အာကြီးနဲ့ပွဲမတိုင်ခင် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ကိုင်ထားတဲ့ ယူနိုက်တက်နည်းပြ တန်ဟက်

ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်ကို ရင်ဆိုင်ရတော့မယ့် ပွဲစဉ်မတိုင်ခင်မှာ

မန်ယူနည်းပြအဲရစ်တန်ဟက် ပြောလိုက်တဲ့ စကားတွေကတော့ ဒွိဟဖြစ်စရာကောင်းနေပါတယ်။

အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကို ခက်ခဲတဲ့ပြိုင်ဘက်အဖြစ် မြင်ပေမယ့်

မန်ယူကလည်း အာဆင်နယ်ကို အခက်တွေ့အောင် လုပ်နိုင်တဲ့အသင်းမျိုးဖြစ်တယ်လို့

မီးစတစ်ဖက်ရေမှုတ်တစ်ဖက် စကားမျိုးပြောသွားခဲ့တာဖြစ်ပါတယ်။

‘’အာဆင်နယ်ကို ခက်ခဲတဲ့ ပြိုင်ဘက်အသင်းတစ်သင်းအဖြစ် ကျွန်တော် မြင်ထားပြီးသားပါ။

သူတို့ဟာ ဒီရာသီမှာ အစကောင်းခဲ့ပြီး ကစားသမားတွေအကြာကြီး လက်တွဲကစားခဲ့ကြတဲ့အသင်းတစ်သင်းအဖြစ် မြင်တွေ့နိုင်သလို

အသင်းဆီ ဘောလုံးသဘောတရားဒဿနတွေကို ယူဆောင်လာပေးနေတဲ့

နည်းပြတစ်ယောက်ရှိတဲ့ အသင်းတစ်သင်းအဖြစ်လည်း မြင်နိုင်ပါတယ်။

ဒါကြောင့် ဒီပွဲက ကျွန်တော်တို့အတွက် စမ်းသပ်မှုကောင်း တစ်ခုဖြစ်ပါတယ်”လို့ တန်ဟက်က ပြောဆိုသွားခဲ့တာပါ။

ဒါပေမဲ့ လီဗာပူး၊ ဆောက်သမ်တန်နဲ့ လက်စတာတို့ကို ဆက်တိုက်အနိုင်ယူခဲ့တဲ့ မန်ယူကလည်း အားသာချက်တွေအများကြီး ရှိနေပြီး

အာဆင်နယ်ကို အခက်တွေ့စေမှာဖြစ်တယ် လို့ ပြောခဲ့ပါတယ်။

‘’တချို့ကောင်းနိုးရာရာလေးတွေ ကျွန်တော် မြင်ခဲ့ပြီးပါပြီ။

အသေးစိတ်ဆိုတာထက်ကို ပိုပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံက ဖြစ်လာနေပါပြီ။

ကျွန်တော်တို့ တည်ဆောက်နေတာမျိုးဖြစ်ပြီး ကြည့်ရတာတော့ အဆင်ပြေပါတယ်’’ လို့

တန်ဟက်က ပြောဆိုခဲ့တာကို The Sun က ရေးသားဖော်ပြခဲ့ပါတယ်။

နောက်ပြီး ခံစစ်ကောင်းလာနေတဲ့ သူတို့အသင်းမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေရှိနေပြီဖြစ်လို့

ပြိုင်ဘက်ဟာ အခွင့်အရေးဖန်တီးနိုင် မှု အားနည်းမှာဖြစ်တယ်လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။

‘’ခြုံပြောရရင် တစ်သင်းလုံးက ခံစစ်ကို ဝင်ကူပြီး ကစားပေးနေပါတယ်။

ဒါဟာ နောက်ခံလူတွေအတွက် လွယ်ကူအားသာစေတာမျိုးပါ။

သူတို့ ကောင်းကောင်း လုပ်ဆောင်နိုင်တာက ပူးပေါင်းဆောင်ရွက်မှုလို့ ကျွန်တော်ထင်တယ်။

အဲဒါကို သူတို့ အတူတကွ လုပ်တာပါ။ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပြီး စွမ်းဆောင်ရည်ကောင်းကြတယ်။

အဲဒီအချက်က ပြိုင်ဘက်ကို အခွင့်အရေး ဖန်တီးနိုင်မှုမှာ အခက်ကြုံစေတာပါ။

ဒီအချက်ကို ကျွန်တော်တို့ ကွင်းထဲမှာ မြင်နေရတာပဲ ဖြစ်ပါတယ်’’ လို့ တန်ဟက်က

မန်ယူရဲ့ ကောင်းကွက်တွေကို လည်း ချီးမွမ်းပြီး အာဆင်နယ်ကို အခက်ကြုံအောင်လုပ်နိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။

ဒါကြောင့် တန်ဟက်ရဲ့ ပြောပုံဆိုပုံတွေက အာဆင်နယ် ကောင်းကြောင်းတွေပါသလို အခက်တွေ့အောင်လည်း

လုပ်နိုင်တယ်လို့ဆို လေပြန်တော့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် ဖြစ်နေပြီလားလို့ ဆိုရမလို ဖြစ်နေပါပြီ။

zawgyi

အာႀကီးနဲ႔ပြဲမတိုင္ခင္ မီးစတစ္ဖက္ ေရမႈတ္တစ္ဖက္ကိုင္ထားတဲ့ ယူႏိုက္တက္နည္းျပ တန္ဟက္

ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ေနတဲ့ အာဆင္နယ္ကို ရင္ဆိုင္ရေတာ့မယ့္ ပြဲစဥ္မတိုင္ခင္မွာ

