အာကြီးနဲ့ စာချုပ်ဖျက်ပြီး ဘာကာကို အလွတ်ရောက်တဲ့ အူဘာမီယန်း

အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကစားသမားက အာဆင်နယ်နဲ့

စာချုပ်ဖျက်လိုက်ပြီးနောက် ဘာစီလိုနာဟာ တိုက်စစ်မှုးအူဘာမီယန်ကို

အလွတ်ပြောင်းရွေ့ကြေးနဲ့ official ခေါ်ယူနိုင်ခဲ့ပါတယ်။

အဲဒီအာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဟာ ဘာစီလိုနာနဲ့ ၁၈ လစာချုပ်

ချုပ်ဆိုခဲ့ပါတယ်။ အူဘာမီယန်ဟာ တနင်္လာနေ့ကတည်းက ဘာစီလိုနာမြို့ကို

ရောက်ရှိနေတာ ဖြစ်ပေမယ့် မူလက သူ့အတွက် နှစ်သင်းကြား သဘောတူညီမှုမရခဲ့ပါဘူး။

သူ့မိသားစုက အဲဒီဒေသမှာ အခြေစိုက်ပေမယ့် သူရောက်လာမှုကြောင့်

သက်ဆိုင်သူအားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ အူဘာမီယန်ဟာ

ဘာစီလိုနာနဲ့ ဆေးစစ်မှုလုပ်နိုင်ခဲ့တာပါ။ ဘာစီလိုနာအပြောင်းအရွှေ့ကြောင့်လည်း

အူဘာမီယန်ရဲ့ ၄ နှစ်ကြာ အာဆင်နယ်ကစားသမားဘဝဟာ အဆုံးသတ်သွားခဲ့ပါတယ်။

သူဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၁၈ လကျန်ရှိနေသေးပေမယ့် နည်းပြ အာတီတာရဲ့

အစီအစဉ်ထဲမှာ မရှိတော့တာကြောင့် လန်ဒန်ကလပ်က အခုလိုစာချုပ်ဖျက်ပြီး

အလွတ်ပြောင်းခွင့်ပြုခဲ့တာပါ။ အူဘာမီယန်ကို အသင်းက ထွက်ခွာနိုင်အောင်

လုပ်ပေးနိုင်ခဲ့လို့လည်း အာဆင်နယ်ဟာ လုပ်ခလစာအနေနဲ့ ပေါင် ၂၅ သန်းကာမိသွားပါတယ်။

၃၂ နှစ်အရွယ် အဲဒီဂါဘွန်သားဟာ ထိပ်တန်းတိုက်စစ်မှုးတစ်ယောက်အနေနဲ့

သတ်မှတ်ခံထားရဆဲဖြစ်လို့ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ကစားသမားကို

စိတ်ဝင်စားခဲ့တာပါ။

အူဘာမီယန်ဟာ အာဆင်နယ်ကစားသမားဘ၀ ၁၆၃ ပွဲမှာ ၉၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး

၂၀၁၉ က ပရီးမီးယားလိဂ်ရွှေ့ဖိနပ်ဆုကို ပူးတွဲရရှိခဲ့ကာ နောက်နှစ်မှာလည်း

ပရီးမီးယားလိဂ်ဂိုးအများသွင်းသူစာရင်းမှာ ဒုတိယချိတ်ခဲ့ပါတယ်။
အစားမယ့်သူမရှိဘဲနဲ့ အူဘာမီယန်ကို လက်လွှတ်ခဲ့တာဟာ အာတီတာနဲ့

