ဘာလို႔လဲဆိုေတာ့ သူတို႔အျခားအရာေတြကို

အႏိုင္ရေတာ့မွာမဟုတ္ပါဘူး။ မက္ဆီက အရာအားလုံးကို

အႏိုင္ယူခဲ့ၿပီး သူ႔ကိုအမွတ္ရေနပါလိမ့္မယ္။ ဒါေပမဲ့ က်န္တဲ့

အရာေတြမွာ ဆိုးဆိုး႐ြား႐ြားဆက္ဆံခဲ့တာေတြကိုေတာ့

ကြၽန္ေတာ္တို႔မေလးစားႏိုင္ပါဘူး။ ဒါက ကြၽန္ေတာ့္လိုပေရာ္ဖက္ရွင္

ေဘာလုံးသမားတစ္ေယာက္ဆီကေနလာတာပါ။

ကြၽန္ေတာ့္အတြက္ေတာ့ သူတို႔ကတစ္ႀကိမ္ပဲအႏိုင္ရမွာျဖစ္ၿပီး

ေနာက္ထပ္အႏိုင္မရေတာ့တဲ့လကၡဏာပါပဲ” လို႔ အီဘရာဟီမိုဗစ္က

ဆိုခဲ့ပါတယ္။ ဒါနဲ႔ပက္သတ္လို႔ေတာ့ Twitch တိုက္႐ိုက္ထုတ္လႊင့္မႈက

တစ္ဆင့္ အဂူ႐ိုက “ငါတို႔အႏိုင္မရေတာ့ဘူးလို႔ေျပာတာ ေတာ္ေတာ္

မိုက္မဲတယ္လို႔ထင္တယ္။ အာဂ်င္တီးနားအတြက္စိတ္ပူစရာ

မလိုဘူးထင္တယ္၊ ကိုယ့္ႏိုင္ငံအတြက္ ကိုယ္စိတ္ပူလိုက္ပါ၊

ၿပီးခဲ့တဲ့ ကမာၻ႔ဖလားမွာေတာင္ မပါဝင္ႏိုင္ခဲ့တဲ့ မင္းကစားသမားေတြ

အေၾကာင္းပါ” လို႔ တုံ႔ျပန္လိုက္ပါတယ္။