
ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ
ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံလူ
အာကန်ဂျီကို အလွတ်နဲ့ ခေါ်ဖို့ အတွက်
တရားဝင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ယမန်နေ့က ရိန်းဂျားစ်က ဒေါ့မွန်ကို တစ်ဖက် ၂ ဂိုးစီနဲ့ သရေ ကစားခဲ့ပြီး၊
ရိန်းဂျားစ် က ဒေ့ါမွန်ကို နှစ်ကျော့ပေါင်းရလဒ် ၆-၄ ဂိုးနဲ့
ယူရိုပါလိဂ်ပြိုင်ပွဲကနေ ခပ်စောစော ဖြုတ်ချနိုင်ခဲ့ပြီး
နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒေါ့မွန်ဟာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ အာကန်ဂျီကို
မဆုံးရှုံးရအောင် ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ
အာကန်ဂျီကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ပေမယ့်
အာကန်ဂျီက စာချုပ်သစ်မှာ တစ်နှစ် လုပ်ခလစာ ယူရို ၁၅သန်း အထိ
လိုချင်နေတာကြောင့် နှစ်ဦးနှစ်ဖက် ကြားမှာ သဘောတူညီမှု မရပဲ
စာချုပ်သစ် ဆွေးနွေးမှုတွေက ရပ်ဆိုင်းသွားခဲ့တာပါ။
သတင်းတချို့ကတော့ ယူနိုက်တက်ဟာ အာကန်ဂျီကို
အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း အတည်ပြုပေးခဲ့ပြီး
ယူနိုက်တက်ဟာ အာကန်ဂျီကို ၄နှစ် သက်တမ်း ရှိတဲ့
စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
zawgyi
အာကန်ဂျီကို အလွတ်နဲ့ ခေါ်ဖို့ အတွက်တရားဝင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်
ရိန်းဂျားစ် က ဒေါ့မွန်ကို နှစ်ကျော့ပေါင်းရလဒ် ၆-၄ ဂိုးနဲ့