အာဆင်နယ်တို့အတွက် ကြီးမားတဲ့စွန့်စားမှုတစ်ခုဖြစ်ပါတယ်။

Zawgyi

အာႀကီးနဲ့ စာခ်ဳပ္ဖ်က္ၿပီး ဘာကာကို အလြတ္ေရာက္တဲ့ အူဘာမီယန္း

အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ကစားသမားက အာဆင္နယ္နဲ႔

စာခ်ဳပ္ဖ်က္လိုက္ၿပီးေနာက္ ဘာစီလိုနာဟာ တိုက္စစ္မႈးအူဘာမီယန္ကို

အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ official ေခၚယူႏိုင္ခဲ့ပါတယ္။

အဲဒီအာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းဟာ ဘာစီလိုနာနဲ႔ ၁၈ လစာခ်ဳပ္

ခ်ဳပ္ဆိုခဲ့ပါတယ္။ အူဘာမီယန္ဟာ တနလၤာေန႔ကတည္းက ဘာစီလိုနာၿမိဳ႕ကို

ေရာက္ရွိေနတာ ျဖစ္ေပမယ့္ မူလက သူ႔အတြက္ ႏွစ္သင္းၾကား သေဘာတူညီမႈမရခဲ့ပါဘူး။

 

သူ႔မိသားစုက အဲဒီေဒသမွာ အေျခစိုက္ေပမယ့္ သူေရာက္လာမႈေၾကာင့္

သက္ဆိုင္သူအားလုံး အံ့အားသင့္ခဲ့ရပါတယ္။ ဒါေပမဲ့ အဲဒီေန႔မွာပဲ အူဘာမီယန္ဟာ

ဘာစီလိုနာနဲ႔ ေဆးစစ္မႈလုပ္ႏိုင္ခဲ့တာပါ။ ဘာစီလိုနာအေျပာင္းအေ႐ႊ႕ေၾကာင့္လည္း

အူဘာမီယန္ရဲ႕ ၄ ႏွစ္ၾကာ အာဆင္နယ္ကစားသမားဘဝဟာ အဆုံးသတ္သြားခဲ့ပါတယ္။

သူဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း ၁၈ လက်န္ရွိေနေသးေပမယ့္ နည္းျပ အာတီတာရဲ႕

အစီအစဥ္ထဲမွာ မရွိေတာ့တာေၾကာင့္ လန္ဒန္ကလပ္က အခုလိုစာခ်ဳပ္ဖ်က္ၿပီး

အလြတ္ေျပာင္းခြင့္ျပဳခဲ့တာပါ။ အူဘာမီယန္ကို အသင္းက ထြက္ခြာႏိုင္ေအာင္

လုပ္ေပးႏိုင္ခဲ့လို႔လည္း အာဆင္နယ္ဟာ လုပ္ခလစာအေနနဲ႔ ေပါင္ ၂၅ သန္းကာမိသြားပါတယ္။

၃၂ ႏွစ္အ႐ြယ္ အဲဒီဂါဘြန္သားဟာ ထိပ္တန္းတိုက္စစ္မႈးတစ္ေယာက္အေနနဲ႔

သတ္မွတ္ခံထားရဆဲျဖစ္လို႔ ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ကစားသမားကို

စိတ္ဝင္စားခဲ့တာပါ။

 

အူဘာမီယန္ဟာ အာဆင္နယ္ကစားသမားဘ၀ ၁၆၃ ပြဲမွာ ၉၂ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး

၂၀၁၉ က ပရီးမီးယားလိဂ္ေ႐ႊ႕ဖိနပ္ဆုကို ပူးတြဲရရွိခဲ့ကာ ေနာက္ႏွစ္မွာလည္း

ပရီးမီးယားလိဂ္ဂိုးအမ်ားသြင္းသူစာရင္းမွာ ဒုတိယခ်ိတ္ခဲ့ပါတယ္။
အစားမယ့္သူမရွိဘဲနဲ႔ အူဘာမီယန္ကို လက္လႊတ္ခဲ့တာဟာ အာတီတာနဲ႔

အာဆင္နယ္တို႔အတြက္ ႀကီးမားတဲ့စြန႔္စားမႈတစ္ခုျဖစ္ပါတယ္။