





ကနေဒါရက်ပ်ပါ Drake ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကို
အာဂျင်တီးနားအနိုင်ရလိမ့်မယ်လို့ထောက်ခံခဲ့တာဟာ မက်ဆီကို





သွယ်ဝိုက်ကျိန်စာတိုက်လိုက်တာဖြစ်တယ်လို့ ပရိသတ်တွေက
ယူဆနေကြပါတယ်။ မက်ဆီဟာ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ဆုဖလားရယူပြီး လက်ရွေးစင်ကစားသမားဘဝကိုနှုတ်ဆက်ဖို့





ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ Drake ဘက်က ပြောင်မြောက်လှတဲ့
ပွဲစဉ်အတွက် သူ့ရဲ့ရွေးချယ်မှုကိုထုတ်ဖော်ပြသခဲ့ပြီးနောက်





အချို့သောပရိသတ်တွေဟာ မက်ဆီကမ္ဘာ့ဖလားအရယူမယ်ဆိုတဲ့
ယုံကြည်ချက်ပျောက်ဆုံးသွားပုံရပါတယ်။ ကနေဒါရက်ပ်ပါဟာ
အားကစားပွဲစဉ်တွေနဲ့ပတ်သတ်လို့ သူအားပေးတဲ့အသင်းရှုံးတယ်လို့





နာမည်ဆိုးရှိနေသူဖြစ်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို
အနိုင်ပေးနေတာဖြစ်တယ်။ နာပိုလီဂျာကင်အင်္ကျီကိုဝတ်ဆင်ထားပြီး





အာဂျင်တီးနား-ပြင်သစ်ပွဲစဉ်ကိုခန့်မှန်းနေတဲ့ Drake ဗီဒီယိုဖိုင်တစ်ခု
အွန်လိုင်းမှာထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပရိသတ်အများစုက
ဆိုးရွားတဲ့ခန့်မှန်းချက်အဖြစ် တုံ့ပြန်လာကြတာဖြစ်တယ်။





“Drake ကအာဂျင်တီးနားဗိုလ်စွဲဖို့ထောက်ခံနေတာလား။
သေချာတယ် ပြင်သစ်နိုင်ပြီ” လို့ ပရိသတ်တစ်ယောက်က





တွစ်တာမှာရေးသားခဲ့သလို ဒုတိယတစ်ယောက်က
“Drake ကအာဂျင်တီးနားကိုကျိန်စာတိုက်ခဲ့တာလား” လို့
မှတ်ချက်ပေးခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့





“Drake ကတော့ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဗိုလ်စွဲမယ်လို့
အလောင်းအစားလုပ်လိုက်ပြီ…Drake ကျိန်စာက





အခြားသားကောင်ကို တောင်းဆိုတော့မယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
အခြားသောပရိသတ်တွေကတော့ “Drake က အာဂျင်တီးနားကို
ယူမယ်လို့ပြောလိုက်ပြီ၊ အာဂျင်တီးနားအတွက်တော့





ဆုတောင်းပေတော့” ၊ “Drake က အာဂျင်တီးနားကို
ထောက်ခံတယ်လို့ပြောနေတာလား။ ကောင်းပြီ…အဲ့ဒါက





သူတို့အတွက်ပဲ” လို့ အသီးသီးမှတ်ချက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ UFC 281 ပွဲစဉ်မှာတုန်းက Drake ဟာ နာမည်ကျော်ဖြစ်တဲ့
အဒီဆန်ယာဟာ ဘရာဇီးနိုင်ငံသား အဲလက်စ်ပါရီရာကို





အနိုင်ရမယ်ဆိုပြီး ပေါင် ၁.၂ သန်းလောင်းကြေးထပ်ခဲ့ပါတယ်။
အဒီဆန်ယာသာ နိုင်မယ်ဆိုရင် ပေါင် ၂ သန်းအလျော်ပြန်ရဖို့ရှိပေမဲ့





ပဉ္စမအချီအရောက်မှာတော့ ပါရီရာကအနိုင်ရသွားပြီး
အဒီဆန်ယာဟာ တုန်လှုပ်ခြောက်ခြားဖွယ်ရာအခြေအနေတစ်ရပ်နဲ့
မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကိုဆုံးရှုံးခဲ့ရပါတယ်။





zawgyi





အာဂ်င္တီးနားကိုေထာက္ခံေနတဲ့ Drake က မက္ဆီကို က်ိန္စာတိုက္ေနတာလို႔ ပရိသတ္ေတြ ယူဆေန
ကေနဒါရက္ပ္ပါ Drake ဟာကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္ကို
အာဂ်င္တီးနားအႏိုင္ရလိမ့္မယ္လို႔ေထာက္ခံခဲ့တာဟာ မက္ဆီကို