မန္ယူနည္းျပအဲရစ္တန္ဟက္ ေျပာလိုက္တဲ့ စကားေတြကေတာ့ ဒြိဟျဖစ္စရာေကာင္းေနပါတယ္။

အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အာဆင္နယ္ကို ခက္ခဲတဲ့ၿပိဳင္ဘက္အျဖစ္ ျမင္ေပမယ့္

မန္ယူကလည္း အာဆင္နယ္ကို အခက္ေတြ႕ေအာင္ လုပ္ႏိုင္တဲ့အသင္းမ်ိဳးျဖစ္တယ္လို႔

မီးစတစ္ဖက္ေရမႈတ္တစ္ဖက္ စကားမ်ိဳးေျပာသြားခဲ့တာျဖစ္ပါတယ္။

‘’အာဆင္နယ္ကို ခက္ခဲတဲ့ ၿပိဳင္ဘက္အသင္းတစ္သင္းအျဖစ္ ကြၽန္ေတာ္ ျမင္ထားၿပီးသားပါ။

သူတို႔ဟာ ဒီရာသီမွာ အစေကာင္းခဲ့ၿပီး ကစားသမားေတြအၾကာႀကီး လက္တြဲကစားခဲ့ၾကတဲ့အသင္းတစ္သင္းအျဖစ္ ျမင္ေတြ႕ႏိုင္သလို

အသင္းဆီ ေဘာလုံးသေဘာတရားဒႆနေတြကို ယူေဆာင္လာေပးေနတဲ့

နည္းျပတစ္ေယာက္ရွိတဲ့ အသင္းတစ္သင္းအျဖစ္လည္း ျမင္ႏိုင္ပါတယ္။

ဒါေၾကာင့္ ဒီပြဲက ကြၽန္ေတာ္တို႔အတြက္ စမ္းသပ္မႈေကာင္း တစ္ခုျဖစ္ပါတယ္”လို႔ တန္ဟက္က ေျပာဆိုသြားခဲ့တာပါ။

ဒါေပမဲ့ လီဗာပူး၊ ေဆာက္သမ္တန္နဲ႔ လက္စတာတို႔ကို ဆက္တိုက္အႏိုင္ယူခဲ့တဲ့ မန္ယူကလည္း အားသာခ်က္ေတြအမ်ားႀကီး ရွိေနၿပီး

အာဆင္နယ္ကို အခက္ေတြ႕ေစမွာျဖစ္တယ္ လို႔ ေျပာခဲ့ပါတယ္။

‘’တခ်ိဳ႕ေကာင္းႏိုးရာရာေလးေတြ ကြၽန္ေတာ္ ျမင္ခဲ့ၿပီးပါၿပီ။

အေသးစိတ္ဆိုတာထက္ကို ပိုပါတယ္။ ဖြဲ႕စည္းတည္ေဆာက္ပုံက ျဖစ္လာေနပါၿပီ။

ကြၽန္ေတာ္တို႔ တည္ေဆာက္ေနတာမ်ိဳးျဖစ္ၿပီး ၾကည့္ရတာေတာ့ အဆင္ေျပပါတယ္’’ လို႔

တန္ဟက္က ေျပာဆိုခဲ့တာကို The Sun က ေရးသားေဖာ္ျပခဲ့ပါတယ္။

ေနာက္ၿပီး ခံစစ္ေကာင္းလာေနတဲ့ သူတို႔အသင္းမွာ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ေတြရွိေနၿပီျဖစ္လို႔

ၿပိဳင္ဘက္ဟာ အခြင့္အေရးဖန္တီးႏိုင္ မႈ အားနည္းမွာျဖစ္တယ္လို႔ တန္ဟက္က ေျပာဆိုခဲ့ပါတယ္။

‘’ၿခဳံေျပာရရင္ တစ္သင္းလုံးက ခံစစ္ကို ဝင္ကူၿပီး ကစားေပးေနပါတယ္။

ဒါဟာ ေနာက္ခံလူေတြအတြက္ လြယ္ကူအားသာေစတာမ်ိဳးပါ။

သူတို႔ ေကာင္းေကာင္း လုပ္ေဆာင္ႏိုင္တာက ပူးေပါင္းေဆာင္႐ြက္မႈလို႔ ကြၽန္ေတာ္ထင္တယ္။

အဲဒါကို သူတို႔ အတူတကြ လုပ္တာပါ။ တစ္ေယာက္ကိုတစ္ေယာက္ ကူညီေဖးမၿပီး စြမ္းေဆာင္ရည္ေကာင္းၾကတယ္။

အဲဒီအခ်က္က ၿပိဳင္ဘက္ကို အခြင့္အေရး ဖန္တီးႏိုင္မႈမွာ အခက္ႀကဳံေစတာပါ။

ဒီအခ်က္ကို ကြၽန္ေတာ္တို႔ ကြင္းထဲမွာ ျမင္ေနရတာပဲ ျဖစ္ပါတယ္’’ လို႔ တန္ဟက္က

မန္ယူရဲ႕ ေကာင္းကြက္ေတြကို လည္း ခ်ီးမြမ္းၿပီး အာဆင္နယ္ကို အခက္ႀကဳံေအာင္လုပ္ႏိုင္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။

ဒါေၾကာင့္ တန္ဟက္ရဲ႕ ေျပာပုံဆိုပုံေတြက အာဆင္နယ္ ေကာင္းေၾကာင္းေတြပါသလို အခက္ေတြ႕ေအာင္လည္း

လုပ္ႏိုင္တယ္လို႔ဆို ေလျပန္ေတာ့ မီးစတစ္ဖက္ေရမႈတ္တစ္ဖက္ ျဖစ္ေနၿပီလားလို႔ ဆိုရမလို ျဖစ္ေနပါၿပီ။