အာကြီးလိုက်နေတဲ့ ယူရိုသန်း ၈၀ တန် မဟူရာကျောက်ရိုင်းဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်တယ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အနေနဲ့ယူရိုသန်း ၈၀တန် နာပိုလီတိုက်စစ်မှူးကိုအရခေါ်နိုင်ရင် ပိုကောင်းလာလိမ့်မယ်လို့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း

ဒရော့ဘာက ထောက်ခံခဲ့ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့နွေစျေးကွက်မှာ ဂျီဆပ်စ်၊ ဖေဘီယိုဗီအဲရာနဲ့ ဇင်ချန်ကိုတို့ကို ခေါ်ယူပြီးအကောင်းဆုံးတည်ဆောက်ထားနိုင်ပေမဲ့

တိုက်စစ်အတွက် ဗစ်တာအိုဆင်ဟမ်ကို ချိန်ရွယ်နေတာဖြစ်တယ်။ အာဆင်နယ်တိုက်စစ်အတွဲဖက်ဖြစ်တဲ့ ဂျီဆပ်စ်၊ မာတင်နယ်လီနဲ့ ဆာကာတို့ ၃ဦးဟာ ဒီရာသီမှာ အသင်းအတွက်

၁၃ဂိုးသွင်း၊ ၁၂ကြိမ်ဖန်တီးပြီး ဇယားထိပ်ရောက်အောင်ကူညီပေးထားနိုင်ပေမဲ့ လက်ရှိမှာဆာကာဒဏ်ရာကြုံနေသ လို ရေရှည်ဆက်သွားဖို့အတွက်

တိုက်စစ်မှူးတစ်ယောက်မဖြစ်မနေလိုအပ်ပါသေး တယ်။ ဂျာနယ်လစ်မာကိုဂျီယိုဒါနိုနဲ့တွေ့ဆုံမှုမှာ ဒရော့ဘာက “ကျွန်တော် သူ့ကိုအ ရမ်းသဘောကျတယ်။

ကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်သူပါ။ ပြီးတော့ သူ့မှာမင်းတို့ လိုချင်တဲ့ အရည်အသွေးတွေရှိတယ်။ ဒီနေရာမှာ သူ့ရဲ့အရှိန်အဟုန်က မေးခွန်းတစ် ခုလို့ထင်တယ်”

လို့ ဒရော့ဘာက ချီးကျူးခဲ့ပါတယ်။ အိုဆင်ဟမ်ဟာ ဒီရာသီ နာပိုလီ အတွက် စီးရီးအေ ၈ပွဲသာ ကစားခွင့်ရထားပေမဲ့ ၇ဂိုးအထိသွင်းပြီး ပုံစံကောင်းတစ်ခု ပြသထားပါတယ်။

အီတလီရုပ်သံငှာနတစ်ခုဖြစ်တဲ့ Canale 21 က အာဆင်နယ်အသင်းဟာ နိုင်ဂျီးရီးယားကြယ်ပွင့်ကိုခေါ်ယူဖို့အတွက် ယူရိုသန်း ၈၀နဲ့ ကမ်းလှမ်းခဲ့တယ်လို့

အတိအလင်းဖော်ပြထားပါတယ်။ နာပိုလီအသင်းဟာ နည်းပြ စပယ်လက်တီလက်အောက်မှာ အမြင့်ဆုံးစွမ်းဆောင်ထားပေမဲ့ ကစားသမားတွေရဲ့လစာပေးချေမှုနှုန်းထား

နည်းပါးတာကြောင့် အိုဆင်ဟမ်ကို လက်လွှတ်ရဖို့ရှိနေတယ်လို့ Canale 21 ဆိုခဲ့ပါတယ်။

(Zawgyi)

အာဆင္နယ္ရဲ႕ ယူ႐ိုသန္း ၈၀တန္ ပစ္မွတ္ကစားသမားဟာ ကမာၻ႔အေကာင္းဆုံးျဖစ္လာႏိုင္တယ္လို႔ ဒေရာ့ဘာ မွတ္ခ်က္ေပး

ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္အေနနဲ႔ယူ႐ိုသန္း ၈၀တန္ နာပိုလီတိုက္စစ္မႉးကိုအရေခၚႏိုင္ရင္ ပိုေကာင္းလာလိမ့္မယ္လို႔ ခ်ဲလ္ဆီးတိုက္စစ္မႉး ေဟာင္း ဒေရာ့ဘာက

ေထာက္ခံခဲ့ပါတယ္။ ဂန္းနားေတြဟာ ၿပီးခဲ့ေႏြေစ်းကြက္မွာ ဂ်ီဆပ္စ္၊ ေဖဘီယိုဗီအဲရာနဲ႔ ဇင္ခ်န္ကိုတို႔ကို ေခၚယူၿပီးအေကာင္းဆုံးတည္ေဆာက္ထားႏိုင္ေပမဲ့

တိုက္စစ္အတြက္ ဗစ္တာအိုဆင္ဟမ္ကို ခ်ိန္႐ြယ္ေနတာျဖစ္တယ္။ အာဆင္နယ္တိုက္စစ္အတြဲဖက္ျဖစ္တဲ့ ဂ်ီဆပ္စ္၊ မာတင္နယ္လီနဲ႔ ဆာကာတို႔ ၃ဦးဟာ ဒီရာသီမွာ အသင္းအတြက္ ၁၃ဂိုးသြင္း၊

၁၂ႀကိမ္ဖန္တီးၿပီး ဇယားထိပ္ေရာက္ေအာင္ကူညီေပးထားႏိုင္ေပမဲ့ လက္ရွိမွာဆာကာဒဏ္ရာႀကဳံေနသ လို ေရရွည္ဆက္သြားဖို႔အတြက္ တိုက္စစ္မႉးတစ္ေယာက္မျဖစ္မေနလိုအပ္ပါေသးတယ္။

ဂ်ာနယ္လစ္မာကိုဂ်ီယိုဒါႏိုနဲ႔ေတြ႕ဆုံမႈမွာ ဒေရာ့ဘာက “ကြၽန္ေတာ္ သူ႔ကိုအ ရမ္းသေဘာက်တယ္။ ကမာၻ႔အေကာင္းဆုံးျဖစ္လာႏိုင္သူပါ။ ၿပီးေတာ့ သူ႔မွာမင္းတို႔

လိုခ်င္တဲ့ အရည္အေသြးေတြရွိတယ္။ ဒီေနရာမွာ သူ႔ရဲ႕အရွိန္အဟုန္က ေမးခြန္းတစ္ ခုလို႔ထင္တယ္” လို႔ ဒေရာ့ဘာက ခ်ီးက်ဴးခဲ့ပါတယ္။ အိုဆင္ဟမ္ဟာ ဒီရာသီ နာပိုလီ အတြက္ စီးရီးေအ

၈ပြဲသာ ကစားခြင့္ရထားေပမဲ့ ၇ဂိုးအထိသြင္းၿပီး ပုံစံေကာင္းတစ္ခု ျပသထားပါတယ္။ အီတလီ႐ုပ္သံငွာနတစ္ခုျဖစ္တဲ့ Canale 21 က အာဆင္နယ္အသင္းဟာ ႏိုင္ဂ်ီးရီးယားၾကယ္ပြင့္ကိုေခၚယူဖို႔

အတြက္ ယူ႐ိုသန္း ၈၀နဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ အတိအလင္းေဖာ္ျပထားပါတယ္။ နာပိုလီအသင္းဟာ နည္းျပစပယ္လက္တီလက္ေအာက္မွာ

အျမင့္ဆုံးစြမ္းေဆာင္ထားေပမဲ့ ကစားသမားေတြရဲ႕လစာေပးေခ်မႈႏႈန္းထားနည္းပါးတာေၾကာင့္ အိုဆင္ဟမ္ကို လက္လႊတ္ရဖို႔ရွိေနတယ္လို႔ Canale 21 ဆိုခဲ့ပါတယ္။