သြယ္ဝိုက္က်ိန္စာတိုက္လိုက္တာျဖစ္တယ္လို႔ ပရိသတ္ေတြက
ယူဆေနၾကပါတယ္။ မက္ဆီဟာ သူ႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲမွာ





ဆုဖလားရယူၿပီး လက္ေ႐ြးစင္ကစားသမားဘဝကိုႏႈတ္ဆက္ဖို႔
ျပင္ဆင္ထားပါတယ္။ ဒါေပမဲ့ Drake ဘက္က ေျပာင္ေျမာက္လွတဲ့
ပြဲစဥ္အတြက္ သူ႔ရဲ႕ေ႐ြးခ်ယ္မႈကိုထုတ္ေဖာ္ျပသခဲ့ၿပီးေနာက္





အခ်ိဳ႕ေသာပရိသတ္ေတြဟာ မက္ဆီကမာၻ႔ဖလားအရယူမယ္ဆိုတဲ့
ယုံၾကည္ခ်က္ေပ်ာက္ဆုံးသြားပုံရပါတယ္။ ကေနဒါရက္ပ္ပါဟာ





အားကစားပြဲစဥ္ေတြနဲ႔ပတ္သတ္လို႔ သူအားေပးတဲ့အသင္းရႈံးတယ္လို႔
နာမည္ဆိုးရွိေနသူျဖစ္ၿပီး ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားကို
အႏိုင္ေပးေနတာျဖစ္တယ္။ နာပိုလီဂ်ာကင္အက်ႌကိုဝတ္ဆင္ထားၿပီး





အာဂ်င္တီးနား-ျပင္သစ္ပြဲစဥ္ကိုခန႔္မွန္းေနတဲ့ Drake ဗီဒီယိုဖိုင္တစ္ခု
အြန္လိုင္းမွာထြက္ေပၚခဲ့ၿပီးတဲ့ေနာက္ ပရိသတ္အမ်ားစုက





ဆိုး႐ြားတဲ့ခန႔္မွန္းခ်က္အျဖစ္ တုံ႔ျပန္လာၾကတာျဖစ္တယ္။
“Drake ကအာဂ်င္တီးနားဗိုလ္စြဲဖို႔ေထာက္ခံေနတာလား။
ေသခ်ာတယ္ ျပင္သစ္ႏိုင္ၿပီ” လို႔ ပရိသတ္တစ္ေယာက္က





တြစ္တာမွာေရးသားခဲ့သလို ဒုတိယတစ္ေယာက္က
“Drake ကအာဂ်င္တီးနားကိုက်ိန္စာတိုက္ခဲ့တာလား” လို႔





မွတ္ခ်က္ေပးခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့
“Drake ကေတာ့ ကမာၻ႔ဖလားမွာ အာဂ်င္တီးနားဗိုလ္စြဲမယ္လို႔
အေလာင္းအစားလုပ္လိုက္ၿပီ…Drake က်ိန္စာက





အျခားသားေကာင္ကို ေတာင္းဆိုေတာ့မယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။
အျခားေသာပရိသတ္ေတြကေတာ့ “Drake က အာဂ်င္တီးနားကို





ယူမယ္လို႔ေျပာလိုက္ၿပီ၊ အာဂ်င္တီးနားအတြက္ေတာ့
ဆုေတာင္းေပေတာ့” ၊ “Drake က အာဂ်င္တီးနားကို
ေထာက္ခံတယ္လို႔ေျပာေနတာလား။ ေကာင္းၿပီ…အဲ့ဒါက





သူတို႔အတြက္ပဲ” လို႔ အသီးသီးမွတ္ခ်က္ေပးခဲ့ပါတယ္။
ၿပီးခဲ့တဲ့ UFC 281 ပြဲစဥ္မွာတုန္းက Drake ဟာ နာမည္ေက်ာ္ျဖစ္တဲ့





အဒီဆန္ယာဟာ ဘရာဇီးႏိုင္ငံသား အဲလက္စ္ပါရီရာကို
အႏိုင္ရမယ္ဆိုၿပီး ေပါင္ ၁.၂ သန္းေလာင္းေၾကးထပ္ခဲ့ပါတယ္။
အဒီဆန္ယာသာ ႏိုင္မယ္ဆိုရင္ ေပါင္ ၂ သန္းအေလ်ာ္ျပန္ရဖို႔ရွိေပမဲ့





ပၪၥမအခ်ီအေရာက္မွာေတာ့ ပါရီရာကအႏိုင္ရသြားၿပီး
အဒီဆန္ယာဟာ တုန္လႈပ္ေျခာက္ျခားဖြယ္ရာအေျခအေနတစ္ရပ္နဲ႔





မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္ကိုဆုံးရႈံးခဲ့ရပါတယ္။